COVID-19 ဆိုတာနဲ့ လူသားတွေအကြားက ကူးစက်ရောဂါကပ်ဘေးတစ်ခုလို့ ပြေးမြင်မိကြမယ်ထင်ပါတယ်။ ကမ္ဘာအနှံ့မှာ ပျံ့နှံ့ကူးစက်နေပြီးတော့ ကာကွယ်ဆေးတွေစတင်ပေါ်ထွက်လာနေပြီဖြစ်ပေမယ့် ကုသဆေးတော့ မထုတ်လုပ်နိုင်သေးလို့ အားနဲ့အင်နဲ့ သောင်းကျန်နေဆဲ ရောဂါတစ်မျိုးပေါ့။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
လူပေါင်း ၇၃ သန်းကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁.၆ သန်းအထိ ရှိထားတာမို့ လူသားတွေကို ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါဘေးဆိုးတစ်ခုအဖြစ်သာ ရှုမြင်ထားကြတာ မထူးဆန်းပါဘူး။
ဒါပေမယ့် ခုချိန်မှာတော့ ဒီရောဂါအကြောင်းကို လေ့လာမှုတွေပြုလုပ်နေတဲ့ သုတေသနပညာရှင်တွေက ထူးခြားတဲ့ တွေ့ရှိမှုတစ်ခုကို ထုတ်ဖော်လာနိုင်ခဲ့ပါတယ်။ ဒါကတော့ SARS-CoV-2 လို့ တရားဝင်အမည်ပေးထားတဲ့ COVID-19 ရောဂါရဲ့ ရောဂါပိုးဟာ လူသားတွေကိုသာမက တခြားသော တိရိစ္ဆာန်တွေကိုပါ ကပ်ငြိကူးစက်နိုင်တယ်လို့ ဆိုလာခဲ့ပြီး အဆိုပါ တိရစ္ဆာန်အမျိုးအစားတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တာပါပဲ။
တကယ်တမ်းအားဖြင့် COVID-19 ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်စာဈေးကနေ စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ အဆိုပါဈေးမှာရောင်းချတဲ့ လင်းနို့သားကနေတဆင့် လူတွေဆီကို ကူးစက်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် COVID ဟာ တိရိစ္ဆာန်တွေကို ကူးစက်နိုင်ခြေရှိတယ်ဆိုတာကို အကြမ်းဖျဉ်းအားဖြင့် လူသားတွေက သိနားလည်ထားခဲ့ပြီးသားပါ။ ခြုံငုံပြောရရင် တိရိစ္ဆာန်ကနေ စတင်တဲ့ ရောဂါတစ်မျိုးမဟုတ်လား။ တိရိစ္ဆာန်တွေကနေစတင်တာဖြစ်ပေမယ့် တိရိစ္ဆာန်တွေမှာ ရောဂါဖြစ်ပွားနိုင်ခြင်းရှိမရှိကိုတော့ သေသေချာချာမသိရှိခဲ့ရပါဘူး။
ခုနောက်ဆုံး သုတေသနရလဒ်အရဆိုရင်တော့ COVID-19 ကူးစက်ခံရနိုင်ခြေမြင့်မားတဲ့ သက်ရှိမျိုးစိတ် ၁၀ ခုကို ထုတ်ဖော်လာခဲ့တာပါ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့အခြေစိုက် Center for Genomic Regulation ကပြုလုပ်တဲ့ သုတေသန တစ်ရပ်မှာတော့ ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်တွေထဲမှာ COVID-19 ကူးစက်ခံရနိုင်ခြေမြင့်မားတဲ့ မျိုးစိတ် ၁၀ မျိုးရှိကြောင်း ဖော်ပြခဲ့ပါတယ်။
စပိန်သုတေသီတွေ ဖော်ထုတ်ခဲ့တဲ့ အဆိုပါ သက်ရှိမျိုးစိတ်တွေကတော့
ဒီမျိုးစိတ် ၁၀ ခုထဲမှာမှ လူသား၊ မြွေပါကတိုးဖြူ (Ferret)၊ ကြောင်၊ ကြောင်ကတိုး (Civet) နဲ့ ခွေးတို့ဟာ ရောဂါကူးစက်ခံရနိုင်ခြေမြင့်မားပြီးတော့ ဘဲ၊ ကြွက် (Rat)၊ အိမ်ကြွက် (Mouse)၊ ဝက်နဲ့ ကြက်တို့ကတော့ ကူးစက်ခံရနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။
ယခုသုတေသနဟာ COVID-19 ရောဂါတွယ်ငြိနိုင်တဲ့ သက်ရှိတွေဆီက ပရိုတိန်းမော်လီကျူးတွေကို အခြေပြုပြီး ကွန်ပျူတာနည်းပညာနဲ့ သုတေသနပြုလုပ်ထားတာဖြစ်ပြီး လူသားတွေမှာ ပိုမိုဖြစ်ပေါ်ရတဲ့အကြောင်းအရင်းက လူသားတွေမှာ အဆိုပါ ACE2 receptor ပိုမိုများပြားစွာရှိနေတာကြောင့်လို့လည်း ဆိုထားပါတယ်။
လေ့လာသူတွေကတော့ ဒီရောဂါဆိုးကြီးရဲ့ သက်ရှိတွေအပေါ် ကူးစက်နိုင်ခြေကို လေ့လာနိုင်ခဲ့တာက ရောဂါထိမ်းချုပ်ရေး၊ ဆေးဝါးတီထွင်ဖန်တီးရေးနဲ့ ဓာတ်ခွဲခန်းသုတေသနလုပ်ငန်းတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဆိုထားကြပါတယ်။
ခုဆိုရင် ကြောင်၊ ခွေးတို့လို အိမ်မွေးတိရိစ္ဆာန်တွေ၊ ကြက်၊ ဘဲ၊ ဝက်တို့လို အစားအစာအုပ်စုဝင် တိရိစ္ဆာန်တွေနဲ့ ကြွက်တွေလို နေအိမ်တွေမှာ ရောဂါပိုးကူးစက်နိုင်တာကို သိလာရပြီဖြစ်တာမို့ ရောဂါထိမ်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ထည့်သွင်းစဉ်းစားဖို့ နည်းလမ်းတွေ ရှာဖွေရတော့မှာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြသွားခဲ့ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။