backup og meta

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဘာတွေ ဂရုစိုက်ဖို့ လိုဦးမလဲ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဘာတွေ ဂရုစိုက်ဖို့ လိုဦးမလဲ......

    ကိုဗစ် ကာကွယ်ဆေး ယူကေမှာ စမ်းသပ်ထိုးနှံပေးနေပါပြီ။ ဒီလို ကာကွယ်ဆေးထိုးနှံတဲ့အခါ အများသူငါ ယူဆနေတဲ့ အတွေးလေး တစ်ရပ် ရှိနိုင်ပါတယ်။ ဒါကတော့ ကာကွယ်ဆေးထိုးထားတယ်။ ကိုဗစ် မကူးတော့ဘူးပေါ့။

    သွားချင်သလို သွား၊ လာချင်သလို လာလို့ ရပြီလို့ပေါ့။ တကယ်ရော ဒီလိုလား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ

    ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာ အလုပ်ဖြစ်ရဲ့လားဆိုတာကို စောင့်ကြည့်ရမယ့် ကာလ ရှိပါတယ်။ ဒီကာလက ၃ ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။

    ဒီကာလအတွင်းမှာ ကိုဗစ် ကူးစက်ခံရနိုင်ခြေ ရှိတယ်လို့ပဲ မှတ်ယူရမှာပါ။ နောက်တစ်ချက်က ထိုးလိုက်တဲ့ ကာကွယ်ဆေးက ကိုယ်ထဲမှာ ရောဂါပိုးကို တိုက်ထုတ်နိုင်မယ့် antibody ထွက်မလားဆိုတာကိုလည်း သေချာ မသိနိုင်သေးဘူး။ ဒီတော့ ဒီကာလမှာ တတ်နိုင်သမျှ နေအိမ်မှာ နေထိုင်တာ အကောင်းဆုံးပါ။

    သတိထားရမယ့် နောက်တစ်ခုက ကာကွယ်ဆေး ထိုးပြီးတိုင်း ကိုဗစ်ဗိုင်းရပ်စ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီလို့ ယူဆလို့ မရပါဘူး။ တုပ်ကွေး ကာကွယ်ဆေး ထိုးထားပေမယ့် တုပ်ကွေး ခံစားခဲ့ရတဲ့ နှစ်တွေကို ကိုယ်တိုင်လည်း ကြုံဖူးမယ် ထင်ပါတယ်။

    ဒီလိုပါပဲ ကိုဗစ် ကာကွယ်ဆေးထိုးထားပေမယ့် ကိုဗစ်ကို အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုရင် အခုလက်ရှိမှာ လုပ်ဆောင်နေတဲ့ ကိုဗစ် ကာကွယ်နည်းတွေကို ဆက်လက် လိုက်နာဖို့ လိုပါဦးမယ်။

    ကိုဗစ် ကာကွယ်ဆေး ထိုးပြီးလည်း ဆက်လက် လုပ်ဆောင်ရမယ့် ကာကွယ်မှု နည်းလမ်းများ

    ကိုဗစ် ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း ကိုဗစ်ကို အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုရင်

    လက်ဆေးပါ – ကာကွယ်ဆေး ထိုးထားပေမယ့်လည်း ကိုဗစ် ကပ်ရောဂါ ပြီးဆုံးပြီလို့ အတိအလင်း မသိရသေးခင်အထိ အပြင်က ပြန်လာတိုင်း၊ နေ့စဉ် လှုပ်ရှားသွားလာမှုတွေကို လုပ်ဆောင်ပြီးတိုင်း၊ မျက်နှာကို မကိုင်တွယ် မထိတွေ့ခင်တိုင်းမှာ လက်ဆေးဖို့ လိုပါမယ်။

    ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ပါ – ကာကွယ်ဆေး ထိုးပြီး​ပြီဆိုပေမယ့် လုံလောက်တဲ့ ကာကွယ်မှုကတော့ လိုအပ်နေဦးမှာပါ။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ပေးပါ။

    အာဟာရ ပြည့်ဝအောင် စားပါ – နေ့တိုင်း ကိုယ်ခံအားကောင်းစေဖို့အတွက် အာဟာရ ပြည့်ဝ လုံလောက်စေဖို့ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။ ကာကွယ်ဆေး ထိုးထားပေမယ့်လည်း ကိုယ်ခံအားကောင်းဖို့က လိုအပ်နေဆဲပါ။

    အိပ်ရေး ဝဝအိပ်ပါ – ခန္ဓာကိုယ် ကျန်းမာနေစေဖို့ဆိုရင် လုံလောက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ဒါ​ကြောင့် ကာကွယ်ဆေး ထိုးပြီးချိန်မှလည်း အိပ်ရေးဝဝအိပ်ပါ။

    ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ – ကိုယ်ခံအား ကောင်းပြီး စိတ်လက် ကျန်းမာစေဖို့ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ လမ်းလျှောက်ပေးတာ ဖြစ်ဖြစ်၊ ယောဂ လေ့ကျင့်တာ ဖြစ်ဖြစ်ပေါ့။

    ဒီတော့ ကိုဗစ်ကို အထိရောက်ဆုံး နှိမ်နှင်းချင်တယ်ဆိုရင် ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း အခုပြောခဲ့တာလေးတွေကို လိုက်နာစေချင်ပါတယ်။ ကိုဗစ်ကို အကောင်းဆုံး တိုက်ထုတ်ဖို့က တစ်ဦးချင်းရဲ့ တာဝန်သိစိတ်နဲ့ ဆိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement