ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

COVID-19 ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေသလား

တစ်ကမ္ဘာလုံး လိုလားတောင့်တနေကြတဲ့ COVID-19 ကာကွယ်ဆေးတွေ လူတွေရဲ့လက်ထဲကို ရောက်ရှိလာဖို့ အလွန်ကိုနီးစပ်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတိုင်းပြည်တစ်ချို့ရဲ့ ကာကွယ်ဆေးတွေဟာ ဆေးဝါးအဆင့်ကိုရောက်ရှိနေကြပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင် ဆေးဝါးတွေကို စတင်အသုံးချထိုးနှံကြတော့မှာပါ။ ရောဂါကပ်ဘေးကြီးရဲ့ ဆိုးရွားလှတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိခိုက်နစ်နာမှုတွေကြောင်း လူတိုင်းက ဒီအခြေအနေကနေ လွတ်မြောက်ချင်နေကြပြီး ကပ်ဘေးကို ကျော်လွှားချင်နေကြတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုး အမျိုးအမည်အမျိုးမျိုးနဲ့ပေါ်ထွက်လာနေတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးအာဏာပိုင်အဖွဲအစည်းတစ်ခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ကတော့ သတိပေးစကားဆိုလိုက်ပါတယ်။ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။ CDC ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးဆိုင်ရာ အကြံပေးအစည်းအဝေးမှာ ခုလို သတိပေးစကားဆိုသွားခဲ့ကြတာပါ။ CDC ကိုယ်တိုင်ကလည်း ဘယ်လို COVID-19 ကာကွယ်ဆေးမျိုးကိုမှ […]


ကူးစက်ရောဂါများ

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ချောင်းဆိုးမယ်၊ ဖျားမယ်၊ အနံ့ပျောက်မယ်။ ဆေးစစ်မယ်။ ကိုဗစ်တွေ့မယ်။ ဆေးရုံတက်မယ်။ အားလုံးကောင်းရင်၊ ရက်ပြည့်ရင် ပြန်ဆင်းမယ်။ အိမ်မှာ Quarantineဆက်ဝင်မယ်။ ပြီးရင် ပြီးပြီလို့ ထင်နေရင် သင့်အတွေးတွေကို ရုတ်သိမ်းလိုက်ပါ။ ကိုဗစ်က ဒီလောက် မရိုးရှင်းပါဘူး။ ကိုဗစ်ကို စတွေ့တာ ၂၀၁၉ နှစ်ကုန်ပိုင်းကဆိုတော့ ခုဆိုရင် တစ်နှစ်တောင် ရှိရောပေါ့။ အိမ်နီးချင်းလိုပဲ အနေကြာလေ အကြောင်းသိလေပါ။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလည်း မပြီးဘူးဆိုတာ တဖြည်းဖြည်း သိလာရပါပြီ။ ကိုဗစ်ဖြစ်ပြီးတာတောင် လူနာတွေက တချို့ဝေဒနာတွေကို ဆက်ပြီးခံစားနေရသေးတာ တွေ့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးနောက် ကိုဗစ်ဖြစ်ပြီးလို့ ပျောက်သွားရင် အိမ်မှာ အေးအေးဆေးဆေးနေနိုင်မယ်လို့ ထင်ပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ပိုးမရှိတော့ပေမယ့် ကိုယ်က အရင်လို မဟုတ်တော့တာကို သတိထားမိပါလိမ့်မယ်။ အရင်ကလောက် အလုပ်မလုပ်နိုင်တာ၊ တစ်ခုခုဆို စူးစိုက်မရဘဲ ဟိုမေ့ ဒီမေ့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့

ကိုဗစ်ကူးစက်ခံရလို့ ဆေးရုံတက်ပြီး အိမ်ပြန်ရောက်လာရင်တောင် ကိုဗစ်ရဲ့ အငွေ့အသက်တွေက မလွတ်သေးပါဘူး။ နာတာရှည် နောက်ဆက်တွဲ ဆိုးကျိုးတွေက စောင့်ကြို နေပါသေးတယ်။ ဒါကြောင့် လူနာတွေက ဆေးရုံက ဆင်းသွားပြီးရင်တောင် မောလို့၊ နုံးလို့၊ ချောင်းဆိုးလို့၊ အနံ့မရသေးလို့ ဆိုပြီး ပြန်ပြန်ရောက်လာကြပါတယ်။ ကိုဗစ်ကူးစက်ပြီးသွားရင် အရင်နဲ့ မတူဘဲ ခန္ဓာကိုယ်မှာ နောက်ဆက်တွဲ အပျက်အစီးလေးတွေက ကျန်ခဲ့တတ်ပါတယ်။ သာမန်အပရိက မောတာက စလို့ အထဲက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တဲ့အထိ ဖြစ်တတ်ပါတယ်။ လူတိုင်း ခံစားရတာ မဟုတ်ပေမယ့် ခံစားရတဲ့ သူတွေကျတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်း၊ ကြာချိန်ခြင်း မတူကြပါဘူး။ ဒါကြောင့် WHOက ထုတ်ပြန်ထားတဲ့ ကိုဗစ်ရောဂါခံစားပြီးတဲ့နောက်မှာ မြန်မြန်နာလန်ထူအောင် ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့ ဆေးရုံက ဆင်းပြီးတာတောင် မောနေသေးတယ်ဆိုရင် နေမကောင်းဖြစ်လိုက်လို့ အားအင်ကုန်ခမ်းသွားတာရော၊ […]


ကူးစက်ရောဂါများ

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ကိုဗစ်က ကူးမှာဖြင့်လည်း မြန်မြန်ကူး၊ မြန်မြန်ကူး မြန်မြန်ခုခံအားရလို့ လွယ်လွယ်ပြောကြပေမယ့် ကိုဗစ်က ဒီလို အထင်သေးစရာကောင်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ခုနောက်ပိုင်း ကူးစက်ခံရတဲ့ လူတွေများလာတဲ့အတွက် ကူးခံရသူတွေက ဆေးရုံက ဆင်းသွားပြီးရင် အရင်လို မဟုတ်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ ဆေးရုံက ဆင်းလာတာကြာပေမယ့် အားမရှိသလိုပဲဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ ကိုဗစ်ကူးပြီးရင်တောင် မပြီးနိုင်သေးဘူးလား။ ကိုဗစ် ကူးခံရပြီးနောက် ကိုဗစ်ဖြစ်ရင် လူ ၁၀၀မှာ ၈၀လောက်က ရောဂါမပြင်းထန်ဘဲ သက်သာသွားကြပါတယ်။ ကျန်တဲ့ ၁၀ကနေ ၁၅ ရာခိုင်နှုန်းလောက်က ပြင်းထန်တဲ့ အဆင့်ကို ရောက်ပြီး ကျန်တဲ့ ၅ရာခိုင်နှုန်းက တော်တော်ဆိုးတဲ့ အဆင့်ကို ခံစားရပါတယ်။ အများစုက ကူးစက်ခံရပြီး ၂ပတ်ကနေ ၆ပတ်လောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားကြပါတယ်။ ဒါပေမယ့် လူတချို့မှာတော့ လပိုင်းလောက်ထိ နောက်ဆက်တွဲလက္ခဏာတွေ […]


ကူးစက်ရောဂါများ

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း

COVID-19 ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်မှုကို စောစီးစွာသိဖို့ အရေးကြီးဆုံးပါ။ ဒါမှသာ အမြန်ဆုံးဆေးကုသမှု ခံယူနိုင်မှာပါ။ COVID-19 သံသယရှိနေသူတွေကို ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးကြလဲ။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Nasopharyngeal swab, Throat swab) ယူကြ ပါတယ်။ ယူပြီး စစ်ဆေးခံဖူးသူတွေသိမှာပါ။ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။ ထိုပန်းရောင်အရည်တွေဟာ ဘာတွေလဲ၊ ဘာအတွက် ထည့်ရတာလဲ ဆိုတာကို လူအများစုက သိချင်နေကြပါတယ်။ စိတ်ဝင်စားနေ ကြပါတယ်။ အရင်ဦးဆုံး Viral Transport Medium Kit (VTM Kit) ဆိုတဲ့ ဗိုင်းရပ်စ် သယ်ယူထိန်းသိမ်းရေးပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။ VTM Kit ထဲမှာဘာတွေပါလဲ။ အရည်ပမာဏ (၁၅) မီလီလီတာခန့် ထည့်လို့ရတဲ့ အဖုံးပါပလတ်စတစ် ပြွန်တစ်ခု […]


ကူးစက်ရောဂါများ

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

အဆုတ်တွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုင်းတာတဲ့နေရာမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏကလည်း အတော်လေးအရေးကြီးပါတယ်။ အသက်ရှုချိန်တိုင်းမှာ သန့်စင်တဲ့အောက်ဆီဂျင်ဓာတ်ကို အဆုတ်တွေကနေ တစ်ကိုယ်လုံးကိုဖြန့်ဝေပေးပါတယ်။ ကိုယ်တွင်းကလီစာတိုင်း ပုံမှန်အလုပ်လုပ်နိုင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး လုံလောက်အောင်မရခဲ့ရင် ဦးနှောက်၊ နှလုံးလိုအရေးကြီးကလီစာတွေအချိန်ခဏလေးနဲ့ ပျက်စီးသွားမှာပါ။ အခုဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါကလည်း အဆုတ်တွေကိုအဓိကတိုက်ခိုက်တဲ့အတွက်သွေးတွင်းအောက်ဆီဂျင် ပမာဏစစ်ဆေးဖို့ အရင်ကထက်ပိုအရေးပါလာပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကိုသိရဖို့ အရင်တုန်းက သွေးဖောက်ယူပြီးစမ်းသပ်စစ်ဆေးရပေမဲ့ အခုချိန်မှာတော့ လက်ထိပ်မှာစက်လေးတပ်လိုက်ရုံနဲ့ တင် မိနစ်ပိုင်းအတွင်းသွေးတွင်းအောက်ဆီဂျင်ပမာဏ ကိုသိရှိနေနိုင်ပါပြီ။ ဒီစက်တွေကို Pulse Oximeter (ဒါမှမဟုတ်) SPO2 စက်လို့လည်းအလွယ်ခေါ်ဆိုကြ ပါတယ်။ နာကျင်မှုလုံးဝမရှိဘဲ တိုင်းတာပေးနိုင်ပြီး လက်ထိပ်မှာညှပ်ပြီးတိုင်းတာနိုင်ပါတယ်။ လက်ကိုညှပ်လိုက် ချိန်မှာစက်ရဲ့တစ်ဖက်က အလင်းထုတ်ပေးပြီး ဒီအလင်းရောင်ကလက်သည်း၊ အရေပြား၊ အသားစ၊ သွေး အကုန်လုံးကိုဖြတ်သန်းသွားပါတယ်။ အသားစနဲ့သွေးတွေမစုပ်ယူနိုင်ဘဲစက်ရဲ့ တစ်ဖက်ခြမ်းကိုရောက်သွားတဲ့ အလင်းပမာဏကိုစက်ကပြန်ဖမ်းယူပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်ကိုတွက်ထုတ်ပေးတာဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်အတွင်းဆို ၉၅% နဲ့ ၁၀၀% ကြားရှိရမှာပါ (လေထုပါးလွှာတဲ့ တောင်ပေါ်ဒေသမှာနေတဲ့ သူတွေဆိုရင်တော့ ဒီထက်နည်းနိုင်ပါတယ်)။ စက်ပစ္စည်းတိုင်းလွဲချော်မှုအနည်းနဲ့ […]


ကူးစက်ရောဂါများ

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ရုရှနိုင်ငံက ကမ္ဘာ့ပထမဆုံးကိုဗစ်ရောဂါကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ကိုဗစ်ကြောင့်ဒုက္ခရောက်နေချိန်ဖြစ်လို့ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကိုဗစ်ကဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တာကြောင့် ထိရောက်တဲ့ကာကွယ်ဆေးထိုးထားနိုင်ရင် ရောဂါကိုလုံးဝအမြစ်ပြတ်ချေမှုန်းနိုင်တော့မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပေမဲ့ ရုရှကာကွယ်ဆေးနဲ့ပတ်သက်ရင် မရေရာတဲ့ကိစ္စတွေ တွေ့ရှိရပါတယ်။ ကာကွယ်ဆေးအသစ်တစ်ခုတီထွင်ထုတ်လုပ်ဖို့ဆိုတာ အချိန်အရမ်းပေးရပါတယ်။ အနည်းဆုံးက ၈ နှစ်ကနေ ၁၅ နှစ်/နှစ် ၂၀ အထိ လူပေါင်းများစွာကို အဆင့်ဆင့်စမ်းသပ်ပြီး စိတ်ချရပြီဆိုမှ အမြောက်အမြားထုတ်လုပ် သုံးစွဲနိုင်တာဖြစ်ပါတယ်။ ဒါတောင်ကာကွယ်ဆေးသုံးစွဲနေသူတွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့သံသယလက္ခဏာတွေ တွေ့လာရရင် သုံးစွဲမှုကို ချက်ချင်းရပ်တန့်ပစ်ရပါသေးတယ်။ ကာကွယ်ဆေးထုတ်လုပ်တဲ့ပြိုင်ပွဲကို ပန်းဝင်ချင်ဇောနဲ့  အမြန်ထုတ်ကြွားလိုက်ရတဲ့ ရုရှကာကွယ်ဆေး အကြောင်းကိုသေချာလေ့လာကြည့်ရင် သံသယဖြစ်စရာအချက်တွေတွေ့ရမှာပါ။ ဘာတွေလဲဆိုရင် တိကျတဲ့သုတေသနပြုလုပ်မှုများ၊ ရလဒ်များ ကိုဗစ်ကာကွယ်ဆေးကိုတရားဝင်ဖြန့်ချိဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေက ဆေးပညာအဖွဲ့အစည်းတွေ၊ FDA အဖွဲ့တွေအပြင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအဖွဲ့အစည်းကြီးတွေပေါင်းစည်းထားတဲ့ COVAX အဖွဲ့မှာ အမှန်တကယ် ထိရောက်မှုရှိကြောင်း၊ သုံးစွဲနိုင်ကြောင်းမှတ်ကျောက်တင်အစစ်ဆေးခံရဖို့လိုပါတယ်။ Sputnik V […]


ကူးစက်ရောဂါများ

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အနှံ့အပြားရောက်အောင်သွေးကြောတွေတလျှောက် သယ်ယူ ပို့ဆောင်ပေးပါတယ်။ သွေးထဲမှာအောက်ဆီဂျင်ပမာဏ ရှိသင့်သလောက်မရှိတော့ရင် သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာအဖြစ်သတ်မှတ်ပါတယ်။ Hypoxemia လို့ခေါ်တဲ့ ဒီကျန်းမာရေးပြဿနာကို အချိန်မှီကုသမှုမခံယူနိုင်ရင် အသက်အန္တရာယ်ပါထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးလွှတ်ကြောတွေရော သွေးပြန်ကြောတွေထဲမှာပါ အောက်ဆီဂျင်ဓာတ်ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သွေးလွှတ်ကြောထဲမှာ အောက်ဆီဂျင်ဓာတ် ၉၅% ကနေ ၁၀၀% အထိပါဝင်ပြီး သွေးပြန်ကြောထဲမှာဆိုရင် ၇၅% ဝန်းကျင်လောက်ရှိနေပါတယ်။ မွေးရာပါနှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်လေပြွန်ရောင် ရောဂါ၊ အဆုတ်အားနည်းရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နမိုးနီးယားအဆုတ်ရောင် ရောဂါ စတဲ့ ရောဂါတွေခံစားရရင် သွေးတွင်းအောက်ဆီဂျင်ဓာတ်ကျဆင်းတတ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်လိုကူးစက်မြန်အဆုတ်ရောင်ရောဂါမှာလည်း သွေးတွင်းအောက်ဆီဂျင်ရုတ်တရက်ကျဆင်းသွားတဲ့ လက္ခဏာတွေ့ရှိရပါတယ်။ ပတ်ဝန်းကျင်ကြောင့်သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းသွားတဲ့အခြေအနေ တွေလည်းရှိပါတယ်၊ ဥပမာ- လေထုအရမ်းပါးလွှာတဲ့နေရာတွေကိုရောက်သွားရင် အောက်ဆီဂျင်ဓာတ်နည်း သွားတဲ့အတွက်သွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက်ကျဆင်းသွားတာမျိုးမကြာမကြာကြုံရတတ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ဓာတ် ရှိသင့်တာထက်နည်းနေပြီဆို ဒီလိုလက္ခဏာတွေခံစားရမှာပါ - ခေါင်းကိုက်ခြင်း - အသက်ရှုရခက်ခဲခြင်း - နှလုံးခုန်မြန်လာခြင်း - ချောင်းဆိုးခြင်း - […]


ကူးစက်ရောဂါများ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

(ကိုဗစ်ရောဂါဖြစ်ပြီး နောက်တစ်ခါထပ်ကူးစက်မခံရခင် ဘယ်လောက်ကြာကြာအချိန်ရမလဲဆိုတာပြောပြပါမယ်) ကိုဗစ်လိုကူးစက်ရောဂါတွေ ဝင်ရောက်တဲ့အချိန်မှာကိုယ်တွင်းကနေ ရောဂါကိုတိုက်ထုတ်ဖို့ ဆဲလ်တွေဖွဲ့စည်းပြီး antibodies တွေထုတ်လုပ်ပေးပါတယ်။ Helper T cell လို့ခေါ်တဲ့ ဒီဆဲလ်အမျိုးအစားတွေက ရောဂါပိုးတွေကို မှတ်သားထားနိုင်စွမ်းရှိပါတယ်။ ဒီဆဲလ်တွေက ဘယ်ပိုးဝင်ရင် ဘယ်လိုantibodies မျိုးထုတ်ပြီးတိုက်ရမလဲ ဆိုတာကိုသိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာလည်း T cell တွေကရောဂါကို မှတ်သားထားတဲ့ အတွက် နောက်တစ်ကြိမ် ရောဂါမဝင်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ဖြစ်ပွားသူတွေရှိလာတဲ့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် antibodies နဲ့ပတ်သက် ပြီးလေ့လာမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖြစ်နိုင်ခြေနည်းပေမဲ့ ကိုဗစ်ရောဂါက လူတစ်ယောက်မှာတစ်ကြိမ်ထက်ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့အချက်က အတော်လေးစိတ်ညစ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က အောက်စ်ဖို့ တက္ကသိုလ်နဲ့ အရီဇိုးနားတက္ကသိုလ်မှာ ပြုလုပ်ရရှိခဲ့တဲ့အဖြေတွေအရတော့ အားတက်စရာ ရလဒ်တွေ တွေ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ကနေ လူ ၁၂၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့တဲ့သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာထွက်လာတဲ့ ကိုယ်တွင်း […]


ကူးစက်ရောဂါများ

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ လူ့အသက်တွေကလည်း မနည်းပါဘူး။ ရောဂါခံစားနေရသူ အရေအတွက်ကလည်း ဒုနဲ့ဒေးပါ။ ဒီအချိန်မှာ နေ့စဉ် ဘဝတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ဆိုတာ ခက်ခဲပါ။ ကိုဗစ် စဖြစ်ကတည်းက ရပ်တန့်ထားရတဲ့ စီးပွားရေးတွေ ရှိသလို ခရီးသွားလာမှုတွေမလုပ်ရဘူး။ နေအိမ်တွေထဲမှာပဲနေရတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတော့ လူတွေ လွမ်းဆွတ်နေတာက ဘာဖြစ်မယ်ထင်လဲ။ ကိုယ်တိုင်ရော ဘာကို လွမ်းလဲ။ အရင်လို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရောဂါပိုးကင်းပြီး သွားလာနေရတဲ့ အခြေအနေကိုဟုတ်။ ဒါကတော့ အခုချိန်မှာ လူတိုင်း တောင့်တနေမယ့် အရာပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေးတော့ သန်းလာခဲ့ပါပြီ။ ဒါကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို အရှိန်မှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna  ရဲ့ ကိုဗစ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း