backup og meta

ဆောင်းတွင်းကာလမှာ သတိထားရမယ့် ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB

ဆောင်းတွင်းကာလမှာ သတိထားရမယ့် ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB

ဆောင်းရာသီ ရောက်လာပြီဆိုရင် အရင်ကထက် ဖျားတာနာတာတွေ ပိုအတွေ့ရများလာနိုင်ပါတယ်။ တုပ်ကွေးဖြစ်တာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကတော့ အဓိကပေါ့။ ဒီနှစ်ဆောင်းမှာ ဒီကျန်းမာရေး ပြဿနာတွေအပြင် သတိထားရမယ့် နောက်ထပ် ကျန်းမာရေးပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ပါ။ ဒီနှစ်မှာ ထူးထူးခြားခြား ဂရုစိုက်ရမယ့် ကိုဗစ်မျိုးစိတ်ကတော့ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးစိတ်တွေဖြစ်ကြတဲ့ ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB တို့ပါ။ ဒီအကြောင်းတွေကို အတူတူ လေ့လာလိုက်ရအောင်နော်။

ဆောင်းတွင်းကာလမှာ သတိထားရမယ့် ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB

Omicron မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 က ဇူလိုင်လ အစောပိုင်းက ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ အဓိက ကိုဗစ်မျိုးစိတ် တစ်မျိုးပါ။ ဒါပမယ့် မကြာသေးခင်ကာလကစပြီး နိုင်ငံတော်တော်များများမှာ ကူးစက်မြန်နေတဲ့ ကိုဗစ်မျိုးစိတ် တစ်ရပ်ပြန့်နှံ့ ဖြစ်ပွားနေပါတယ်။ ဒီမျိုးစိတ်တွေက ဘာတွေလဲဆိုတော့ အပေါ်မှာပြောခဲ့တဲ့ ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB တို့ပါ။

ကိုဗစ်က မျိုးစိတ်သစ်တွေ ဖြစ်ပွားနေသလို အရင်ကပေါ်ထွက်ခဲ့တဲ့ ကိုဗစ်မျိုးကွဲတွေဖြစ်ကြတဲ့ BA.4.6၊ BA.4၊ BA.5 စတာတွေကလည်း ဆက်လက် ဖြစ်ပွားနေဆဲပါ။

XBB နဲ့ ဒီမျိုးစိတ်ရဲ့ မျိုးကွဲဖြစ်တဲ့ XBB.1 တို့ဟာ ဩဂုတ်လက အိန္ဒိယမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားမှုတွေ ရှိသလို စင်ကာပူနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူရဲ့ ထက်ဝက်ကျော်မှာ ကူးစက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ်ကလည်း XBB အမျိုးအစားပါ။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။

XBB မျိုးစိတ်နဲ့အတူ နိုင်ငံတော်တော်များများမှာ ကူးစက်နေတဲ့ နောက်ထပ် ကိုဗစ်မျိုးစိတ်တွေက BQ.1 နဲ့ BQ.1.1 တို့ပါ။ ဒီမျိုးစိတ်တွေက လက်ရှိမှာ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသလို ဒီနှစ်ရဲ့ ဆောင်းမှာ ကိုဗစ်မျိုးစိတ်တွေထဲမှာ ဒီမျိုးစိတ်တွေက ကူးစက်နိုင်ခြေ အများဆုံး ဗိုင်းရပ်စ်တွေပါ။

ကိုဗစ်မျိုးစိတ်သစ်များ BQ.1နဲ့ XBB

ကိုဗစ်မျိုးစိတ်တွေက Omicron မျိုးကွဲကနေ ဆင်းသက်ကြတာဖြစ်ပြီး တစ်ခုနဲ့တစ်ခုမှာ တူညီတဲ့အချက်လေးတွေကတော့ အနည်းငယ်ရှိပါတယ်။ ဥပမာ ပြောပြရရင် BA.4.6 က BA.4 ကနေဆင်းသက်လာတာမျိုးပေါ့။

အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ XBB  မျိုးစိတ်က အစောပိုင်းက ဖြစ်ပွားကူးစက်ခဲ့တဲ့ BA.2 မျိုးစိတ်ရဲ့ မျိုးကွဲတစ်မျိုးပါ။ ဗီဇပြောင်းမှုတွေ လုပ်ဆောင်ထားတာပါ။

ကိုဗစ်မျိုးစိတ်တွေက ဗီဇပြောင်းလိုက်ချိန်မှာ ကူးစက်နိုင်စွမ်းကလည်း ပိုမြင့်သွားပါတယ်။ ဒီမျိုးစိတ်တွေက ကူးစက်နှုန်းတင် မြန်ဆန်တာ မဟုတ်ပါဘူး။ ကိုယ်ခံအားကို တိမ်းရှောင်နိုင်စွမ်းကလည်း တော်တော်လေး မြင့်မားပါတယ်။ ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB တို့ဟာ လက်ရှိတွေ့ရှိဖြစ်ပွားခဲ့သမျှ ဗိုင်းရပ်စ်တွေထဲမှာ ကူးစက်မှု အမြန်ဆုံးနဲ့ ကိုယ်ခံအားကို ရှောင်တိမ်းနိုင်စွမ်း အကောင်းဆုံးပါ။

နောက်တစ်ချက်က ဒီမျိုးစိတ်တွေက ကိုဗစ် ဖြစ်ဖူးတဲ့သူတွေမှာလည်း ပြန်လည် ဖြစ်ပွားနိုင်သလို ကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကူးစက်မှုမြန်ပေမယ့် ရောဂါလက္ခဏာတွေက ထူးထူးခြားခြား ကွဲပြားတာမျိုး မရှိပါဘူး။ အခုချိန်ထိတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ့အထိ လက္ခဏာ ပြင်းပြင်းထန်ထန်တို့ကိုလည်း မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဆက်လက်စောင့်ကြည့်ဖို့တော့ လိုဦးမှာပါ။ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ။

ထပ်ဆောင်းကာကွယ်ဆေးတွေကတော့ ထိရောက်မှုကောင်းဆဲပါ

အခုလက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးကွဲ BQ.1နဲ့ XBB တို့က ကိုယ်ခံအားကို ရှောင်တိမ်းနိုင်တယ်။ ကာကွယ်ဆေး ထိုးထားသူတွေရော အရင်က ကိုဗစ်ကူးစက်ခံရဖူးသူတွေမှာပါ ရောဂါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကာကွယ်ဆေးတွေ နဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေကတော့ ရောဂါကို အရမ်း မပြင်းထန်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိနေဆဲပါ။

ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးတွေကိုရော ထပ်ဆောင်းကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံထားတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

XBB, the New COVID-19 Subvariant, Is Part of a ‘New Class’ of Omicron https://www.prevention.com/health/a41648659/xbb-covid-omicron-subvariant-immunity/ Accessed Date 25 October 2022

XBB, BQ.1.1, BA.2.75.2 — a variant swarm could fuel a winter surge https://www.washingtonpost.com/health/2022/10/18/covid-variants-xbb-bq1-bq11/ Accessed Date 25 October 2022

New COVID Variants XBB, BQ.1.1 Spreading. How Worried Should We Be? https://www.nbcboston.com/news/local/new-covid-variants-xbb-bq-1-1-spreading-how-worried-should-we-be/2871327/ Accessed Date 25 October 2022

New COVID Variants May Fuel a Winter Surge—What to Know About BQ.1, XBB, and Others https://www.health.com/bq1-bq11-xbb-covid-omicron-subvariants-6752975 Accessed Date 25 October 2022

New COVID Subvariants Rising: How Concerned Should We Be? https://www.webmd.com/lung/news/20221018/new-covid-subvariants-rising-how-concerned-should-we-be Accessed Date 25 October 2022

ယခုပုံစံ

26/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ် မျိုးစိတ်သစ် Omicron

ကိုဗစ်ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement