backup og meta

Omicron BA.4.6 အကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicron BA.4.6 အကြောင်း တစေ့တစောင်း

    လူသားတွေက ကိုဗစ် ကာကွယ်ဆေးတွေကို အကြိမ်ကြိမ် ထိုးနှံနေကြချိန်မှာပဲ ကိုဗစ်မျိုးစိတ်တွေကလည်း ဗီဇအမျိုးမျိုး ပြောင်းလဲနေပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ ယူကေနိုင်ငံတွေမှာ BA. 5 ကူးစက်မှုတွေ မြင့်တက်နေရာက အခုလက်ရှိမှာ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ အခုနောက်ဆုံး ယူကေကျန်းမာရေး ဌာနက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရ ယခုအပတ်အတွင်း ယူကေမှာ ကိုဗစ်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ ယူကေအပြင် အခြား ကမ္ဘာ့နိုင်ငံတွေမှာလည်း ဖြစ်ပွားမှုတွေ ရှိနေပါတယ်။

    ဒီတော့ Omicron BA.4.6 အကြောင်း နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    Omicron BA.4.6 အကြောင်း တစေ့တစောင်း

    လက်ရှိအချိန်ထိတော့ အိုမီခရွန်က သူ့ရှေ့က အခြား ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတွေလောက် မပြင်းထန်သလို သေဆုံးမှုလည်း နည်းတာကို တွေ့ရပါတယ်။ ဒါ​ကြောင့် အခုလတ်တလောမှာ ကူးစက်ဖြစ်ပွားနေတဲ့ Omicron မျိုးကွဲတစ်ခုဖြစ်တဲ့ BA.4.6  ဟာလည်း အရမ်းမပြင်းထန်ဖို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။ အခုထိတော့  အိုမီခရွန် BA.4.6 ကြောင့် ပြင်းပြင်းထန်ထန် ရောဂါ ခံစားရတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒီတော့ သတိထားနိုင်စေဖို့ အိုမီခရွန် BA.4.6 အကြောင်းလေး နည်းနည်းလောက် ပြောပြပေးပါမယ်။

    • အိုမီခရွန် BA.4.6က ဘယ်ကနေ ဆင်းသက်လာတာလဲ!

    အိုမီခရွန် BA.4.6 က အိုမီခရွန် BA.4 ရဲ့ မျိုးကွဲတစ်ခုပါ။

    • အိုမီခရွန် BA.4.6ကို ဘယ်အချိန်က စတွေ့ခဲ့တာလဲ!

    အိုမီခရွန် BA.4.6ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာတလွှားမှာ အိုမီခရွန် BA.5 ဖြစ်ပွားနေချိန်ပေါ့။

  • အိုမီခရွန် BA.4.6က ဘယ်လို ထွက်ပေါ်လာတာလဲ!
  • အိုမီခရွန် BA.4.6 ဘယ်လို ထွက်ပေါ်လာသလဲဆိုတာကို အခုထိ တိတိကျကျ မသိရသေပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိတာက အိုမီခရွန် BA.4.6 ဟာ မျိုးကွဲ နှစ်ခု ပေါင်းစပ်ရာကနေ ဗီဇပြောင်း ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်။

    • အိုမီခရွန် BA.4.6က ဘယ်လိုပုံစံ ဗီဇပြောင်းထားသလဲ!

    အိုမီခရွန် BA.4.6က အိုမီခရွန် BA.4 ရဲ့ ဗီဇပြောင်းပုံစံနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒီမျိုးစိတ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဆီကို ဝင်ရောက်နိုင်စေဖို့ လုပ်ဆောင်ထားတဲ့ ဗိုင်းရပ်စ်မျက်နှာပြင်ပေါ်က spike protein ကို ပြောင်းလဲထားတာပါ။

  • အိုမီခရွန် BA.4.6က ကိုယ်ခံအားကို ဘယ်လို ရှောင်တိမ်းလဲ!
  • ဒီဗီဇပြောင်းလဲမှုမှာ တွေ့ရတဲ့ R346T ကို အခြားမျိုးကွဲတွေမှာလည်း မြင်တွေ့ရဖူးပါတယ်။ ဒါက ကိုယ်ခံအားကို ရှောင်တိမ်းနိုင်တာနဲ့ ဆက်စပ်နေပြီး ဗိုင်းရပ်စ်ကို ကာကွယ်ဆေးကနေ ရရှိထားတဲ့ ကိုယ်ခံအားနဲ့ အခြား ကူးစက်ခံရဖူးတာတွေကနေ ရရှိတဲ့ ကိုယ်ခံအားတွေကို ရှောင်တိမ်းနိုင်ဖို့ ကူညီပေးနိုင်ခြေ ရှိနေပါတယ်။

    • အိုမီခရွန် BA.4.6က သေဆုံးမှု မြင့်လား!

    ကံကောင်းတာ တစ်ခုက အခုထိတော့ အိုမီခရွန် BA.4.6က အရင်မျိုးကွဲတွေလောက် ပြင်းထန်တာမျိုး မတွေ့ရသေးသလို အရင်က တွေ့ရှိခဲ့တဲ့ Omicron မျိုးစိတ်တွေထက်လည်း သေဆုံးနှုန်း နည်းပါတယ်။

    • အိုမီခရွန် BA.4.6က ပြင်းထန်လား!

    အခုထိတော့ အိုမီခရွန် BA.4.6က ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်စေတာမျိုး မတွေ့ရသေးပါဘူး။

    • အိုမီခရွန် BA.4.6က BA.5 ထက် ကိုယ်ခံအားကို ပိုရှောင်တိမ်းနိုင်လား!

    အခုထိ တွေ့ရှိရသမျှတော့ အိုမီခရွန် BA.4.6က BA.5 ထက် ကိုယ်ခံအားကို ပိုပြီး ကောင်းကောင်းရှောင်တိမ်းနိုင်သလို အရင်မျိုးစိတ်တွေထက်လည်း ကိုယ်ခံအားကို ကောင်းကောင်းရှောင်တိမ်းနိုင်ပါတယ်။

    ပိုမိုသိရှိနိုင်ဖို့ သုတေသီတွေက လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေကြဆဲပါ။

    Omicron BA.4.6 အကြောင်း တစေ့တစောင်း

    အိုမီခရွန် BA.4.6 ရဲ့ လက္ခဏာများ

    အိုမီခရွန် BA.4.6က လည်း ကိုဗစ် မျိုးကွဲတစ်ခု ဖြစ်တာကြောင့် လက္ခဏာတွေကတော့ အားလုံးလိုလို အတူတူပါပဲ။ ဒါပေမယ့် အိုမီခရွန် BA.4.6 ကူးစက်ခံရသူတွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေက

    • လည်ချောင်းနာမယ်
    • ခေါင်းကိုက်မယ်
    • နှာခေါင်းပိတ်မယ်
    • ချောင်းခြောက်ဆိုးမယ်
    • နှာစေးမယ်။

    အိုမီခရွန် BA.4.6 အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

    အိုမီခရွန် BA.4.6 ဟာလည်း ကိုဗစ်ဗိုင်းရပ်စ်ပဲ ဖြစ်တာကြောင့် အရင်ကိုဗစ် ဗိုင်းရပ်စ်တွေကို ကာကွယ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း

    • ပါးစပ်နဲ့ နှာခေါင်းစည်း [မတ်ခ်] တပ်ပါ
    • လက်ဆေးပါ
    • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
    • အိပ်ရေးဝဝ အိပ်ပါ
    • အာဟာပြည့်ဝအောင် စားပါ
    • ကာကွယ်ဆေး ထိုးပါ
    • ထပ်ဆောင်း ကာကွယ်ဆေး ထိုးပါ
    • သံသယရှိရင် သီးသန့်ခွဲနေပါ
    • တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပါ။

    အထူးသဖြင့် အသက် ၆၀ အထက် လူကြီးတွေကို ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံပေးပါ။ လူထူတဲ့နေရာတွေကို မဖြစ်မနေ သွားရမယ်ဆိုရင် ဘိုးဘိုးဘွားဘွားတို့ကို N95၊ KN95 နဲ့ KF94 တို့လိုမျိုး လုံခြုံစိတ်ချရတဲ့ မတ်ခ်တွေကို တပ်ပေးပါ။

    သတင်းစကား

    အိုမီခရွန် BA.4.6 ကူးစက်ဖြစ်ပွားမှုဟာ ကမ္ဘာ့နိုင်ငံတွေမှာ ဆက်လက် မြင့်တက်နေတာကြောင့် ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံတာ၊ ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်ကြတဲ့ လက်ဆေးတာ၊ မတ်ခ်တပ်တာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာ၊ လူစုလူဝေးရှောင်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement