အရင်က ကိုဗစ်ဖြစ်ဖူးသူတွေ BA.5 ကို ဘယ်လိုကာကွယ်ကြမလဲ

အိုမီခရွန် မျိုးကွဲတွေထဲမှာ BA.1 နဲ့ BA.2 တို့က တော်တော်လေး ကွာခြားပေမယ့် BA.2၊ BA.4 နဲ့ BA.5 တို့ရဲ့ ကိုယ်ခံအားဆဲလ်တွေထဲကို ဝင်ရောက်ကူးစက်ပုံက သိပ်ကွာခြားတာမျိုး မရှိတာကြောင့် BA.2 ကူးစက်ခံရဖူးသူတွေက အခုလက်တလောမှာ ဖြစ်ပွားနေတဲ့ BA.4 နဲ့ BA.5ကို အနည်းငယ်လောက်တော့ ကာကွယ်နိုင်စွမ်း ရှိမှာပါ။
လက်ရှိအခြေအနေ အထိမှာ BA.4 နဲ့ BA.5 ရဲ့ ကူးစက်နှုန်းက အရင် အိုမီခရွန် မျိုးကွဲတွေထက် ကူးစက်နှုန်း မြန်တယ်ဆိုတာကို တွေ့ရှိပေမယ့် ရောဂါအနေအထား ပိုမိုပြင်းထန်တယ်လို့တော့ မတွေ့ရှိရသေးပါဘူး။
အခုလက်ရှိမှာ ကူးစက်ဖြစ်ပွားနေတဲ့ BA.5 ဟာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ တိုးတက်မှုဖြစ်စဉ် တစ်ရပ်သာဖြစ်ပါတယ်။ Delta က ကိုဗစ်ရဲ့ နောက်ဆုံး မျိုးစိတ် မဟုတ်ခဲ့သလို Omicron ကလည်း ကိုဗစ်ရဲ့ နောက်ဆုံးမျိုးစိတ် ဖြစ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့နောက်မှာလည်း အသစ်အသစ်သော ကိုဗစ်မျိုးစိတ်တွေ ထွက်ပေါ်လာနိုင်ခြေ ရှိနေပါသေးတယ်။
အိုမီခရွန် BA.5 အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ
အိုမီခရွန် BA.5 ဟာလည်း ကိုဗစ်ဗိုင်းရပ်စ်ပဲ ဖြစ်တာကြောင့် အရင်ကိုဗစ် ဗိုင်းရပ်စ်တွေကို ကာကွယ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း
- ပါးစပ်နဲ့ နှာခေါင်းစည်း [မတ်ခ်] တပ်ပါ
- လက်ဆေးပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
- အိပ်ရေးဝဝ အိပ်ပါ
- အာဟာပြည့်ဝအောင် စားပါ
- ကာကွယ်ဆေး ထိုးပါ
- ထပ်ဆောင်း ကာကွယ်ဆေး ထိုးပါ
- သံသယရှိရင် သီးသန့်ခွဲနေပါ
- တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပါ။
အထူးသဖြင့် အသက် ၆၀ အထက် လူကြီးတွေကို ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံပေးပါ။ လူထူတဲ့နေရာတွေကို မဖြစ်မနေ သွားရမယ်ဆိုရင် ဘိုးဘိုးဘွားဘွားတို့ကို N95၊ KN95 နဲ့ KF94 တို့လိုမျိုး လုံခြုံစိတ်ချရတဲ့ မတ်ခ်တွေကို တပ်ပေးပါ။
သတိထားစောင့်ကြည့်ရမယ့် BA2.75
ကူးစက်မြန်မှုကြောင့် BA.5 ကူးစက်ပျံ့နှံ့မှုကို သုတေသီတွေ စိုးရိမ်နေချိန်မှာပဲ အိန္ဒိယ နဲ့ အခြားနိုင်ငံတွေမှာ BA2.75 လို့ ခေါ်တဲ့ အိုမီခရွန် မျိုးကွဲတစ်ခုက ကူးစက်ဖြစ်ပွားမှုတွေ ရှိနေပါတယ်။
ဒီအိုမီခရွန် မျိုးစိတ်သစ်က လက်ရှိမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မြန်နိုင်တယ်လို့ ယူဆထားကြပါတယ်။ အခြား အိုမီခရွန် မျိုးစိတ်တွေထက် ပြင်းထန်နိုင်မလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကောက်ချက်ချဖို့ကတော့ စောပါသေးတယ်။ မျိုးဗီဇ အဆင့်ဆင့်ပြောင်းလဲထားတာကြောင့် ကိုယ်ခံအားဆဲလ်တွေကို အလွယ်တကူရှောင်တိမ်းနိုင်မှာကိုတော့ စိုးရိမ်စရာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။