Omicron မျိုးကွဲ BA.2ဆိုတာ
Omicron မျိုးကွဲ BA.2ဆိုတာ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါပဲ။ ဗီဇပြောင်းလဲမှု အဆင့်ဆင့်နဲ့ ဆင့်ကဲ ပြောင်းလဲလာခဲ့တဲ့ ကိုဗစ်ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါ။ လက်ရှိ ကမ္ဘာ့နိုင်ငံ အများစုမှာ စတင် ကူးစက်နေတဲ့ ကိုဗစ် မျိုးဗီဇပြောင်း မျိုးကွဲ တစ်ရပ်ပါ။
Omicron BA.1 နဲ့ BA.2 က တော်တော်လေး ဆင်တူပေမယ့် ဗီဇပြောင်းလဲမှု ၂၀ ကျော် ကွာခြားမှု ရှိနေပါတယ်။ ဒီဗိုင်းရပ်စ် မျိုးကွဲက နိုဝင်ဘာလက ဖိလစ်ပိုင်မှာ စတွေ့ခဲ့တာဖြစ်ပြီး ဘယ်ကနေ အစပြုလာလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။
ဘယ်နေရာတွေမှာ ဖြစ်ပွားနေပြီလဲ
လက်ရှိမှာ Omicron ဗိုင်းရပ်စ်ရဲ့ မျိုးကွဲ BA.2 ကို နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ Omicron ကူးစက်မှုရဲ့ ထက်ဝက်လောက်က BA.2 မျိုးကွဲ ကူးစက်ခံရတာပါ။ ဖြစ်ပွားမှုက အတော်လေး မြင့်တက်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။