ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား

COVID-19 ရောဂါပိုးဟာ တနေ့တခြား ကူးစက်မှုနှုန်းတိုးလာနေသလို တားဆီးနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။ ရုရှားနိုင်ငံက ကာကွယ်ဆေးဖော်စပ်နိုင်ပြီလို့ ကြေညာထားပေမယ့် ဈေးကွက်ထဲကို ဘယ်အချိန်မှာ ဖြန့်ချိနိုင်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ လူတွေဆီကို ရောက်ဖို့ဆိုရင် နှစ်ကုန်လောက်အထိ စောင့်ဆိုင်းရနိုင်ပါတယ်။ လက်ရှိမှာဆိုရင် ကူးစက်ခံရသူပေါင်း ၂၃ သန်းကျော်သွားခဲ့ပါပြီ။ သေဆုံးသူအရေအတွက်ကလည်း ၈ သိန်းကျော်လွန်နေပြီမို့ ဒီရောဂါကြောင့် ထိခိုက်မှုတွေဟာ အလွန်များလွန်းနေခဲ့ပြီလို့ ဆိုရပါတော့မယ်။ ရောဂါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့ သုတေသီတွေက လေ့လာမှုတွေ၊ တီထွင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ရှာဖွေတွေ့ရှိချက်အသစ်တွေလည်း ထွက်ပေါ်လာနေပါတယ်။ ခုချိန်မှာလည်း ထူးခြားတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ်ကို သိရှိလာခဲ့ရပါတယ်။ အဲဒါကတော့ ကလေးတွေဟာ COVID-19 ရောဂါပိုးကို ရောဂါလက္ခဏာမပြပဲ သယ်ဆောင်ထားနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့က မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံရဲ့ သုတေသနပြုချက်ကိုအရဆိုရင် ကလေးတွေဟာ ရောဂါဖြန့်ဝေသူတွေဖြစ်နေနိုင်တယ်ဆိုတဲ့ သံသယတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ကလေးတွေဆီကနေ […]


ကိုရိုနာဗိုင်းရပ်စ်

ကူးစက်နှုန်း ဆယ်ဆမြင့်လာတဲ့ ကိုဗစ်

ပြည်တွင်းကူးစက်မှု မရှိတာ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် ၁၆ရက်နေ့မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပနိုင်ငံကလည်း ပြန်လာတာမဟုတ်တဲ့ လူနာကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေမှာလည်း ဆက်တိုက်ဆိုသလို ရောဂါပိုးတွေ တွေ့ရှိလာရပါတယ်။ ဒါဟာ အားလုံးက သတိထားဖို့ ပြောနေကြတဲ့ local transmission ရဲ့ အစပဲလား။ ကိုဗစ်ရဲ့ ဒုတိယလှိုင်း လာတော့မှာလား။ ဒါတင်မကသေးဘဲ နောက်ရက်မှာလဲ အိန္ဒိယကနေ ရခိုင်ကို ပြန်လာကြသူတွေထဲမှာလည်း ရောဂါပိုးတွေ့ရှိသူတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အားလုံးက စိုးရိမ်နေကြတဲ့အချိန်မှာ နောက်ထပ် မျက်ခုံးလှုပ်စရာသတင်းကတော့ ဒီတစ်ခါတွေ့တဲ့ ကိုဗစ်ပိုးက ကူးစက်မြန်တယ်ဆိုတာပါပဲ။ သြဂုတ်လ ၂၀ရက်နေ့မှာ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကူးစက်နှုန်း မြန်ဆန်တဲ့ ကိုဗစ်ရောဂါပိုးကို မြန်မာနိုင်ငံအတွင်းမှာ တွေ့လာရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပက ပြန်လာသူတွေရဲ့ […]


တိုက်ဖွိုက် (အူရောင်ငန်းဖျား)

တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။

တိုက်ဖွိုက်ဖြစ်နေရင် အစာမာ မစားရဘူးဆိုတာ သိပြီးသားပါ။ ဒါပေမယ့် တိုက်ဖွိုက်ရဲ့ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် ဗိုက်နာမယ်၊ အားပျော့မယ်၊ ဝမ်းလျှော ဒါမှမဟုတ် ဝမ်းချုပ်မယ်၊ ပါးစပ်ပျက်မယ်၊ အန်မယ် စသဖြင့် ခံစားရပါတယ်။ ဒီလိုအချိန်မှာ အစာမာမစားရလို့ အာဟာရမပြည့်ဘူးဆိုရင် ရောဂါဒဏ်ရော၊ ဆေးဒဏ်ရောပါ ခံရမှာပါ။ အစာမာ မစားရဘူးဆိုတာကလည်း ပိုးကြောင့် ပျက်စီးနေတဲ့ အူက အစာမာနဲ့ တွေ့တဲ့အခါ ပိုပြီး ပျက်စီးသွားမှာစိုးလို့ပါ။ ဒါကြောင့် ဒီကာလမှာ အားရှိမယ့် အရည်တွေ၊ အစာပျော့ပျော့တွေ ကျွေးရတာပါ။ ပါးစပ်ကလည်း ပျက်၊ အားလည်းမရှိ၊ အစာမာလည်း စားလို့မရတဲ့ လူနာကို အားရှိအောင် ဘာတွေကျွေးကြမလဲ။ တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။ အစာပြင်တဲ့သူလည်း အလုပ်မရှုပ်၊ စားလို့လည်း အရသာဖြစ်နိုင်မယ့်ဟာတွေကို ကျွေးကြရအောင်။ တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။ အရင်ဆုံး ဘာတွေကျွေးရမလဲ၊ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ကမျဉ်းနီကောင် ကိုက်ခံရပြီးနောက်

ကမျဉ်းနီကောင် ဆိုတာ အကောင်သေးသေးလေးတွေပါ။ အကောင်သေးသေး အဆိပ်ပြင်းပြင်းပေါ့။ သူတို့က လူကို ကိုက်လိုက်ရင် Orientia tsusugamushi လို့ ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံရပြီး လူကို ဒုက္ခပေးတာပါ။ သူ့ကြောင့်ဖြစ်တဲ့ရောဂါကိုတော့ scrub typhus လို့ ခေါ်ပါတယ်။ ဒီကမျဉ်းနီကောင်လေးတွေက ချုံပုတ်တို့၊ မြက်ခင်းပြင်တို့ စတဲ့ အုပ်အုပ်ဆိုင်းဆိုင်း နေရာတွေမှာ အတွေ့ရများပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်တာက ဒီလို အပင်တွေ၊ ချုံတွေနဲ့ ဆက်နွယ်နေရင် ဒါမှမဟုတ် ခရီးသွားရင်းနဲ့ အပင်တွေနားကပ်ပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဒါလေးကို သတိထားပေးပါ။ မြန်မာနိုင်ငံဟာ scrub typhus triangle လို့ ခေါ်တဲ့ အဖြစ်များဆုံး ရွှေတြိဂံဒေသတွေရဲ့ အလယ်မှာ ရှိနေတာပါ။ အဖြစ်များပါတယ်။ အထူးသဖြင့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ […]


ကိုရိုနာဗိုင်းရပ်စ်

ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ Covid-19 ကာကွယ်ဆေး

ကမ္ဘာတစ်ဝန်းမှာ ကပ်ဘေးအသွင်နဲ့ ဒုက္ခပေးနေတဲ့ Covid-19 ရောဂါပိုးဟာ ကူးစက်ခံရသူပေါင်း ၁၃ သန်းကျော်အထိရှိလာနေပြီဖြစ်ပြီး သေဆုံးသူပေါင်းလည်း ၆ သိန်းနီးပါးရှိနေပါပြီ။ ပထမဆုံး ကူးစက်လူနာစတင်တွေ့ရှိတဲ့ ဒီဇင်ဘာလကနေ ရေတွက်မယ်ဆိုရင် ၇ လာကြာမြင့်လာနေပြီဖြစ်ပေမယ့် ရောဂါကို ပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ ဆေးဝါးကတော့ ခုချိန်အထိ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ရောဂါပျောက်ကင်းသူ လူနာ ၇ သန်းကျော်ရှိလာနေပြီဆိုပေမယ့် အများစုဟာ ကိုယ်ခံအားစနစ်ကောင်းမွန်မှုနဲ့ တစ်ကျောင်းတစ်ဂါထာဖြစ်နေတဲ့ စမ်းသပ်ဆေးဝါးအမျိုးမျိုးကြောင့်သာ သက်သာလာကြတာဖြစ်ပြီး ဒီရောဂါကို အမှန်တကယ်တိုက်ထုတ်ပေးနိုင်တဲ့ သီးသန့်ဆေးဝါးမျိုးကိုတော့ ရှာဖွေနေကြဆဲလို့သာ ဆိုရမှာပါ။ ကုသဆေးမပေါ်သေးပေမယ့် ကာကွယ်ဆေးတော့တွေ့ပြီ အထက်မှာပြောခဲ့သလို ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပေမယ့် ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ကတော့ အလွန်နီးစပ်တဲ့ အခြေအနေဖြစ်လာခဲ့ပါပြီ။ Covid-19 ကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဆေးဝါးကို ရောဂါဖြစ်ပွားမှု စတုတ္ထအများဆုံးတိုင်းပြည်ဖြစ်နေတဲ့ ရုရှားနိုင်ငံက ဖန်တီးနိုင်ခဲ့တာပါ။ ရုရှားနိုင်ငံမှာ လူနာ ၈ သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၁ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 က လေထဲကတဆင့် ကူးစက်နေပြီလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ဟာ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရောဂါပိုးဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ် (Airborne Virus) ဆိုတဲ့အချက်ကို လက်ခံခြင်းမရှိပဲ တင်းခံနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အဆိုပါအချက်ကို လက်ခံလိုက်ပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင် ၂၃၉ ယောက်တို့က Clinical Infectious Diseases ဆေးပညာဂျာနယ်ကနေတဆင့် ဂျနီဗာအခြေစိုက် ကမ္ဘာ့အရေးအပါဆုံး ကျန်းမာရေးအဖွဲ့အစည်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။ အခုနောက်ဆုံး WHO က ပြောဆိုလာတဲ့ အချက်အရဆိုရင် COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိလာရပြီလို့ ဆိုထားပါတယ်။ COVID-19 ဟာ လေထဲကနေ ကူးသလား ကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်သွားပြီဖြစ်တဲ့ COVID-19 ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်

Bubonic Plague လို့ ခေါ်တဲ့ ရှေးဟောင်းပလိပ်ရောဂါတစ်မျိုး တရုတ်ပြည်က အတွင်းမွန်ဂိုးလီးယားပြည်နယ် (Inner Mongolia) မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အတွင်းမွန်ဂိုးလီးယားပြည်နယ် ဘယန်နာမြို့မှာ ဒီရောဂါပိုးကို စတင်တွေ့ရှိထားတာဖြစ်ပြီးတော့ ဒီမြို့ဟာ ဘေကျင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိပါတယ်။ ဒေသခံဆေးရုံတစ်ခုက ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည်တွေတွေ့ရှိထားကြောင်း အာဏာပိုင်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ ပထမလူနာဟာ နွားကျောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဆီကနေ လက်ရှိမှာတော့ သူ့ရဲ့အခြေအနေက တည်ငြိမ်ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို ရှင်းလင်းစွာ မသိရှိရပါဘူး။ ဒုတိယလူနာကတော့ အသက် ၁၅ နှစ် အရွယ် လူငယ်ဖြစ်ပြီး သူကလည်း အမဲလိုက်သူတစ်ဦးပါ။ ဒေသခံအာဏာပိုင်တွေက ရောဂါပိုးသယ်ဆောင်နိုင်ခြေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်တွေကို သတ်ဖြတ်စားသောက်ခြင်းမလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခုထူးခြားမှုရှိရင် ကျန်းမာရေးဌာနကို […]


အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ

အစားအသောက်တွေကို အစာအဆိပ်မသင့်အောင် ဘယ်လိုသိမ်းဆည်းကြမလဲ၊ ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ လက်သေချာဆေးပါ လက်ကို စနစ်တကျဆေးကြောခြင်းက ရိုးရှင်းပေမဲ့ ရောဂါအတော်များများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းတစ်ခုပါ (အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်)။ ရေနဲ့ ဆပ်ပြာသုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက်ဆေးကြောပါ၊ အသားစိမ်းငါးစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နောက်ပြီး သန့်စင်ခန်းသွားပြီးတိုင်း၊ အမှိုက်ပစ်ပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီးတိုင်းလည်း လက်ဆေးပါ။ ဟင်းချက်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ အစားအစာတွေ မချက်ပြုတ်ခင်နဲ့ ချက်ပြီးတိုင်းမှာ ဟင်းချက်ခဲ့တဲ့နေရာကို သေချာဆေးကြောသန့်ရှင်းပစ်ပါ။ အထူးသဖြင့် အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပြီးခုတ်ထစ်ခဲ့တဲ့ နေရာတွေကို သေချာဂရုတစိုက် သန့်ရှင်းပေးပါ။ ပိုးသတ်ဆေးရည်တွေဖြန်းတာ၊ ဆပ်ပြာရည်နဲ့ တိုက်ချွတ်ဆေးကြောတာတွေ လုပ်စရာမလိုပါဘူး၊ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။ ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။  ရောဂါလက္ခဏာများ ရောဂါပိုးကူးစက်ပြီး (၇)ရက်မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင်ပါတယ်။ အစပိုင်းမှာ လက္ခဏာဟာ သိပ်မပြင်းထန်တတ်ပါဘူး။ တုပ်ကွေးရောဂါနဲ့ ဆင်တူတတ်ပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မျက်လုံးရဲခြင်းနဲ့ မျက်ရည်များကျခြင်း၊ ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ခံစားရတတ်ပါတယ်။ တစ်ပတ်(သို့မဟုတ်)နှစ်ပတ် အကြာမှာတော့ ရောဂါလက္ခဏာဟာ ပိုဆိုးလာနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေ စုဆောင်းမှုများလာပြီး ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်တော့ပါဘူး။ စက္ကန့်(၂၀)ကြာအောင် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

ပါးစပ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရာနဲ့ပြီး မှီခိုနေထိုင်ရာ နေရာ တစ်ခုပါ။ ဒီတော့ တစ်ယောက်ယောက်ရဲ့ တံထွေးနဲ့ ထိတွေ့မိရင် ဘာဖြစ်မယ် ထင်လဲ။ တံထွေးက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကာကွယ်ခုခံမှုတွေကို လုပ်ဆောင်ပေးတယ်။ တံထွေးမှာ antibodies နဲ့ enzymes တွေ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ရောဂါကူးစက် မခံရအောင် ကာကွယ်ပေးတယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ ရှိနေဆဲပါ။ တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ တံထွေးမှာ antibodies နဲ့ enzymes တွေပါဝင်နေတာကြောင့် ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ဒီလို ရောဂါတွေ ကူးစက်နိုင် ပါသေးတယ်။ အအေးမိ၊ ဖျားနာ တုပ်ကွေးဗိုင်းရပ်စ် Epstein-Barr virus […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း