ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

Mask တပ်ပါလျက်နဲ့ ပိုးကူးခံရသူတွေ များလာတာ ဘာကြောင့်လဲ

Covid-19 ရဲ့ လှိုင်းဂယက်က မြန်မာနိုင်ငံကို ဒုတိယအကြိမ် ထပ်ရိုက်ခတ်လာတဲ့အခါ ပထမတစ်ခေါက်ကထက်ကို ပိုဆိုးလာတယ်ဆိုတာ အားလုံးလည်း တွေ့ကြပြီထင်ပါတယ်။ အရင်ကလည်း ခဏခဏ သတိပေးခဲ့ပါတယ်၊ Covid-19 ဟာ ရောဂါပိုးကူးစက်ခံရသူ မတွေ့တော့ဘူးဆိုတာနဲ့ ငြိမ်သွားတာမဟုတ်ပါဘူး။ ကာကွယ်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေ ကျွန်တော်တို့နိုင်ငံကို မရောက်မချင်း ဒီရောဂါနဲ့ ပတ်သက်ပြီး အမြဲတွေးပူနေရမှာပါ။ တစ်စက္ကန့်လောက်လေး ဂရုမပြုမိတာနဲ့ ကူးစက်ခံရသူဟာ တစ်ရာကနေ တစ်ထောင်အဆင့်ကို စက္ကန့်ပိုင်းလေးအတွင်းမှာ မြင့်တက်သွားနိုင်ပါတယ်။ အခုတော့ လူတွေတော်တော်များများ ရောဂါကို ပြန်ကြောက်လန့်နေပြီး သွားလာတာက အစ ပြန်ပြီး ဂရုစိုက်လာတယ်၊ Mask ကိုလည်း သေချာပြန်တပ်လာတာကို တွေ့ရတာ တော်တော်လေးတော့ ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ကတော့ ခုထိ မြင့်တက်နေဆဲပါပဲ။ ဒါဆို Mask တပ်နေပါလျက်နဲ့ ကူးစက်ခံရသူတွေ ဘာလို့ တိုးလာသလဲ။ ၁။ […]


ကိုရိုနာဗိုင်းရပ်စ်

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

COVID-19 က တစ်ကမ္ဘာလုံးမှာ တစ်နေ့တစ်ခြား ပိုပိုပြီး ဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း နေ့စဉ် လူနာတွေ အမြောက်အများတိုးပွားလာနေပါပြီ။ ဒီလိုတိုးပွားလာနေတဲ့လူနာတွေထဲမှာ လူနာတချို့ဟာ ရောဂါလက္ခဏာမပြသကြပဲ ကွာရန်တင်းဝင်ခိုင်းပြီး ရောဂါပိုးစစ်ဆေးကြည့်မှသာ ရောဂါရှိနေကြောင်း သိလာကြရသူတွေများလာနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့ရှိသူတွေထဲက အများစုဟာ ရောဂါလက္ခဏာမပြသကြဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက္ခဏာမပြသတာကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ်အနီးအနားက လူတွေမှာ ရောဂါပိုးရှိမရှိသိမနေနိုင်ဘူးဆိုပြီး အရာရာကို အကြောက်လွန်ဖို့တော့ မသင့်ပါဘူး။ နိုင်ငံတကာလေ့လာသူတွေရဲ့အဆိုအရဆိုရင် COVID-19 ရောဂါပိုးတွေ့ရှိသူအများစုဟာ ရောဂါလက္ခဏာမပြသကြဘဲ Positive ဖြစ်နေကြတယ်ဆိုတာ မှန်ပေမယ့် ကွာရန်တင်းဝင်ချိန်မှာ ရောဂါလက္ခဏာမပြသခြင်းသာ ဖြစ်နိုင်ခြေများပြီး တခြားအချိန် ဒါမှမဟုတ် အခြေအနေ တစ်ခုခုမှာတော့ ရောဂါလက္ခဏာ ပြလာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ကွာရန်တင်းကာလက ၁၄ ရက် ၂၁ ရက်စသဖြင့် နိုင်ငံလိုက်တူညီချင်းမရှိကြပဲ ရောဂါလက္ခဏာ […]


ကိုရိုနာဗိုင်းရပ်စ်

Face Shield တပ်မှာလား Mask တပ်မှာလား

ပြည်တွင်းမှာ COVID-19 ကူးစက်မှုက တကျော့ပြန်ဆိုးရွားလာနေပြီ။ ရောဂါကူးစက်မှုကို ကာကွယ်ဖို့ လူတိုင်း Mask တွေ Face Shield တပ်ဆင်ကာကွယ်ဖို့ လိုအပ်လာပြန်ပြီပေါ့။ ကိုဗစ်ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကနေ ထွက်လာတဲ့ Droplet အမှုန်အမွှားလေးတွေကနေတဆင့် ကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းထဲကိုမဝင်အောင် ကာကွယ်ဖို့က အရေးကြီးလာပြီလေ။ ဒါကြောင့်လည်း မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကာကွယ်ဖို့ Face Shield တွေ၊ Mask တွေ တပ်ဆင်ဖို့ လိုအပ်လာတာပေါ့။ ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတာက Face Shield နဲ့ Mask နှစ်ခုထဲမှာ ဘယ်အရာက ပိုပြီးစိတ်ချလဲဆိုတဲ့ ကိစ္စပါ။ အကြောင်းကတော့ Mask တွေဟာ တချို့သောလူတွေအတွက် နေရထိုင်ရခက်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေအတွက်လည်း အသက်ရှူရခက်စေနိုင်တယ်မဟုတ်လား။ နောက်ပြီး မျက်မှန်သမားတွေဆိုရင်လည်း Mask တပ်ထားချိန်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလ Work From Home မှာ အလုပ်ချိန်၊ နားချိန် ခွဲတတ်စေဖို့

Work From Home ကာလမှာ ရုံးဆင်း ရုံးတက်ချိန်ရယ် မသိ အလုပ်တွေ ဖိလုပ်ရင်း ကိုယ်ခံအား ကောင်းအောင် ဂရုမစိုက်မိတာမျိုးတွေ ဖြစ်လာမှာမို့ WFH မှာ အလုပ်လုပ်ချိန် နားချိန်မှန်မှန်နဲ့ ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမယ်နော်။ ကိုဗစ် တစ်ကျော့ပြန်ကာလမှာ သတိထားရမှာတွေက ဘာတွေ ဖြစ်မလဲ............ ကိုဗစ်က တစ်ကျော့ပြန်လာချိန်မှာ ကူးစက်မှု ပိုမြန်လာတာ မှန်ပေမယ့် ကာကွယ်ရမယ့်နည်းလမ်းကတော့  အတူတူပါပဲ။ လူစုလူဝေးကို ရှောင်ပါ မကြာခဏ လက်ကို စင်ကြယ်စွာ ဆေးပါ အိပ်ရေးဝဝအိပ်ပါ အာဟာရပြည့်ဝအောင် စားပါ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ အပြင်သွားရင် မတ်ခ် တပ်ပါ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ ကိုဗစ် ကာလ WFH မှာ အလုပ် လုပ်ချိန် နားချိန် […]


ကိုရိုနာဗိုင်းရပ်စ်

အသုံးပြုပြီးသား Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ

Covid-19 ကလည်း တစ်ဖန်ပြန်ပြီး ထလာပြန်ပြီဆိုတော့ ခုဆိုရင် အပြင်သွားတိုင်း mask ကို ပုံမှန်ပြန်တပ်ပြီး သွားလာနေကြတာကို တွေ့ရတာ တစ်ဖက်က ကြည့်ရင်တော့ ဝမ်းသာစရာပေါ့ဗျာ။ ဒီပိုးကလည်း ကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်မချင်းကတော့ ဒီလိုပဲ နေ့စဉ်ဘဝကို ကျော်ဖြတ်နေရမှာဆိုတော့ မကြိုက်လည်း အောင့်အီးသည်းခံလို့ပဲ ရမှာပါ။ မတပ်ရင်လည်း ဒုက္ခရောက်မှာက ကိုယ်အပြင် ကိုယ်ဖြတ်သန်းသွားလာခဲ့သမျှ နေရာတိုင်းမှာရှိနေတဲ့ Mask မတပ်သူတွေ အားလုံးပါပဲ။ Face Mask အမျိုးအစားများ Face Mask ထဲမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ကောင်းစွာ ကာကွယ်ပေးနိုင်တာ N95 Mask နဲ့ Surgical Mask ၂ မျိုးပဲရှိပါတယ်။ ဒါပေမယ့်လည်း ငွေအကုန်ကြေးကျ များလို့ ပုံမှန်လက်လုပ်လက်စားတွေအနေနဲ့တော့ တပ်လိုက်၊ လွှင့်ပစ်လိုက်၊ နောက်အသစ်တစ်ခု တပ်လိုက်လုပ်ဖို့ဆိုတာ […]


ကိုရိုနာဗိုင်းရပ်စ်

ဆေးလိပ်ငွေ့တွေကနေ ကိုဗစ်ကူးနိုင်သလား။

ကိုဗစ်ရဲ့ ကူးစက်ပုံက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေကို ကိုင်တွယ်မိပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပွတ်သပ်မိရင် ဒါမှမဟုတ် ဒီအမှုန်အမွှားတွေကို အနီးအနားက လူတွေက ရှူမိရင်လို့ သိထားပါတယ်။ ဒီအမှုန်အမွှားတွေကို ရှူမိဖို့ဆိုတာက ရောဂါရှိတဲ့သူက အနီးအနားမှာ အကာအကွယ်မဲ့ ချောင်းလာဆိုးတာ၊ နှာလာချေတာ အပြင် ခပ်ကျယ်ကျယ် အားနဲ့ အော်တာ၊ သမ်းတာ၊ သီချင်းဆိုတာ စတာတွေပါ ပါဝင်ပါတယ်။ ဆိုလိုတာက အသက်ရှူလမ်းကြောင်းက အမှုန်အမွှားတွေကို အားပြင်းပြင်းနဲ့ အပြင်ကို ရှိုက်ထုတ်တဲ့ အပြုအမူတွေ အားလုံးပါဝင်ပါတယ်။ ဒီတော့ ဆေးလိပ်သောက်တာ၊ vape သောက်တာဆိုတာကလည်း ဒီလို အပြုအမူမျိုးနဲ့ ခပ်ဆင်ဆင်ပဲ မလား။ အားနဲ့ရှိုက်သောက်ပြီး အားနဲ့ ရှိုက်ထုတ်တာဆိုတော့ အနီးအနားက လူတွေကို ကူးနိုင်မလားလို့ မေးစရာ ရှိပါတယ်။ ဆေးလိပ်ငွေ့ […]


ရေယုန်

နှုတ်ခမ်းတွင် ပေါက်သော ရေယုန်နာ (Cold Sore)

ပါးစပ်မှာဖြစ်တဲ့ ရေယုန်နာသည် ရေယုန်ဗိုင်းရပ်စ် (HSV-1) နှင့် (HSV-2) ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်တင်မကဘဲ လိင်အင်္ဂါမှာပါ အနာပေါက်တတ်ပါတယ်။ အနာဖြစ်နေချိန်မှာ အခြားသူတစ်ဦးကို ကူးစက်ဖို့ အလွန်လွယ်ကူလျင်မြန်ပါတယ်။ ရေယုန်နာသည် ကုသပျောက်ကင်းနိုင်သလား။ အနာသည် ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲက ရေယုန်ဗိုင်းရပ်စ်ပိုးကိုတော့ လက်ရှိအချိန်ထိ ကုသလို့ရတဲ့ ဆေးဝါးများ ပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒီအတွက် ရေယုန်နာ ပျောက်သွားတဲ့တိုင်အောင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကတော့ ကျန်နေဦးမှာပါ။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ပထမအဆင့် = ယားယံခြင်းနှင့် အသားထဲက စူးသလို ခံစားရခြင်း အနာစတင် မဖြစ်ခင်မှာ အနာဖြစ်မယ့် နှုတ်ခမ်းတစ်ဝိုက်တွင် အမည်ဖော်မရတဲ့ ယားယံခြင်းမျိုး၊ အသားထဲက ရုတ်တရက် စူးသလို၊ တစ်ခုခုက ထိုးသလို ခံစားရပါတယ်။ ပူစပ်ပူလောင်ဖြစ်ခြင်းလည်း တွေ့ရတတ်ပါတယ်။ ဒါဟာ […]


ကိုရိုနာဗိုင်းရပ်စ်

၆ ပေ ခွာရင် စိတ်ချရပြီလား

COVID-19 လို့ခေါ်တဲ့ရောဂါဆိုကြီးကို ကာကွယ်ဖို့ Social Distancing လုပ်ရမယ် တစ်ဦးနဲ့တစ်ဦး ၃ ပေ ဒါမှမဟုတ် ၆ ပေ ခွာပြီးနေထိုင်ကြဖို့ လိုအပ်တယ်လို့ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကျန်းမာရေးဌာနတွေက သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။ လက်ရှိမှ ရောဂါဖြစ်ပွားလာတာ ၈ လကျော် ၉ လ ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း တိုးပွားနေဆဲပါ။ မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယလှိုင်းပြန်စနေပြီလို့ ဆိုရလောက်အောင်ကို နေ့စဉ်ရောဂါပိုးကူးစက်ခံရသူ အမြောက်အမြားတိုးပွားနေပြီး လူနာတွေ့ရှိရာဒေသတွေကို Lock-down ချတာတွေ၊ သံသယ လူနာတွေကို Quarantine ဝင်ခိုင်းတာတွေ၊ နေအိမ်မှာပဲနေထိုင်တာနဲ့ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားနေပါတယ်။ ခုနောက်ပိုင်းမှာတော့ ရောဂါပျံ့နှံ့မှုရပ်တန့်မသွားသေးတာကြောင့် ၆ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဒီဟော်မုန်း ပြောင်းလဲမှုက ကိုယ်ဝန်ဆောင် မေမေကို စိတ်ခံစားမှု မကောင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ထိခိုက်လွယ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်အခြေအနေတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ စားပေးသင့်တဲ့ အစားအသောက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်မလဲ သိချင်ရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်ရအောင်လား။ ကိုယ်ဝန်ဆောင် မေမေ စိတ်ခံစားမှု ကောင်းစေဖို့ ဘာတွေ စားမလဲ............. ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ဒါလေးတွေ စားပေးပါ။ ငါး လေ့လာမှုတွေအရ omega-3 ပါတဲ့ ငါးတွေ ဖြစ်ကြတဲ့ မက်ကာရယ်၊ ဆယ်လ်မွန် စတဲ့ ငါးတွေက စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီငါးတွေက မာကျူရီ ပါဝင်မှု […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

COVID-19 ရောဂါပိုး ဟာ လက်တလောမှာ ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ ကပ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လူလူချင်းကူးစက်နိုင်သလို လေထဲကနေလည်း ကူးစက်နိုင်တာကြောင့် လူပေါင်း ၂၃ သန်းဝန်းကျင်ကို လျင်လျင်မြန်မြန်ကူးစက်သွားခဲ့တာပါ။ သေဆုံးသူအရေအတွက်လည်း တရိပ်ရိပ်တိုးပွားလာနေပါတယ်။ ကူးစက်နိုင်တဲ့နည်းလမ်းတွေ၊ ပိုးပြန့်နှံ့နိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာဖော်ထုတ်မှုတွေ ဆက်တိုက်ပေါ်ထွက်လာနေသလို ဒီရောဂါနဲ့ပတ်သက်ပြီး သိလာရတဲ့အချက်တွေကလည်း တစ်နေ့တခြားပိုမိုများပြားလာနေပါတယ်။ လက်ရှိအချိန်အထိ WHO ရဲ့ ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါပိုးဟာ မာကျောတဲ့မျက်နှာပြင်တွေမှာ ကပ်ငြိရှင်သန်နေနိုင်ပြီး လူလူချင်းစကားပြောဆိုတာ၊ နှာချေချောင်းဆိုးတာတွေကနေတဆင့် လေထဲကနေကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Mask တပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေ အနည်းဆုံးခွာပြီး ပြောဆိုဆက်ဆံကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုးရှိနေတဲ့ နေရာတွေကိုကိုင်တွယ်မိပြီးနောက် မိမိရဲ့ မျက်နှာ၊ ပါးစပ်နဲ့ နှာခေါင်းတွေကို ကိုင်တွယ်မိခဲ့မယ်ဆိုရင်လည်း ပိုးကူးစက်နိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင်တော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း