ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ဟာ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရောဂါပိုးဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ် (Airborne Virus) ဆိုတဲ့အချက်ကို လက်ခံခြင်းမရှိပဲ တင်းခံနေခဲ့ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လက်ရှိအချိန်မှာတော့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အဆိုပါအချက်ကို လက်ခံလိုက်ပြီလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင် ၂၃၉ ယောက်တို့က Clinical Infectious Diseases ဆေးပညာဂျာနယ်ကနေတဆင့် ဂျနီဗာအခြေစိုက် ကမ္ဘာ့အရေးအပါဆုံး ကျန်းမာရေးအဖွဲ့အစည်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။
အခုနောက်ဆုံး WHO က ပြောဆိုလာတဲ့ အချက်အရဆိုရင် COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိလာရပြီလို့ ဆိုထားပါတယ်။
ကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်သွားပြီဖြစ်တဲ့ COVID-19 ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပေမယ့် လေထဲကနေ ကူးစက်နိုင်ခြင်းရှိမရှိ ပညာရှင်တွေအကြား အချိန်အတော်ကြာ အငြင်းပွားနေခဲ့ကြပါတယ်။
လက်ရှိ သေဆုံးသူပေါင်းက ၅ သိန်းခွဲကျော်လွန်လာနေချိန်မှာမှ ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက တရားဝင် လက်ခံခဲ့ကြတာပါ။
ခုချိန်မှာတော့ ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်ပျံ့နှံ့နိုင်ခြေရှိတယ်လို့ WHO က တရားဝင်စတင်ပြောဆိုခဲ့ပြီဖြစ်ပါတယ်။
“ကျွန်မတို့ ပြောချင်တာက COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်ပျံနှံ့နိုင်ခြေရှိနေပြီး ဒီနည်းလမ်းဟာ ရောဂါပိုးကူးစက်နိုင်တဲ့ လက္ခဏာတွေထဲက တစ်ရပ်ဖြစ်ပါတယ်” လို့ WHO ရဲ့ နည်းစနစ်ပိုင်းအရာရှိချုပ် မာရီယာ ဗန်ခါ့ခ်ဟိုဗ်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောဆိုထားပါတယ်။
အစောပိုင်းကာလတွေတုန်းကတော့ WHO ဘက်က ဒီအချက်ကို လက်မခံခဲ့ပါဘူး။ COVID-19 က နှာချေ ချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေ၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကနေတဆင့် မျက်နှာနဲ့ ပါးစပ်ကို ထိကိုင်မှုတွေ၊ လူအချင်းချင်းထိတွေ့မှုတွေဟာ ရောဂါအဓိက ကူးစက်စေတဲ့ အကြောင်းအရင်းလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
WHO ကတော့ တစ်လက်စတည်း လူတစ်ဦးနဲ့ တစ်ဦးအကြား ၁ မီတာ (၃ ဒဿမ ၃ ပေ) ကနေ ၂ မီတာ (၆ ဒဿမ ၆) အထိခြားပြီးနေထိုင်ဖို့၊ Social Distancing နဲ့ Physical Distancing တွေပြုလုပ်ကာနေထိုင်ကြဖို့တွေကို တိုက်တွန်းထားပါတယ်။
ဗိုင်းရပ်စ်ရဲ့ အရွယ်အစားက 0.1 micron သာသာ လောက်ပဲ ရှိတာပါ။ နှာချေ ချောင်းဆိုးလိုက်လို့ ထွက်လာတဲ့ အမှုန်တွေ၊ အရည်တွေ ပေါင်းသွားတဲ့ အခါကျတော့ 5-10micron လောက်ဖြစ်သွားမှာဖြစ်ပါတယ်။
နှာချေ၊ ချောင်းဆိုးတာတွေပြုလုပ်ချိန်မှာ ဒီဗိုင်းရပ်စ်ပါဝင်တဲ့ အမှုန်အမွှားတွေဟာ ၁ မီတာဝန်းကျင်လောက် လွင့်စင်သွားနိုင်ပါတယ်။ ဒီအကွာအဝေးကိုကျော်လွန်ရင်တော့ အောက်ကို ပြုတ်ကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က အကာအကွယ်မဲ့ ချောင်းဆိုး၊ နှာချေမယ်ဆိုရင် ၁ မီတာ အတွင်းက လူတွေဆီကို ရောဂါကူးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ ပေ ခွာနေဖို့ ဒါကြောင့် လိုအပ်တာပါ။
ဒါကြောင့် လေထဲကနေတဆင့် ကိုယ့်ဆီကို COVID-19 ကူးစက်မလာဖို့ဆိုရင်
ဒီနည်းလမ်းတွေက COVID-19 ကို ကာကွယ်ရာမှာ ကောင်းမွန်စွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။