ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိသေးတယ်ဆိုတာကို သတိရပါ!

ကိုဗစ် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ Omicron မျိုးကွဲ BA.4 နဲ့ BA.5 ဟာ လက်ရှိမှာ ကူးစက်မှု တွေ မြင့်မားနေပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ကူးစက်ဖြစ်ပွားမှုတွေ ရှိနေသလို မြန်မာနိုင်ငံနဲ့ အာရှဒေသတွင်းနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ရှိနေပါတယ်။ ကိုဗစ်က ကူးစက်ခံရပြီးရင်ရော ပြန်ကူးနိုင်သလား ကိုဗစ်က တစ်ခါ ကူးစက်ဖူးရင်တောင်မှ နောက်တစ်ကြိမ်ထက် မနည်း ထပ်မံကူးစက်ခံရနိုင်ပါသေးတယ်။ အကြောင်းကတော့ အမျိုးအစား မတူတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေကြောင့်ပါ။ အရင်က ကိုဗစ်ကူးစက်ထားဖူးတဲ့အတွက် ခန္ဓာကိုယ်မှာ ထိုက်သင့်သလောက် ကိုယ်ခံအားရထားတာဖြစ်တာကြောင့် အရမ်းပြင်းထန်ချင်မှတော့ ပြင်းထန်မှာပါ။ နောက်တစ်ချက်က လူတစ်ဦးနဲ့ တစ်ဦးမှာ ရောဂါပိုး တစ်မျိုးတည်းကို ကူးစက်ခံရရင်တောင်မှ တုံ့ပြန်ပုံချင်း ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ် စတင် ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက တစ်ကျော့ပြန် ကိုဗစ်ကူးစက်တယ်ဆိုတာ တော်တော်လေး ရှားပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

Omicron မျိုးကွဲ BA.5 ရဲ့ လက္ခဏာတွေ နဲ့ သိထားသင့်တဲ့ အချက်အချို့

အခုတလော ကမ္ဘာ့နိုင်ငံတွေမှာ BA.5 လို့ခေါ်တဲ့ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲ တစ်ရပ် ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပါပြီ။ မြန်မာနိုင်ငံမှာရော အာရှဒေသတွင်း နိုင်ငံတွေမှာပါ ဖြစ်ပွားကူးစက်မှုတွေ ရှိနေတာပါ။ ဒီတော့ အားလုံး စိတ်ပူနေမယ့် Omicron မျိုးကွဲ BA.5 ရဲ့ လက္ခဏာတွေ နဲ့ သိထားသင့်တဲ့ အချက်အချို့ကို ပြောပြပေးချင်ပါတယ်။ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲ BA.5 နဲ့ ပတ်သက်လို့ ဘာတွေ သိထားသင့်သလဲ ဇူလိုင်လ ၂ ရက်နေ့ကအထိ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမေရိကန်မှာ စစ်ဆေးတွေ့ရှိခဲ့ရတဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုရဲ့ ၅၄ ရာခိုင်နှုန်းက BA.5 မျိုးစိတ်ကူးစက်ခံရတာ ဖြစ်ပြီး ၁၇ ရာခိုင်နှုန်း ကျော်ကျော်လောက်ကပဲ BA.4 မျိုးစိတ် ကူးစက်ခံရတာပါ။ အခုနောက်ပိုင်းမှာ အိုမီခရွန်ကို တကျော့ပြန် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မျောက်ကျောက်ရောဂါနဲ့ မှားတတ်တဲ့ ရောဂါများ

အနောက်နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါ တွေ့နေပြီဆိုတော့ မြန်မာနိုင်ငံအနေနဲ့လည်း သတိထားတာ မမှားပါဘူး။ ရောဂါက သိပ်မဆိုးလှဘူးလို့ ခန့်မှန်းကြပေမယ့် ရှေ့မှာ ကိုဗစ်ဒဏ်ကို ခံခဲ့ဖူးတော့ ဒီလို အစုလိုက် အပြုံလိုက် ဖြစ်တဲ့ရောဂါတွေဆို လူတွေက လန့်နေပါပြီ။ အထူးသဖြင့် လက်မှာ အရည်ကြည်ဖုတွေ၊ အနီစက်တွေ ပေါက်လာပြီဆိုတာနဲ့ မျောက်ကျောက်ရောဂါများလားဆို ထင်လာကြပါပြီ။ ဒါကြောင့် မျောက်ကျောက်ရောဂါနဲ့ လက္ခဏာတူပြီး မှားတတ်တဲ့ ရောဂါလေးတွေကို သိထားသင့်ပါတယ်။ မျောက်ကျောက်ရောဂါမှာ တွေ့ရတတ်တဲ့ လက္ခဏာများ အရင်ဆုံး မျောက်ကျောက်ရောဂါမှာ ထွက်တတ်တဲ့ အရေပြားလက္ခဏာ၊ ပြီးတော့ တခြားဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ မျောက်ကျောက်ရောဂါက စစချင်းမှာ တုပ်ကွေးဆန်ဆန် လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဖျားတာ၊ ခေါင်းတွေ ထိုးကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ နုံးတာ၊ အကျိတ်ထွက်တာ စတာတွေ စဖြစ်ပါတယ်။ ဒီမှာလည်း တုပ်ကွေးလိုလို၊ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ရေကျောက် နဲ့ မျောက်ကျောက် မတူပါဘူး။

အခုတလော ကမ္ဘာ့နိုင်ငံ တော်တောများများမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒီမျောက်ကျောက်ရောဂါဆိုတာက ရေကျောက်လိုပဲ အရေပြားမှာ အဖုအပိမ့်လေးတွေ ထွက်တာဖြစ်တာကြောင့် မျောက်ကျောက်ကို ရေကျောက်နဲ့ အတူတူပဲလို့ ထင်နေတာမျိုးတွေ ရှိနေနိုင်ပါတယ်။ တကယ်ကတော့ ရေကျောက် နဲ့ မျောက်ကျောက် မတူပါဘူး။ ဘယ်လို မတူတာလည်း သူတို့ ၂ ခုကြားက ကွာခြားချက်တွေက ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ ရေကျောက် နဲ့ မျောက်ကျောက် မတူပါဘူး။ ကျောက်ပါတာခြင်း၊ အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ၊ အနာစက်လေးတွေ ဖြစ်တာခြင်း တူပေမယ့် ရေကျောက် နဲ့ မျောက်ကျောက် မတူပါဘူး။ ဘာတွေများ ကွာခြားလဲဆိုတော့ ရေကျောက် ဆိုတာ ရေကျောက်ဆိုတာက ကလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ရေကျောက်က ရေယုန်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Monkeypox ရောဂါက စိုးရိမ်စရာ ဖြစ်လာနိုင်သလား၊၊

လတ်တလော လူမှုကွန်ယက်မှာ အဖုအပိမ့်တွေ ထွက်တဲ့ပုံတွေကို မျှဝေပြီး Monkeypox၊ မျောက်ကျောက်ရောဂါ၊ မျောက်ရေကျောက်ရောဂါ စသဖြင့် မျှဝေထားကြပါတယ်၊၊ အနောက်နိုင်ငံတွေမှာလည်း လူနာတွေ တွေ့နေရပြီဆိုတော့ ကိုဗစ်အလွန် ကပ်ရောဂါက Monkeypox များ ဖြစ်လာမလားဆိုတာကို စိုးရိမ်နေကြပါတယ်၊၊ Monkeypox က ဘယ်လောက်အထိ ပြန့်နေပြီလဲ၊၊ မေလ ၁၃ရက်နေ့ကနေစပြီး Monkeypox တွေ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေက WHOကို အကြောင်းကြားခဲ့ပါတယ်၊၊ စာရင်းတွေအရဆိုရင် ၂၀၂၂ခုနှစ်၊ မေလ ၂၁ရက်နေ့အထိ နိုင်ငံပေါင်း ၁၂နိုင်ငံမှာ တွေ့နေရပါပြီ၊၊ အတည်ပြုထားတဲ့ လူနာပေါင်း ၉၂ယောက်ရှိပြီး သံသယလူနာ ၂၈ယောက် ရှိပါတယ်၊၊ သေဆုံးတဲ့ လူနာတော့ မရှိသေးပါဘူး၊၊ ဒါပေမယ့် WHOကတော့ လူနာနဲ့ ပြန့်နှံ့တဲ့နိုင်ငံက ဒီထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊၊ ရောဂါအခြေအနေကိုလည်း အချိန်မီ သတင်းပို့ဖို့ တပ်လှန့်ထားပါတယ်၊၊ လက်ရှိမှာ ဖြစ်နေတဲ့ Monkeypox […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မျောက်ကျောက်ရောဂါ အကြောင်း သိထားသင့်သမျှ

ကိုဗစ်က ကာကွယ်ဆေးတွေလည်း ပေါ်လာပြီ ကာကွယ်ဆေးတွေလည်း ထိုးပြီးလို့ ကမ္ဘာကြီးက အသက်ရှူချောင်လာပြီလို့ ယူဆနေချိန်မှာ မျောက်ကျောက်ရောဂါက ကမ္ဘာကို ရိုက်ခတ်နေပြန်ပါပြီ။ အခုလက်ရှိ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါအကြောင်း သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ မျောက်ကျောက်ရောဂါ ဆိုတာ   မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်မလဲ

မျောက်ကျောက်ရောဂါ ဆိုတာက ကျောက်ကြီးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။ ဒီ မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ လူတွေဆီကို စတင်ကူးစက်ခဲ့ပါတယ်။ တိရစ္ဆာန်ဆီကနေ လူတွေဆီကို စတင်ကူးစက်မှုက အာဖရိကဒေသတွင်း နိုင်ငံ တစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခုလက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ရှိနေပါပြီ။ ဒီလို ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ဘယ်လို ကူးစက်တာလဲ။ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ မျောက်ကျောက်ရောဂါဘယ်လို ကူးစက်နိုင်သလဲ ............. မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို […]


ကိုရိုနာဗိုင်းရပ်စ်

ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိလာရတဲ့ Omicron XE မျိုးကွဲ

ပြီးခဲ့တဲ့ စနေနေ့က ထိုင်းမှာ Omicron မျိုးကွဲတစ်ခုဖြစ်တဲ့ Omicron XE ကို စတင်တွေ့ရှိရပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံမှာ တွေ့နေရတာ ဖြစ်တဲ့အတွက် အချိန်မရွေး ဒီဘက်ကို ကူးလာနိုင်တာကြောင့် ဘာတွေသိထားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။ Omicron XE မျိုးကွဲဆိုတာ Omicron XEက Omicron BA.1 နဲ့ BA.2 ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မျိုးကွဲဆိုတာထက် မျိုးစပ်ထားတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒီမျိုးစိတ်ကို ဇန်နဝါရီ ၁၉၊ ၂၀၂၂ မှာ ယူကေမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၅ရက်နေ့ထိဆိုရင် လူနာပေါင်း ၆၀၀ကျော် တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ Phylogenetic Assignment of Named Global Outbreak Lineages (Pangolin) အဆိုအရ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ မင်္ဂလာဆောင် သွားမယ်ဆိုရင်

ကိုဗစ်လှိုင်းလည်း အနည်းငယ်ငြိမ်ကျလာပြီဆိုတော့ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားလာကြပါပြီ။ အလုပ်တွေလည်း ပြန်တက်ကြသလို ပွဲလမ်းသဘင်တွေလည်း ခပ်စိတ်စိတ် တွေ့လာရပါပြီ။ ဒီထဲမှာ အများဆုံးတွေ့ရတာကတော့ မင်္ဂလာဆောင် တွေ ပါပဲ။ မင်္ဂလာဆောင်ဆိုတာလည်း လူစုလူဝေးဖြစ်တဲ့အတွက် ကိုဗစ်မကူးဖို့ အထူးဂရုစိုက်သင့်ပါတယ်။ မင်္ဂလာဆောင်တွေကနေ  ကိုဗစ်ကူးစက်လာနိုင်သလား။ ကိုဗစ်က မပြီးသေးတာဖြစ်တဲ့အတွက် မင်္ဂလာဆောင်အပါအဝင် ဘယ်လိုပွဲလမ်းသဘင်၊ လူစုလူဝေးကမှ အန္တရာယ်ကင်းတာမျိုး မဟုတ်ပါဘူး။ လူနည်းနည်းပဲစုစု၊ များများပဲစုစု ရောဂါကူးနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေ ထိုးထားမယ်။ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ မင်္ဂလာဆောင် ကျင်းပမယ့် သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲ။ ကိုယ့်ရဲ့ မင်္ဂလာပွဲကနေ လူတွေအများကြီး ကိုဗစ်ကူးသွားတယ်ဆိုရင် မင်္ဂလာမောင်နှံက စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကူးစက်မှုကို လျှော့ချဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ […]


ကိုရိုနာဗိုင်းရပ်စ်

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

ကိုဗစ်ကတော့ ကမ္ဘာကြီးကို ခြိမ်းခြောက်လာခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။ ကိုဗစ် Wave တစ်ခုချင်းစီကို မျိုးစိတ် တစ်ရပ်စီနဲ့ ဖန်တီးလာခဲ့တာပါ။ အခုနောက်ဆုံးကတော့ Omicron ပါ။ Omicron က စဖြစ်စမှာ မျိုးစိတ်က BA.1 ဆိုပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ BA.2 အနေနဲ့ ကူးစက်နေပါတယ်။ ဒီ  Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Omicron မျိုးကွဲ BA.2ဆိုတာ Omicron မျိုးကွဲ BA.2ဆိုတာ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါပဲ။ ဗီဇပြောင်းလဲမှု အဆင့်ဆင့်နဲ့ ဆင့်ကဲ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်