ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

Covid-19 ရဲ့ ဖြစ်ပွားမှုက အရှိန်လျော့မသွားဘဲ Omicron ဆိုပြီး ကမ္ဘာကြီးကို ထပ်ပြီး ထိတ်လန့်စေခဲ့ပြန်ပါပြီ။ လတ်တလော ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ Omicron ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ အချို့နိုင်ငံတွေမှာ ခရီးသွားလာခွင့်တွေ ကန့်သတ်ရတဲ့အထိ ပြင်းထန်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတော့ Omicron ကိုလည်း အခြားသော ရောဂါဆိုးတွေ နည်းတူ မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပါပြီ။ ဒီလို ကာကွယ်ဖို့ဆိုတဲ့နေရာမှာ အရေးအကြီးဆုံးအချက်က ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ပါ။ ကိုယ်ခံအား ကောင်းမှလည်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်လာတာမျိုး မဖြစ်အောင် တားနိုင်မှာကိုး။ ဒီတော့ Omicron မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ကိုယ်ခံအား ကျန်းမာစေဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာရမယ့် စားသောက်မှုပုံစံ ကို […]


ကိုရိုနာဗိုင်းရပ်စ်

Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ

Omicron ဖြစ်ပွားမှုက ကမ္ဘာတလွှားမှာရော မြန်မာနိုင်ငံမှာပါ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာနေပါတယ်။ ဒီလို မြင့်တက်လာနေမှုနဲ့အတူ လူတိုင်းလိုလို ခေါင်းထဲ ရောက်လာတဲ့အတွေးက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ဒီကြောက်စရာကောင်းတဲ့ Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားမှ ထိခိုက်မှု နည်းမှာဖြစ်တဲ့ Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို လိုက်နာပေးပါ။ (၁) ကာကွယ်ဆေး ထိုးပါ။ ကိုဗစ် ကာကွယ်ဆေးတွေလည်း အမျိုးအစား ရွေးစရာ အများကြီး ရှိလာခဲ့ပြီ ဖြစ်သလို လူတော်တော်များများဟာလည်း ကာကွယ်ဆေး ၂ ကြိမ်တောင် ထိုးပြီးကြပါပြီ။ ကာကွယ်ဆေးက ကိုဗစ် လုံးဝ မကူးစက်အောင် […]


ကိုရိုနာဗိုင်းရပ်စ်

အိုမီခရွန် အကူးခံလိုက်ပြီး ကိုယ်ခံအား ရသွားရင် ကောင်းမလား။

လက်ရှိ မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံအတော်များများမှာ ကိုဗစ်လူနာတွေ ပြန်များလာနေပါပြီ။ တရားခံကတော့ နောက်ဆုံး ဗီဇပြောင်းထားတဲ့ အိုမီခရွန် ပဲ ဖြစ်ပါလိမ့်မယ်။ လေ့လာမှုတွေ ဆက်လုပ်နေဆဲဆိုပေမယ့် ခုချိန်ထိ သိရသသလောက်ကတော့ အိုမီခရွန်က ဒယ်တာထက်စာရင် ကူးစက်တာမြန်တယ်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာလည်း ဖြစ်တယ်ဆိုပေမယ့် ဆေးရုံတက်ရတာတွေ၊ သေနှုန်းတွေကတော့ သိသိသာသာ မများလာပါဘူး။ အများစုက တုပ်ကွေးလက္ခဏာလောက်နဲ့ ပြီးသွားတာများပါတယ်။ အောက်ဆီဂျင်လိုအပ်ချက်လည်း ဒယ်တာလောက် မများတာကို တွေ့ရပါတယ်။ လက္ခဏာမပြင်းထန်တဲ့အတွက် ခေါင်းထဲမှာ ဘာရောက်လာလဲဆိုတော့ 'ဒီပိုးက ပြင်းလည်း မပြင်းဘူးဆိုတော့ ကူးလည်း တုပ်ကွေးလိုမျိုးပဲ ပြီးသွားမှာပါ။ ကူးပြီးရင်လည်း ကိုယ်ခံအားက ရဦးမှာဆိုတော့ ဘယ်တော့ ကူးမလဲ ကြောက်နေမယ့်အစား တမင်အကူးခံလိုက်ပြီး ကိုယ်ခံအား ထွက်သွားတာကမှ ကောင်းဦးမယ်' ဆိုပြီး တွေးဖူးကြမှာပါ။ ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။ […]


ကိုရိုနာဗိုင်းရပ်စ်

အိုမီခရွန် နဲ့ တခြားမျိုးဗီဇပြောင်းပိုးတွေ ဘာကွာသလဲ။

လတ်တလောမှာ ကိုဗစ်လူနာတွေကို ခပ်စိတ်စိတ် ပြန်တွေ့လာရပါပြီ။ ဘာပိုးရယ်ကို ပုံမှန်အိမ်မှာ စစ်နေကျ test kitတွေနဲ့ ခက်ဖို့ ခွဲပေမယ့် လက်ရှိမင်းသားကြီး အိုမီခရွန် ပဲ ဖြစ်ဖို့ များပါတယ်။ အိုမီခရွန်က ပွဲစထွက်တည်းက ဗီဇပြောင်းနေရာတွေ များလွန်းတဲ့အတွက် လူအများက စိတ်ပူနေကြပါတယ်။ အိုမီခရွန်က အရင်ဗီဇပြောင်းပိုးတွေနဲ့ ဘာကွာသလဲဆိုတာကို သိထားရင် ပိုပြီး ကြိုတင်ပြင်ဆင် နိုင်မှာပါ။ အိုမီခရွန် ရဲ့ ကူးစက်မှု အိုမီခရွန်က ဒယ်တာအပါအဝင် တခြားဗီဇပြောင်းပိုးတွေထက် ပိုပြီးကူးစက်မြန်ပါတယ်။ အိုမီခရွန်က လက္ခဏာမပြဘဲနဲ့လည်း သူများကို ကူးနိုင်သလို ကာကွယ်ဆေးထိုးထားပြီးသူတွေကိုလည်း ကူးစက်နိုင်ပါတယ်။ အိုမီခရွန်ရဲ့ လက္ခဏာ လက္ခဏာတွေကတော့ အရင်က ဗီဇပြောင်းပိုးတွေနဲ့ သိသိသာသာ ကွာတာမျိုး မရှိပါဘူး။ ဘယ်လောက်ပြင်းထန်မလဲ ဆိုတာကတော့ ကာကွယ်ဆေး ထိုးထားတဲ့ အခြေအနေ ရောဂါအခံရှိမရှိ အသက် အရင်က ကိုဗစ်ဖြစ်ဖူးခြင်း […]


ကိုရိုနာဗိုင်းရပ်စ်

ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်

ကိုဗစ် ဖြစ်ပွားမှုက ၃ နှစ်တာလောက် ကြာမြင့်လာပြီးတဲ့နောက်မှာတော့ သုတေသီတွေက ကိုဗစ်ကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်းမျိုးစုံကို ရှာဖွေလာကြပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးတွေကို ကြိုးပမ်းနေသလို ကုသနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်။ ဒီရှာဖွေ ကြိုးပမ်းမှုရဲ့ ရလဒ်အနေနဲ့ မ​ကြာသေးခင်က ကိုဗစ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒါက ဘာများဖြစ်မလဲ။ ဒီနည်းလမ်းက ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား ....... ဆေးခြောက်က ကိုဗစ်ကို ကာကွယ်ပေးနိုင်တော့မလား ......... ဆေးခြောက် သောက်သုံးမှုက သောက်သုံးသူကို novel coronavirus ကနေ မကာကွယ်ပေးနိုင်လောက်ပေမယ့် ဆေးခြောက်ကို ဆေးဝါးအသုံးပြုမှုအနေနဲ့ အသုံးပြုတာက ကိုဗစ်ကို ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်တော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအနေအထားကို အတည်ဖြစ်လာစေဖို့ မျှော်လင့်နေသူတွေကလည်း အများကြီးပါ။ ဆေးခြောက်ကို မှန်ကန်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် Booster ထိုးပြီးတဲ့အခါ ဘယ်လို ဂရုစိုက်မလဲ။

ကိုဗစ် ကာကွယ်ဆေး တစ်ကြိမ်ထိုးတိုင်း အဆင်ပြေပါ့မလား။ ဘာတွေကိုများ ဘေးထွက်ဆိုးကျိုး အနေနဲ့ ခံစားရမလဲ မသိဘူးဆိုပြီး စိတ်ပူရင်း ကျော်ဖြတ်ခဲ့တာ ၂ ကြိမ်ပြည့်ပြီးလို့ အဆင်ပြေပြီလို့ တွေးနေချိန်မှာ ကိုဗစ် မျိုးစိတ်သစ် omicron ကြောင့် ကိုဗစ် Booster ထိုးရမယ်။ Boosterထိုးမှ ကိုဗစ် မျိုးစိတ်သစ် omicron ကို ကာကွယ်နိုင်မယ်ဆိုတော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့အတွက် ပြင်ဆင်ကြရပြန်တယ်လေ။ ကိုဗစ် Booster ကို ထိုးဖို့ နောက်ဆုံး ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၃ လ ကြာပြီလား။ ၆ လပြည့်ပြီလားလို့ တွက်ပြီးချိန်မှာ မဖြစ်မနေဆိုတော့လည်း Booster ထိုးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ကြောက်တယ်။ ကိုဗစ် Boosterထိုးပြီးရင် ဘေးထွက်ဆိုးကျိုး မဖြစ်စေဖို့ ဘယ်လို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းတွေ

ကိုဗစ် ကာကွယ်ဆေးတွေကို အမျိုးမျိုးသော အစီအစဉ်တွေနဲ့ ထိုးနှံနေကြရာမှာ အခုဆိုရင် တော်တော်များက ကာကွယ်ဆေးတွေ ထိုးပြီးကြပြီပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးတာ တော်တော်များများ ထိုးပြီးချိန်မှာ Omicron မျိုးစိတ်သစ်က ထွက်ပေါ်လာတာကြောင့် ဒီ မျိုးစိတ်ကို ကာကွယ်ဖို့အတွက် ထပ်ဆောင်းကာကွယ်ဆေး (Booster) ထပ်ထိုးဖို့က လိုလာပါတယ်။ အကြောင်းကတော့ Omicron ကို ကာကွယ်ဖို့ဆိုရင် booster ထပ်ထိုးထားမှ ဖြစ်မယ်၊ ဒါမှ ကောင်းကောင်း ကာကွယ်နိုင်မယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာတာကိုး။ ဒီတော့ Omicron ကို ကာကွယ်ဖို့ မဖြစ်မနေ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ စဉ်းစားရပြီလေ။ ဒီလို စဉ်းစားလိုက်ချိန်မှာ ​ခေါင်းထဲမှာ ဒီလိုဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးလို့ဖြစ်ပါ့မလား။ ဒါဆိုရင်ရော ထိုးလို့ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် ခြင်း

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာ ဘေးထွက်ဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားရနိုင်တယ်ဆိုတာကို သိထားပြီးသားပါ။ တကယ်လည်း ထိုးပြီးတဲ့အခါ ဖျားတဲ့သူဖျား၊ နာတဲ့သူ နာကြပါတယ်။ ဒီလောက်က ဘာမှမဟုတ်ပေမယ့် ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် လာကြတဲ့အခါ စိုးရိမ်စိတ်တွေ များလာကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ခံစားရနိုင်သလဲ။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘယ်အမျိုးအစားပဲ ထိုးထိုး အောက်ပါဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားရနိုင်ပါတယ်။ ဖျားတာ ချမ်းတုန်တာ ကိုယ်လက်ကိုက်တာ နုံးတာ ခေါင်းကိုက်တာ ဆေးထိုးတဲ့နေရာမှာ နာတာ (လက်မောင်းကိုက်တာ) ဒီလက္ခဏာတွေက များသောအားဖြင့် မပြင်းထန်ဘဲ တစ်ရက်၊ ၂ရက်လောက်နေရင် ပျောက်သွားပါတယ်။ ဒီလက္ခဏာတွေ ခံစားရတာက ကာကွယ်ဆေးကို ခုခံအားက တုံ့ပြန်တာကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် လာတာ ဘာကြောင့်လဲ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အခါ အကျိတ်ထွက်လာကြတာကြောင့် လူအများကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာကြပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

GLP-1 receptor agonists တွေကို ကိုဗစ်လူနာမှာ ဆက်သုံးသင့် မသုံးသင့်

ကိုဗစ်လူနာတွေမှာ ရောဂါအခံတွေရှိရင် ပိုပြီးပြင်းထန်တတ်တာ အားလုံးသိကြပြီးသားပါ။ ကိုဗစ်ကြောင့်လည်း နဂိုရောဂါအခံတွေ ပိုဆိုးတတ်သလို ရောဂါအခံတွေကြောင့် ကိုဗစ်ကို ခံနိုင်ရည် မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ ကိုဗစ်ဖြစ်တဲ့အခါ မိမိမှာ ရှိတဲ့ ရောဂါအခံတွေကို ထိန်းထားတာ အကောင်းဆုံးပါ။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါဆို ပိုပြီး သတိထားသင့်ပါတယ်။ ကိုဗစ်ကြောင့် ကိုယ်တွင်းမှာ stressများပြီး ဆီးချိုသွေးချိုရောဂါ ပိုဆိုးနိုင်သလို၊ ကိုဗစ်မှာ ကုတဲ့ဆေး (ဥပမာ စတီးရွိုက်)တွေကြောင့်လည်း သွေးတွင်းသကြားဓာတ် တက်တတ်ပါတယ်။ ဒါ့ပြင် ကိုဗစ်မှာ တချို့ဆီးချိုသွေးချိုရောဂါဆေးတွေ (ဥပမာ မက်ဖော်မင်)ကို ရပ်ပြီး တခြားအမျိုးအစား ပြောင်းသုံးရတာတွေလည်း ရှိပါတယ်။ ဒါဆို GLP-1 receptor agonists တွေကို ကိုဗစ်လူနာမှာ ဆက်သုံးသင့်ရဲ့လား။ GLP-1 receptor agonistsရဲ့ အားသာချက် GLP-1 receptor agonists (ဥပမာ Liraglutide) တွေက […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီးရင် Booster ကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးမလဲ

အိုမီခရွန်ပေါ်လာပြီးနောက်ပိုင်းမှာ Booster ထိုးတာက အရေးပါလာပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ၂ကြိမ် အပြည့်ထိုးပြီးရင် Boosterထိုးပေးလာကြပါပြီ။ အိုမီခရွန်က ဗီဇပြောင်းတဲ့ နေရာများတဲ့အတွက် ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ သူရော၊ အရင်က ကိုဗစ်ဖြစ်ထားတဲ့ သူမှာပါ ပြန်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် Boosterက ပိုလို့တောင် ထိုးသင့်နေပါပြီ။ တကယ်လို့ Booster မထိုးခင်မှာ ကိုဗစ်ဖြစ်ထားတယ်ဆိုရင် Boosterကို ထိုးဖို့ လိုမလား၊ ထိုးမယ်ဆို ဘယ်အချိန်မှာ ထိုးရမလဲဆိုတာကို ပြောပြပေးပါမယ်။ ကိုဗစ်ဖြစ်ပြီးရင် Booster ထိုးဖို့ လိုမလို ကိုဗစ်ဖြစ်ထားလည်း Booster က ထိုးဖို့ လိုပါတယ်။ အထူးသဖြင့် အိုမီခရွန်က မြန်မာနိုင်ငံကို ရောက်နှင့်ပြီး ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကိုဗစ်ဖြစ်ရင် အိုမီခရွန်ဖြစ်ဖို့ များပါတယ်။ အိုမီခရွန်မဟုတ်တဲ့ တခြားဗီဇပြောင်းပိုး ဖြစ်နေခဲ့ရင်လည်း Booster က […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်