မျောက်ကျောက် ဆိုတာ

မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။
မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။
မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ [Democratic Republic of the Congo (DRC) ] မှာ လူတွေမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။
မျောက်ကျောက် လက္ခဏာတွေ
လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ကြီးရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ကြီးရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၂၁ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။
မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အစောပိုင်း ကာလမှာ
- ဖျားတာ
- ခေါင်းကိုက်တာ
- နောက်ကျောတွေ ခါးတွေ နာတာ
- ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ
- ချမ်းတုန်တာ
- ခြေကုန်လက်ပမ်းကျတာ၊ မောပန်းလွယ်တာတွေ ခံစားရနိုင်ပါတယ်။
အဖျားဝင်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ
ဒီလို အဖုအပိမ့်တွေ ထွက်လာပြီးတဲ့ နောက်မှာတော့ နောက်ထပ် အဆင့်တွေအနေနဲ့
- အသားအရေ အရောင်ပြောင်းတာ
- အနာစက်တွေ ထွက်လာတာ
- အရည်ကြည်ဖုတွေ ထွက်လာတာ
- ပြည်တည်နာလို ပြည်ဖုလေးတွေ ဖြစ်လာတာ
- အနာတွေ ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီ မျောက်ကျောက်ရောဂါကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ ၄ ပတ်လောက် အကြာမှာ ပြန်သက်သာသွားတာမျိုး ရှိပါတယ်။ အာဖရိကမှာတော့ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။
ကျောက်ကြီးကာကွယ်ဆေးက ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။
မျောက်ကျောက် ကူးစက်မှု
မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။
- ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ
- ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာ
- အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့် သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ ဝင်ရောက်ပြီး ကူးစက်တာ
- ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာကြောင့် ကူးစက်တာ
- ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကိုက်ခံရတာ
- အနာထဲကို ရောဂါပိုးရှိတဲ့ သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ
- ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကုတ်ခံရတာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန် အသားကို စားမိတာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ကို နမ်းရှုံ့တာ
- အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာ
- ရောဂါပိုးရှိသူနဲ့ အချိန် အတော်ကြာ နီးနီးကပ်ကပ် ထိတွေ့မိတာ
- ရောဂါပိုး ရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်း စတာတွေကို အသုံးပြုမိတာ
- ရောဂါပိုး ကူးစက်ခံထားရသူနဲ့ အတူနေမိတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။
ရေကျောက် နဲ့ မျောက်ကျောက် မတူကွဲပြားချက်များ
ရေကျောက်
- ကာကွယ်ဆေးရှိတယ်။
- ရေယုန်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာဖြစ်တယ်။
- ရေကျောက် ကာကွယ်ဆေး ထိုးထားသူတွေမှာ မဖြစ်ဘူး။
- အဖုအပိမ့်တွေက ရင်ဘတ်၊ ကျောစတာတွေမှာ စပေါက်တယ်။
- အနီရောင် အဖုအပိမ့်လေးတွေကနေ အရည်ကြည်ဖုလေးတွေ ဖြစ်မလာခင် ၂ ရက်လောက်အလိုမှာ အကူးအများဆုံးဖြစ်တယ်။
- ချွဲတွေ၊ သွားရည် နဲ့ အရည်ကြည်ဖုလေးတွေကနေ ထွက်လာတဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်တယ်။
- ကလေး၊ လူကြီးမရွေး ဖြစ်နိုင်ပေမယ့် ၁၂ နှစ်အောက် ကလေးတွေမှာ အဖြစ်များတယ်။
မျောက်ကျောက်
- ကာကွယ်ဆေး မရှိသေးပါဘူး။ ကျောက်ကြီးကာကွယ်ဆေးက ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။
- ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။
- မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။
- မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။
- လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။
- မျက်နှာမှာ စထွက်တတ်ပြီး ဒီကနေမှ ခန္ဓာကိုယ် အခြား အစိတ်အပိုင်းတွေဆီ ပြန့်သွားပါတယ်။
- ရောဂါပိုး ပေကျံနေတဲ့အရာတွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ နှချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်တွေကနေတဆင့် ကူးစက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။