ကမ္ဘာ့နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်နေသလို မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံမှာလည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေရှိနေပါတယ်။ ဒီလို ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ။ ကာကွယ်ဆေးများ မရှိဘူးလားလို့ တွေးနေမိပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတာလေးတွေကို အဖြေပေးနိုင်မှာပါ။ ကဲ ….. မျောက်ကျောက် ကာကွယ်ဆေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။