အသုံးပြုပုံများ
Trichopus Zeylanicus ကို ဘာအတွက်အသုံးပြုကြသလဲ
အသုံးပြုခြင်း
ထွက်မှာ သေချာပြီလား။
အသုံးပြုခြင်း
Trichopus zeylanicus ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။
Trichopus zeylanicus ဟာ အိန္ဒိယနိုင်ငံမှာပေါက်ရောက်တဲ့ ရှားပါးအပင်တစ်မျိုးဖြစ်ပြီး ၎င်းရဲ့ အရွက်နဲ့ အသီးကို ဆေးအဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။
Trichopus zeylanicus ကို သက်လုံကောင်းစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ကိုယ်အလေးချိန်ကျဆင်းစေဖို့နဲ့ ကာမဆန္ဒအားကောင်းစေဖို့ အဓိကအသုံးပြုကြသလို အသည်းရောဂါ၊ အစာအိမ်အနာ၊ ပင်ပန်းနွမ်းနယ်မှုနဲ့ ကာမစွမ်းဆောင်ရည်ဆိုင်ရာ ပြဿနာတွေကို ကုသရာမှာလည်း အသုံးဝင်တယ်လို့ သိရပါတယ်။
Trichopus zeylanicus က ခန္ဓါကိုယ်အတွက် ဘယ်လိုအလုပ် လုပ်သလဲ။
Trichopus zeylanicus ရဲ့ အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် ဆွေးနွေးပါ။
သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။
Trichopus zeylanicus ကို အသုံးမပြုခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။
အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။
သာမန်ဆေးဝါးများ အသုံးပြုခြင်းထက်စာလျှင် အပင်မှရရှိသည့်ဆေးဝါးများ အသုံးပြုခြင်းက ကန့်သတ်ချက်ပိုနည်းပေမယ့် စိတ်ချရမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ လေ့လာစမ်းသပ်မှုများ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဆေးပင်အသုံးပြုခြင်းမှ ရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင့်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
Trichopus zeylanicus ဟာ အသုံးပြုဖို့ စိတ်ချရရဲ့လား။
Trichopus zeylanicus ဟာ အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ၊ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သတင်းအချက်အလက် မရှိသေးပါဘူး။
အထူးသတိပြုရမည့်အချက်များနှင့် သတိပေးချက်များ
ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်နေချိန်
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိတဲ့အတွက် အသုံးမပြုခြင်းက သင့်အတွက် စိတ်အချရဆုံး ဖြစ်ပါလိမ့်မယ်။
ကိုယ်ခံအားတုံ့ပြန်မှုကြောင့်ဖြစ်တဲ့ရောဂါများ
Trichopus zeylanicus ဟာ ကိုယ်ခံအားအဖွဲ့အစည်းကို လှုံ့ဆော်နိုင်တဲ့အတွက် multiple sclerosis၊ systemic lupus erythematosus (SLE)၊ လေးဘက်နာအဆစ်ရောင်ရောဂါစတဲ့ ကိုယ်ခံအားတုံ့ပြန်မှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုရောဂါရှိသူတွေအနေနဲ့ Trichopus zeylanicus ကို လုံးဝအသုံးမပြုတာက အကောင်းဆုံးပါပဲ။
ဘေးထွက် ဆိုးကျိုးများ
Trichopus zeylanicus က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။
ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
သက်ရောက်ဓါတ်ပြုမှုများ
ဘယ်လိုဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေက Trichopus zeylanicus နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
Trichopus zeylanicus ဟာ သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးများ၊ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးအသုံးမပြုခင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။
Trichopus zeylanicus နဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
ကိုယ်ခံအားကျဆင်းစေသည့်ဆေးဝါးများ (immunosuppressants)
Trichopus zeylanicus ဟာ ကိုယ်ခံအားကို အားကောင်းစေတဲ့ ဆေးဝါးဖြစ်တဲ့အတွက် ဒီဆေးကို azathioprine (Imuran), basiliximab (Simulect), cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf), sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids) စတဲ့ immunosuppressant အုပ်စုဝင် ဆေးဝါးတွေနဲ့ တွဲပြီးသောက်သုံးမယ်ဆိုရင် ၎င်းတို့ရဲ့ဆေးအာနိသင်ကို လျော့ကျစေနိုင်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အသုံးပြုရန်အညွှန်း
ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးပင်ပညာရှင်နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
Trichopus zeylanicus ကို ပုံမှန်အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။
အသက်၊ ကျန်းမာရေး စတဲ့ လူတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ဆေးသောက်သုံးရမယ့် ပမာဏ ကွဲပြားခြားနားနိုင်ပါတယ်။ အပင်ကထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ သုံးစွဲဖို့ အမြဲတစေစိတ်ချရတဲ့ အနေအထားမှာ မရှိတဲ့အတွက် သင်သောက်သုံးရမယ့် အတိုင်းအတာပမာဏကို သိရှိဖို့ သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Trichopus zeylanicus ကို သဘာဝဆေးပင် ပုံစံဖြင့် ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Trichopus zeylanicus http://www.webmd.com/vitamins-supplements/ingredientmono-1191-trichopus%20zeylanicus.aspx?activeingredientid=1191&activeingredientname=trichopus%20zeylanicus Accessed August 5, 2017
Trichopus zeylanicus https://examine.com/supplements/trichopus-zeylanicus/ Accessed August 5, 2017