အသုံးပြုပုံများ
တွန်ကာပဲပင် ကို ဘာအတွက်အသုံးပြုကြသလဲ
Tonka bean ဟာ အပင်တမျိုး ဖြစ်ပြီး ၎င်းရဲ့ အသီးနဲ့ အစေ့တို့ကို ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။Tonka bean ဟာ လိင်စိတ်ကို အားပေးပြီး ကြွက်တက်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ချောင်းဆိုးခြင်း၊ကြွက်သားများ အကြောဆွဲခြင်း နဲ့ တီဘီရောဂါ တို့ကို ကုသပေးနိုင်သလို နာတာရှည်ရောဂါတွေကြောင့် ကြွက်သားသိမ်လှီခြင်း၊ပြန်ရည်ကြောတွေ ပိတ်ဆို့တဲ့အတွက် ဖောင်းကားရောင်ရမ်းခြင်း နဲ့ ကပ်ပါးပိုးတမျိုးကြောင့် ဖြစ်ပွားတဲ့ schistosomiasis ရောဂါကို ကုသရာမှာလည်း အသုံးဝင်ကာ ဆေးရည်အဖြစ် သောက်သုံးရပါတယ်။
ပါးစပ်အနာတွေ၊နားကိုက်ခြင်း နဲ့ လည်ချောင်းနာခြင်းတို့ကို ကုသဖို့ဆိုရင်တော့ Tonka bean ကို အနာပေါ်တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။Tonka bean ကို အခြားသော ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်တာမို့ အသေးစိတ်သိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေထံ မေးမြန်းရပါမယ်။
ဘယ်လိုအလုပ်လုပ်လဲ
Tonka bean ဟာ သူ့ရဲ့ အာနိသင်တွေကို ဘယ်လိုပြသလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဒါပေမယ့် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ Tonka bean မှာ ပါဝင်တဲ့ဓါတ်ပစ္စည်းတွေဟာ ဖောရောင်ခြင်း နဲ့ ခန္ဓါကိုယ်အတွင်း ရေဓါတ်စုပုံများပြားခြင်းတို့ကို သက်သာကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
တွန်ကာပဲပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
- သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ ဘာလို့လဲဆိုတော့ အဆိုပါ အခြေအနေမျိုးတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ သုံးစွဲသင့်လို့ ဖြစ်ပါတယ်။
- အခြားဆေးများကို သုံးစွဲနေလျှင် (ဆရာဝန်ဆေးစာမပါဘဲ ဝယ်ယူနိုင်သော ဆေးများလည်း ပါဝင်သည်)။
- Tonka bean သို့မဟုတ် အခြားသော ဆေးများ၊သဘာဝဆေးဖက်ဝင်ပင်များမှ ထုတ်လုပ်ထားသော ဆေးဝါးများနှင့် ဓါတ်မတည့်လျှင်။
- သင့်တွင် အခြားသော ရောဂါများ ရှိနေလျှင် (အထူးသဖြင့် အသည်းရောဂါ ရှိသူများ)။ Tonka bean တွင်ပါဝင်သော ဓါတ်ပစ္စည်းများသည် အသည်းထိခိုက်မှုကို ဖြစ်စေနိုင်သောကြောင့် ရှိရင်းစွဲ အသည်းရောဂါကို ပိုဆိုးလာစေနိုင်သောကြောင့် ဖြစ်ပါတယ်။
- အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။
ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ
Tonka bean ကို မသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံမေးမြန်းနိုင်ပါတယ်။
တွန်ကာပဲပင် က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ Tonka bean ဆေးကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
တွန်ကာပဲပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
Tonka bean ကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
- ပျို့အန်ခြင်း။
- မအီမသာဖြစ်ခြင်း။
- ဝမ်းလျှောခြင်း။
- မူးဝေထိုင်းမှိုင်းခြင်း။
- အိပ်မပျော်ခြင်း။
- အသည်းပြဿနာများ။
အရေပြားပေါ်ကို တိုက်ရိုက်လိမ်းရန် စိတ်ချရခြင်းရှိမရှိနှင့် ပတ်သက်ပြီး လုံလောက်သော အချက်အလက်များ မရှိပါ။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
တွန်ကာပဲပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
Tonka bean ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဆေးကို အသုံးမပြုမီ ဆရာဝန် ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါးတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်သူနဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
တွန်ကာပဲပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။
တွန်ကာပဲပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
- Tonka bean အဆီ။
- ပုံစံမပြောင်းလဲရသေးတဲ့ Tonka bean သစ်ဥသစ်ဖုပုံစံ။
Tonka bean အစေ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။