Lady’s Mantle ဆိုတာ ဆေးပင်ပါ။ မြေပေါ်မှာ ပေါ်နေတဲ့ အစိတ်အပိုင်းတွေကိုတော့ ဆေးအဖြစ် အသုံးပြုပါတယ်။
ကိုယ်အတွင်းပိုင်းအတွက် အသုံးပြုခြင်း။
- အစာအိမ်ရောဂါများ၊ ဝမ်းအနည်းငယ် လျောခြင်းများ၊ ဆီးချိုသွေးချိုများနဲ့ ရေဖော ဖောနေခြင်းများတွင် အသုံးပြုပါတယ်။
- အချို့က ပါးစပ်နာ၊ လည်ချောင်းနာတို့ အတွက် ပလုပ်ကျင်းရည် အဖြစ်အသုံးပြုကြပါတယ်။
- မိန်းမတွေကတော့ ရာသီလာစဉ် နာကျင်၍သော်လည်ကောင်း သွေးအလွန်ဆင်း၍သော်လည်းကောင်း သွေးဆုံးချိန်များအတွင်သော်လည်းကောင်း အသုံးပြုကြပါတယ်။
ကိုယ်အပြင်ပိုင်းအတွက် အသုံးပြုခြင်း
- အချို့က ဒဏ်ရာ သွေးတိတ်စေဖို့၊ အနာကျက်စေဖို့၊ နှင်းခူများ အနာများ အဖုအပိမ့်များ ကုသဖို့အတွက် အရေပြားတွင် လိမ်းလေ့ရှိပါတယ်။
- ဗိုက်အောက်ပိုင်း နေထိုင်မကောင်းဖြစ်ခြင်းကို ပျောက်ကင်းစေဖို့ ရေထဲထည့်ချိုးလေ့ရှိပါတယ်။
Lady’s Mantle ကို အခြားအသုံးပြုပုံများလည်း ရှိပါသေးတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန် ဒါမှမဟုတ် တိုင်းရင်းဆေးဆရာဝန် တစ်ယောက်ယောက်ကို မေးနိုင်ပါတယ်။
အသုံးပြုပုံများ
လေဒီ မန်တယ် ကို ဘာအတွက်အသုံးပြုကြသလဲ
Lady’s Mantle ဆိုတာ ဆေးပင်ပါ။ မြေပေါ်မှာ ပေါ်နေတဲ့ အစိတ်အပိုင်းတွေကိုတော့ ဆေးအဖြစ် အသုံးပြုပါတယ်။
ကိုယ်အတွင်းပိုင်းအတွက် အသုံးပြုခြင်း။
- အစာအိမ်ရောဂါများ၊ ဝမ်းအနည်းငယ် လျောခြင်းများ၊ ဆီးချိုသွေးချိုများနဲ့ ရေဖော ဖောနေခြင်းများတွင် အသုံးပြုပါတယ်။
- အချို့က ပါးစပ်နာ၊ လည်ချောင်းနာတို့ အတွက် ပလုပ်ကျင်းရည် အဖြစ်အသုံးပြုကြပါတယ်။
- မိန်းမတွေကတော့ ရာသီလာစဉ် နာကျင်၍သော်လည်ကောင်း သွေးအလွန်ဆင်း၍သော်လည်းကောင်း သွေးဆုံးချိန်များအတွင်သော်လည်းကောင်း အသုံးပြုကြပါတယ်။
ကိုယ်အပြင်ပိုင်းအတွက် အသုံးပြုခြင်း
- အချို့က ဒဏ်ရာ သွေးတိတ်စေဖို့၊ အနာကျက်စေဖို့၊ နှင်းခူများ အနာများ အဖုအပိမ့်များ ကုသဖို့အတွက် အရေပြားတွင် လိမ်းလေ့ရှိပါတယ်။
- ဗိုက်အောက်ပိုင်း နေထိုင်မကောင်းဖြစ်ခြင်းကို ပျောက်ကင်းစေဖို့ ရေထဲထည့်ချိုးလေ့ရှိပါတယ်။
Lady’s Mantle ကို အခြားအသုံးပြုပုံများလည်း ရှိပါသေးတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန် ဒါမှမဟုတ် တိုင်းရင်းဆေးဆရာဝန် တစ်ယောက်ယောက်ကို မေးနိုင်ပါတယ်။
လေဒီ မန်တယ်က ဘယ်လိုအလုပ်လုပ်လဲ
Lady’s Mantle မှာ တန်နင်လို့ခေါ်တဲ့ ဓါတု ဒြပ်ပေါင်းတစ်ခု ပါဝင်ပါတယ်။ အဲဒါက ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။
ယင်းဆေးပင်ဟာ ဘယ်လို အလုပ်လုပ်တာလဲဆိုတာ ခိုင်လုံတဲ့ လေ့လာသုံးသပ်မှုမရှိပါဘူး။ နောက်ထပ်သိရှိလိုပါက တိုင်းရင်ဆေးဝါးပညာရှင် ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
လေဒီ မန်တယ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအခြေအနေများ ဖြစ်နေပါက ဆရာဝန်၊ တိုင်းရင်းဆေးဆရာဝန်၊ ဆေးဝါးပညာရှင်တို့နှင့် ဆွေးနွေးပါ။
- ကိုယ်ဝန်ရှိနေခြင်း ဒါမှမဟုတ် နို့တိုက်မိခင် ဖြစ်နေခြင်း။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ် နို့တိုက်နေစဉ်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးသာ သောက်သင့်လို့ပါ။
- အခြားဆေးများ သောက်နေခြင်း။ ဆရာဝန်ခွင့်မပြုချက်မပါဘဲ ဆေးဆိုင်များကို မိမိဘာသာ ဝယ်သောက်နေသော ဆေးများ ပါဝင်ပါတယ်။
- Lady’s Mantle နှင့် အခြားသော ဆေးပင်များနဲ့ ဓါတ်မတည့်ခြင်း။
- အခြားသော ရောဂါများ၊ ချို့ယွင်းမှုများနဲ့ ဆေးစစ်တမ်းများ ရှိနေခြင်း။
- အစား၊ ဆိုးဆေး၊ တာရှည်ခံ ဒြပ်ပေါင်းများ အိမ်မွေးတိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း။
ဆေးပင်ကနေလုပ်ထားတဲ့ ဓါတ်စာ တွေဟာ ဓါတုဆေးဝါးတွေလောက် တိတိကျကျသတ်မှတ်ချက်တွေ မရှိပါဘူး။ ဘယ်လောက် ဘေးကင်းတယ်ဆိုတာကို ဆုံးဖြတ်ရန် ပိုမို လေ့လာဖို့ လိုအပ်ပါသေးတယ်။ ယင်းဆေးဝါးကို အသုံးမပြုခင်မှာ ရရှိမယ့် ကောင်းကျိုးက ဆိုးကျိုးထက် ပိုနေရပါမယ်။ နောက်ထပ်သိလိုပါက ဆရာဝန်၊ ဆေးပင်ပညာရှင် တို့နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။
လေဒီ မန်တယ် က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ရှိသူများနှင့် နို့တိုက်မိခင်များ
ကိုယ်ဝန်သည် နှင့် နို့တိုက်မိခင်တို့တွင် Lady’s Mantle ၏ ယုံကြည်စိတ်ချရမှုကို လေ့လာထားခြင်း မရှိပါဘူး ။ သို့ဖြစ်ပါ၍ ဘေးကင်းစေရန် အသုံးမပြုတာ အကောင်းဆုံးပါ။
ဘေးထွက်ဆိုးကျိုးများ
လေဒီ မန်တယ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
Lady’s Mantle က အသည်းကို ထိခိုက်ကောင်းထိခိုက်နိုင်ပါတယ်။ တချို့ကတော့ အဲဒီကောက်ချက်ကို ပိုလွန်းတယ်လို့ ထင်ကြပါတယ်။ Lady’s Mantle ကို အရေပြားမှာ လိမ်းကျံခြင်းက ဘေးကင်းစိတ်ချရသလား ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာမှုသိပ်မရှိထားပါဘူး။
ယင်းဆိုးကျိုးတွေကိုတော့ လူတိုင်းခံစားရမည် မဟုတ်ပါ။ ဖော်ပြထားသည့်အထဲတွင် မပါဝင်သော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ဆိုးကျိုးလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
လေဒီ မန်တယ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ယင်းဆေးပင်က သင်လက်ရှိ သောက်နေသာ ဆေးများ (သို့) ခံစားနေရသော ရောဂါ အခြေအနေများနှင့် မတည့်တာ ရှိနိုင်ပါတယ်။ အသုံးမပြုခင်မှာ ဆေးပင်ပညာရှင် ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပေးပါ။
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
လေဒီ မန်တယ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ပုံမှန်သုံးနေကျ ပမာဏ။ ဝမ်းလျှောခြင်းအတွက် တစ်နေ့ကို 5g မှ 10g အထိ။
Lady’s Mantle လက်ဖက်ရည်။
- ဆေးပင်အခြောက် လက်ဖက်ရည် နှစ်ဇွန်းကို ဆူနေတဲ့ 2-3dl ရေထဲမှာ ၁၀မိနစ်ကနေ ၁၅မိနစ်လောက် ထည့်ထားပေးပါ။
- အကြံပြုထားတာကတော့ တစ်နေ့ကို ၃ခွက်ပါ။
- လက်ဖက်ရည် ပြင်းပြင်းလေးကို ရရှိစေဖို့ တန်နင် တတ်နိုင်သလောက် ထွက်သွားအောင် အချိန်နည်းနည်းကြာကြာ တည်ထားနိုင်ပါတယ်။
တင်ချာအနေနဲ့ အကြံပြုထားတာကတော့ 1-2ml ပမာဏကို တစ်နေ့ကို သုံးကြိမ်ပါ။
ဈေးကွက်တင်ချာကိုသုံးမယ်ဆိုရင်တော့ အမြဲတမ်း ထုတ်လုပ်စက်ရုံတွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။
Lady’s Mantle ဆေးဝါးရဲ့ ဆေးညွှန်းက လူနာတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားပါတယ်။ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေနဲ့ အခြားသော အခြေအနေတွေပေါ်မူတည်ပြီး ဆေးညွှန်းက ပြောင်းလဲနိုင်ပါတယ်။ ဆေးပင်ကနေထုတ်ထားသော ဆေးဝါးတွေက အမြဲတမ်းတော့ ဘေးမကင်းပါဘူး။ သင့်အတွက် သင့်တော်သော ဆေးညွှန်းအတွက် ဆေးပင်ပညာရှင်၊ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပေးပါ။
လေဒီ မန်တယ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
ယင်းဆေးဝါးကတော့ အောက်ပါ ပုံစံတွေ အတိုင်း ဝယ်ယူရရှိနိုင်ပါတယ်။
- ထိုးဆေးများ
- အရွက်အစိုများ
- တင်ချာများ
- လိမ်းဆေးများ
- ပလုပ်ကျင်းရည်များ
- စအိုသွင်းဆေးတောင့်များ
Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။