Comfrey (ကွန်းဖရေး)

အသုံးပြုပုံများ

Comfrey ကို ဘာအတွက်အသုံးပြုကြသလဲ

Comfrey ကို ဗိုက်နာခြင်း၊ အနာဖြစ်ခြင်း၊ ရာသီများခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးသွေးပါခြင်း၊ ချောင်းကြာရှည်စွာ ဆိုးခြင်း၊ အသက်ရှူစဉ် နာကျင်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ ကင်ဆာနဲ့ ရင်ဘတ်အောင့်ခြင်းတွေအတွက် အသုံးပြုပါတယ်။ သူ့ကို သွားဖုံးရောဂါနဲ့ လည်ချောင်းနာခြင်းတွေအတွက် အာလုပ်ကျင်းရည် အဖြစ်လည်း အသုံးပြုပါတယ်။ Comfrey ကို အရေပြား အနာ၊ ဒဏ်ရာ၊ အဆစ်ရောင်ခြင်း၊ အညိုအမဲစွဲခြင်း၊ သွေးကြောဖေါင်းခြင်း၊ ဂေါက်ရောဂါနဲ့ အရိုးကျိုးခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။
သူဟာ အသည်းကို အဆိပ်အတောက်ဖြစ်စေတာကြောင့် Comfrey ကို ကိုယ်ခန္ဓါအတွင်းပိုင်းမှာ အသုံးမပြုသင့်ပါဘူး။

Comfrey ဘယ်လိုအလုပ်လုပ်လဲ

Comfrey ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် Comfrey မှာပါတဲ့ ဓါတုပစ္စည်းတစ်ခုဖြစ်တဲ့ allantoin က ဆဲလ်ပွားခြင်းနဲ့ အနာကျက်ခြင်းကို အားပေးပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Comfrey အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Comfrey ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။
Comfrey ကို တစ်နှစ်အတွင်းမှာ ခြောက်ပတ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။
အရေပြားပြဲနေရင် အသုံးမပြုသင့်ပါဘူး။
သူ့ကို အပြင်မှသာ သုံးစွဲသင့်ပြီး ကိုယ်ခန္ဓါအတွင်းပိုင်းအတွက် အသုံးပြုခြင်းဟာ အသည်းအဆိပ်သင့်စေနိုင်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Comfrey က ဘယ်လောက်စိတ်ချရလဲ

ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Comfrey ကို အသုံးမပြုသင့်ပါဘူး။
ဒီဆေးကို ဓါတ်မတည့်သူ (သို့) အသည်းရောဂါရှိသူတွေမှာလည်း အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Comfrey ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Comfrey ဟာ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
• ပျို့အန်ခြင်း၊ အစာမစားချင်ခြင်း၊ ဗိုက်နာခြင်း၊ အသည်းကြီးခြင်း၊ အသည်းအဆိပ်သင့်ခြင်း၊ အသည်း အကျိတ်ဖြစ်ခြင်း
• ဆီးအိမ် အကျိတ်ဖြစ်ခြင်း
• ဓါတ်မတည့်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Comfrey ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Comfrey ဟာ အသည်းကို ထိခိုက်စေတဲ့ ဆေးတွေ (သို့) တိုင်းရင်းဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။
Comfrey ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Comfrey အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အသည်းကို ထိခိုက်စေနိုင်တာကြောင့် ပါးစပ်က မသောက်သင့်ပါဘူး။ လိမ်းလိုက်တဲ့ alkaloid တွေဟာလည်း စုပ်ယူပြီး ဆီးအတွင်းမှာ ပါဝင်နိုင်တာကြောင့် Comfrey ကို တစ်နေ့ ၁၀၀mcg ထက်ပိုပြီး မလိမ်းသင့်ပါဘူး။
Comfrey ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Comfrey က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Comfrey ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• ဆေးလုံး
• Extract
• လိမ်းဆေး
• လက်ဖက်ရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001.
Print version. Page 199.

Comfrey . http://www.drugs.com/npp/Comfrey .html. Assessed August 7, 2016.

Comfrey . http://www.webmd.com/vitamins-supplements/ingredientmono- 295-Comfrey
.aspx?activeingredientid=295&activeingredientname=Comfrey . Assessed August 7, 2016.Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001.
Print version. Page 199.

Comfrey . http://www.drugs.com/npp/Comfrey .html. Assessed August 7, 2016.

Comfrey . http://www.webmd.com/vitamins-supplements/ingredientmono- 295-Comfrey
.aspx?activeingredientid=295&activeingredientname=Comfrey . Assessed August 7, 2016.Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001.
Print version. Page 199.

Comfrey . http://www.drugs.com/npp/Comfrey .html. Assessed August 7, 2016.

Comfrey . http://www.webmd.com/vitamins-supplements/ingredientmono- 295-Comfrey
.aspx?activeingredientid=295&activeingredientname=Comfrey . Assessed August 7, 2016.Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001.
Print version. Page 199.

Comfrey . http://www.drugs.com/npp/Comfrey .html. Assessed August 7, 2016.

Comfrey . http://www.webmd.com/vitamins-supplements/ingredientmono- 295-Comfrey
.aspx?activeingredientid=295&activeingredientname=Comfrey . Assessed August 7, 2016.

စာရေးသူ ဓာတ်ပုံ
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။