အသုံးပြုပုံများ
ကို ဘာအတွက်အသုံးပြုကြသလဲ
Avens သည် မြေပေါ်တွင်ပေါက်သော ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် အပင်တစ်မျိုးဖြစ်သည်။ ဤဆေးပင်သည် ဝမ်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ခေါင်းကိုက်ခြင်းနှင့် အစာအိမ်ရောင်ခြင်းများကို ကုသရန် အသုံးပြုကြသည်။ အရောင်ကျဆေး၊ ပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုကြသည်။
အနာများ နှင့် လိမ်ခေါင်းကိုကုသရာတွင်လည်း လိမ်းဆေးအဖြစ်သုံးကြသည်။ သို့သော် ယနေ့ခေတ်တွင် အသုံးနည်းသွားပြီဖြစ်သည်။ အစားအသောက်များတွင်လည်း အမွှေးအကြိုင်အဖြစ်ထည့်သုံးကြသည်
ဘယ်လိုအလုပ်လုပ်လဲ
ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ် ဤအပင်၏ အာနိသင်များကို လူများတွင် လေ့လာထားသော သုတေသနများမရှိပါ။ တိရိစ္ဆာန်များတွင် လေ့လာထားသည်လည်း ရှားပါသည်။
အရောင်ကျစေသော အာနိသင်သည် prostaglandins ကို ထွက်စေပြီး cyclooxygenase ကို နည်းစေသောကြောင့် ဖြစ်နှိုင်သည်။ avens သည် အကိုက်အခဲပျောက်ဆေးများလိုပင် အရောင်ကျစေသော အာနိသင်ရှိသည်ဟု တွေးထင်ထားကြသည်။ သို့သော် သေချာသက်သေပြနိုင်သော သုတေသနများမရှိပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
အသုံးမပြုခင် ဘာတွေသိသင့်သလဲ
လူနာကို ဤဆေးကို သောက်သည့်အခါ ကျွမ်းကျင်သော ဆေးပင်ပညာရှင်နှင့် တိုင်ပင်ရန်နှင့် သတိထားပြီးသောက်ရန် အကြံပြုသင့်သည်။ ဆေးပင်၏ အသုံးဝင်မှု၊ ဘေးထွက်ဆိုးကျိုးများ၊ နှင့် အဆိပ်အတောက်ဖြစ်စေခြင်းတို့ကို လေ့လာထားသော သုတေသနမရှိသောကြောင့် ဖြစ်သည်။
ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
က ဘယ်လောက်စိတ်ချရလဲ
သုတေသနများပြုလုပ်မပြီးခင် ဤ ဆေးပင်ကို ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးများတွင် အသုံးမပြုသင့်ပါ။
ဘေးထွက်ဆိုးကျိုးများ
ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
ဤဆေးပင်ကို အသုံးပြုခြင်းသည် ပျို့ခြင်း၊ အန်ခြင်း၊အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။
ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
Avens နှင့်ပတ်သတ်သော သုတေသနများ ရှားသည်။ ၎င်းသည် သွေးထဲရှိ blood urea nitrogen (BUN), creatinine ဓါတ်များကို များစေသည်။ ထို့ကြောင့် ထိုအရာများကို စစ်ဆေးချက်များကို သက်ရောက်မှုရှိနိုင်သည်။
ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ဤဆေးပင်ကို အသုံးပြုသော ပမာဏအမျိုးမျိုးရှိသည်။ သို့သော် အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။
က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။
• အဆီအနှစ်အရည်
• ပေါင်ဒါအမှုန့်
• လိမ်းဆေးရည်
• လက်ဘက်ရည်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။