backup og meta

ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း

    ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဆေးဖက်ဝင်အပင်အနေနဲ့လည်း လူသိများပါတယ်။ မျိုးကွဲပေါင်းလည်းများစွာရှိပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။ ကလျာဏီကို လတ်ဆတ်တဲ့အပင်အတိုင်းဖြစ်စေ၊ အခြောက်ခံထားတဲ့ ပုံစံနဲ့ဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကလျာဏီပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း ကို ပြောပြပေးချင်ပါတယ်။

    ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း

    ဆေးဖက်ဝင် ကလျာဏီ (Sage) အကြောင်း ကတော့

    အာဟာရဓာတ် ကြွယ်ဝခြင်း

    ကလျာဏီပင်မှာ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလျာဏီအခြောက်မှုန့် တစ်ဇွန်းစာ (ဝ.၇ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ ၂

    – ပရိုတင်း။ ဝ.၁ ဂရမ်

    – ကာဘိုဟိုက်ဒရိတ်။ ဝ.၄ ဂရမ်

    – အဆီဓာတ်။ ဝ.၁ ဂရမ်

    – သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၁.၁ ရာခိုင်နှုန်း

    – ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း

    – ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၁.၁ ရာခိုင်နှုန်း

    – ကယ်လ်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၁ ရာခိုင်နှုန်း

    – မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၁ ရာခိုင်နှုန်း စသဖြင့် ဖြစ်ပါတယ်။

    ဒါ့အပြင် မဂ္ဂနီဆီယမ်၊ ဇင့်၊ ကြေးနီ၊ ဗီတာမင် A C E စတာတွေ အနည်းငယ်စီ ပါဝင်ပါသေးတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့်ဖြစ်တတ်တဲ့ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။ ကလျာဏီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ပေါ်လီဖီနော အမျိုးကွဲပေါင်း ၁၀၀ ကျော်ပါဝင်ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေနည်းပြီး ဦးနှောက်နဲ့မှတ်ဉာဏ်ပိုင်းကို အကျိုးပြုတဲ့ ကလိုရိုဂျဲနစ်အက်ဆစ်၊ ကဖစ်အက်ဆစ်၊ ရို့စ်မရီနစ်အက်ဆစ် စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

    ခံတွင်းကျန်းမာရေးကို အထောက်အကူပြုခြင်း

    ကလျာဏီပင်မှာ ပိုးမွှားများကို နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိပါတယ်။ အထူးသဖြင့် သွားနဲ့ခံတွင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေရဲ့ ရန်ကို ကာကွယ်ပေးပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြချက်အရ ကလျာဏီပင်ကနေ ထုတ်လုပ်ထားတဲ့ ခံတွင်းသန့်ဆေးရည်ဟာ သွားပိုးပေါက်တွေကိုဖြစ်စေတဲ့ စထရပ်တိုကော့ကပ်စ်မြူတန် ဘက်တီးရီးယားကို သေစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လည်ချောင်းနာခြင်း၊ သွားဖုံးပြည်တည်ခြင်း၊ ပါးစောင်အနာဖြစ်ခြင်း စတာတွေကိုလည်း သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

    သွေးဆုံးချိန်ကြုံရသော ဝေဒနာများကို သက်သာစေခြင်း

    အမျိုးသမီးများသွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းကျဆင်းသွားတဲ့အတွက် ဝေဒနာအချို့ကို ကြုံရပါတယ်။ ချွေးထွက်များခြင်း၊ မျက်နှာနှင့် ရင်ဘတ်ပူနေခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း စတာတွေ ကြုံရပါတယ်။ ကလျာဏီဟာ သွေးဆုံးချိန်မှာကြုံတွေ့ရတဲ့ အဆိုပါဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ သုတေသီများရဲ့ အဆိုအရ ကလျာဏီမှာ အီစထရိုဂျင်နဲ့ ဆင်တူတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း

    ကလျာဏီပင်ရဲ့ အရွက်များကို တိုင်းရင်းဆေးပညာရပ်တွေမှာ ဆီးချိုကုသခြင်းအတွက် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေအရ ကလျာဏီပင်ကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ကြောင်း သိလာရပါတယ်။ အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင်ကိုလည်း ပိုမိုထိရောက်အောင် အထောက်အကူပြုပါတယ်။

    ဦးနှောက်နှင့်မှတ်ဉာဏ်ပိုင်းကို အကျိုးပြုခြင်း

    ကလျာဏီပင်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် အာရုံကြောအချက်ပြဓာတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အက်ဆီတိုင်းကိုလင်း (ACH) လျော့နည်းမသွားအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည်တွေမှာ အက်ဆီတိုင်းကိုလင်း ကျဆင်းနေတတ်ပါတယ်။

    နှလုံးကျန်းမာရေးအတွက် အကျိုးပြုခြင်း

    မကောင်းတဲ့ LDL ကိုလက်စထရောတွေ သွေးထဲမှာ မြင့်တက်လာရင် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာကိစ္စများကို ဒုက္ခပေးတတ်ပါတယ်။ ကလျာဏီဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ သုတေသနတခုအရ ကလျာဏီရွက်ခြောက်ကို လက်ဖက်ခြောက်လုပ်သောက်တဲ့အခါ မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု HDL ကိုလက်စထရောများကို မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။

    အရိုးကျန်းမာရေးကို အထောက်အကူပြုခြင်း

    ကလျာဏီပင်မှာ ဗီတာမင် K ကြွယ်ဝတဲ့အတွက် အရိုးပွခြင်း၊ ကြွပ်ဆတ်ပြီး ကျိုးပဲ့လွယ်ခြင်း စတဲ့အခြေအနေတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    အသားအရေကို အကျိုးပြုခြင်း

    ကလျာဏီပင်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အသားအရေကို တင်းရင်းစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရောခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းအတွန့်အခေါက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement