ကျွန်းရွက်က ဆီးရွှင်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဆီးသွားနည်းနေတယ်၊ ဆီးသွားရခက်နေတယ်ဆိုရင် ကျွန်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။
ကျွန်းရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွေကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါ တွေမဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အပူလောင်နာ၊ ထိခိုက်ရှနာ အမျိုးမျိုးကို သက်သာစေဖို့ ကျွန်းရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ကျွန်းရွက်က အနာကျက်စေပြီး အရေပြား ဆဲလ်တွေနဲ့ တစ်ရှူးတွေကို အလျင်အမြန် အသစ်ဖြစ်ပေါ် စေပါတယ်။
ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာတွေကို သက်သာစေဖို့လည်း ကျွန်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဆံသား ကျန်းမာစေဖို့လည်း ကျွန်းရွက်အဆီကို အသုံးပြုပေးလို့ ရပါတယ်။
မှိုပိုးတွေကို တိုက်ဖျက်ပေးတယ်
လေ့လာမှုတွေအရ ကျွန်းရွက်မှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် အရေပြားမှာ မှိုပိုးကြောင့် ထိခိုက်တာ ခြေသည်းလက်သည်း မှိုပိုးဝင်တာတွေကို သက်သာစေဖို့ ကျွန်းရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။