- နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးခြင်း
သစ်ကြံပိုးခေါက်ဟာ ကိုလက်စထရောကို ကျဆင်းစေပါတယ်။ အကျိုးပြု HDL ကိုလက်စထရောကို တည်ငြိမ်အောင်ထိန်းထားပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ တနေ့ကို သစ်ကြံပိုးခေါက် ၁၂၀ မီလီဂရမ်ခန့်ရရှိရင် ဒီအာနိသင်ကို ရရှိနိုင်ပါတယ်။ ကိုလက်စထရောကျဆင်းရင် သွေးတိုးခြင်းကို ကာကွယ်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေပါတယ်။
- အင်ဆူလင်အာရုံခံနိုင်အား ကောင်းမွန်စေခြင်း
အင်ဆူလင်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ စွမ်းအင်သုံးစွဲမှုအတွက် အရေးပါတဲ့ဟော်မုန်းဖြစ်ပါတယ်။ သွေးလည်ပတ်ရာမှတဆင့် ဆဲလ်များဆီ သကြားဓာတ်ပို့ဆောင်ရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်မတိုးတဲ့အခါ ဇီဝဖြစ်ပျက်မှုရောဂါစုနဲ့ အမျိုးအစား ၂ ဆီးချိုလို ပြဿနာမျိုးတွေကို ဦးတည်စေပါတယ်။ သစ်ကြံပိုးခေါက်မှာ အင်ဆူလင်အာနိသင်ကို အာရုံခံလုပ်ဆောင်နိုင်စွမ်း တိုးတက်လာအောင် အထောက်အကူပြုပါတယ်။
- သွေးတွင်းသကြားဓာတ်ကျစေပြီး ဆီးချိုကျစေခြင်း
ဖော်ပြပြီးခဲ့တဲ့အတိုင်း သစ်ကြံပိုးခေါက်ဟာ အင်ဆူလင်အာနိသင်ကို ပိုမိုအာရုံခံအားကောင်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်းထဲမှာ ကာဘိုဟိုက်ဒရိတ် ချေဖျက်မှုကို နှေးကွေးစေပါတယ်။ သုတေသနတွေအရ သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ – ၂၉ ရာခိုင်နှုန်းထိ ကျဆင်းစေနိုင်ပါတယ်။
ဦးနှောက်ဆဲလ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေ ပျက်စီးတဲ့အခါ အာရုံကြော ချို့ယွင်းမှုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတွေ ဖြစ်ပါတယ်။
သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အယ်လ်ဇိုင်းမားရောဂါမှာ စုပြုံလာတတ်တဲ့ ပရိုတိန်းတမျိုးကို တားဆီးပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အာရုံကြောလျှပ်ကူးပစ္စည်းတွေကို အားဖြည့်ပေးပြီး အာရုံကြောလုပ်ငန်းတာဝန်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။
သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ Cinnamaldehyde ဟာ ရောဂါပိုးမျိုးစုံကို ကာကွယ်ပေးနိုင်ပါတယ်။ မှိုစွဲခြင်းကြောင့်ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါများကို သက်သာစေနိုင်ပါတယ်။
Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် သွားများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဘာတွေ သိထားရမလဲ
သစ်ကြံပိုးခေါက်က ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး စားမိရင် ရင်ပူတာ သွေးချိုကျတာတွေ ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ရောဂါ အခံရှိသူတွေ နဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီးမှ သစ်ကြံပိုးခေါက်ကို စားသုံးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။