(၃) ဗောက် ပျောက်စေတယ်
ဘောစကိုင်း အစေ့က ရတဲ့ အဆီဟာ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ဗောက်ထခြင်း တို့လို ဆံသားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
(၄) သန် ကျစေတယ်
ဒါက လူသိများတဲ့ အချက်ပါ။ ဘောစကိုင်းအစေ့ကို ပြုတ်စား၊ ချက်စားရင် သန်ကျစေတဲ့ အာနိသင် ရှိပါတယ်တဲ့။ သန်ကောင်၊ တုတ်ကောင်တွေကို နှိမ်နင်းပေးနိုင်လို့ ဘောစကိုင်းကို မကြာမကြာ စားပေးသင့်ပါတယ်။
(၅) ကင်ဆာ ကာကွယ်တယ်
ကင်ဆာ ကာကွယ်ခြင်း၊ ကင်ဆာဆဲလ် မပြန့်ပွားအောင် တားဆီးနိုင်ခြင်း ဆိုတဲ့ အာနိသင်တွေကို ဘောစကိုင်းအစေ့ ကနေ ရရှိနိုင်ပါတယ်။
(၆) အကိုက်အခဲ ပျောက်စေတယ်
ဘောစကိုင်း မှာ နာကျင်ကိုက်ခဲမှုတွေ သက်သာစေတဲ့ သဘာဝအာနိသင် ပါရှိပါတယ်။ ဘောစကိုင်းပင်က ရတဲ့ အဆီအနှစ်နဲ့ လိမ်းလိုက်ရင် အဆစ်အမြစ် နာကျင်မှု၊ ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု၊ ဇက်ကြောနာခြင်း၊ ခါးနာခြင်း၊ အရွတ်နာခြင်း တို့ကို သက်သာစေနိုင်ပါတယ်။
(၇) ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေ သက်သာစေတယ်
ဘောစကိုင်းရွက်က အမျိုးသမီးတွေကို ရာသီစက်ဝန်း မှန်ကန်စေဖို့နဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေဖို့ အထောက်အကူ ပေးပါတယ်။
ဒီလို ဆေးဖက်ဝင်နေတဲ့ ဘောစကိုင်းရွက် ကို တို့စရာ အဖြစ်နဲ့ စားကြည့်ဖို့တော့ သင့်ပြီထင်တယ်နော်။
ဘာတွေ သတိထားရမလဲ
ဘောစကိုင်းပင်က ဆေးဖက်ဝင်တာ မှန်ပေမယ့် အလွန်အကျွံ မစားဖို့တော့လိုပါမယ်။ ဘောစကိုင်းရွက်ကို အများကြီးစားတာက အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ရောဂါအခံ ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။