သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ သစ်ကြံပိုးခေါက် ကို ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်အခါမှာလည်း သိပ္ပံနည်းကျ သုတေသနတွေ ပြုလုပ်ရာမှာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အာနိသင်တွေရှိကြောင်း သိရှိလာရပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ တွေပဲ ဖြစ်ပါတယ်။ https://hellosayarwon.com/herbals-alternatives/herbal-medicines/bay-leaf-health-benefits/ သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ သစ်ကြံပိုးခေါက် ၏ ကျန်းမာရေး အကျိုးပြုပုံ ကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပေါ်လီဖီနောလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများဆုံး ပါဝင်ပါတယ်။ ရောင်ရမ်းမှု ကျဆင်းစေသော ပစ္စည်းများပါဝင်ခြင်း ရောင်ရမ်းမှုဟာ ရောဂါပိုးဝင်ခြင်းနဲ့ တစ်ရှူးများပြင်ဆင်ခြင်းအတွက် အရေးပါတဲ့ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် […]


သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

သစ်ကြံပိုးခေါက်ကို သစ်ကြံပိုးပင်ရဲ့ အတွင်းပိုင်း သစ်ခေါက်လွှာကနေ ထုတ်လုပ်ထားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ သစ်ကြံပိုးခေါက်မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ သစ်ကြံပိုးခေါက်ကို အတန်အသင့်စားသုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် သစ်ကြမ်းပိုးခေါက်မှာ ပါဝင်တဲ့ coumarin ဓာတ်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ coumarin ဓာတ်ကို အလွန်အကျွံ စားသုံးမိရင် အသည်းကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်စေနိုင်ပါတယ်။ တခြားသော ကျန်းမာရေးပြဿနာတွေလည်း ရှိပါသေးတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သစ်ကြံပိုးခေါက်ကို လွန်ကဲစွာ သုံးစွဲမိတဲ့အခါ ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ […]


သဘာဝဆေးဖက်ဝင်

ကျွန်းရွက်လေး ကဆေးဖက်ဝင်ပါတယ်။

ကျွန်းလို့ ပြောလိုက်ရင် ကျွန်းသစ်၊ အိမ်ထောင်ပရိဘောဂတွေလုပ်မယ် အိမ်ဆောက်မယ် စတာတွေပဲ ပြေးမြင်မိမယ်ထင်ပါတယ်။ အာဟာရတန်ဖိုး မရှိနိုင်သလို ကျန်းမာရေးကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ထင်မထားမိလောက်ပါဘူး။ တကယ်တော့ ကျွန်းသစ်ကို ထုတ်လုပ်နေတဲ့ ကျွန်းပင်တွေရဲ့ အရွက်တွေဖြစ်တဲ့ ကျွန်းရွက်လေး က အခြား ဆေးဖက်ဝင် အပင်တွေ နည်းတူ ကျန်းမာရေး အာနိသင်ရှိနေပါတယ်။ ကျွန်းရွက် ဆိုတာ အရွက်ခပ်ဖားဖား နဲ့ ကြီးကြီးပြန့်ပြန့် သဏ္ဍာန်ရှိပြီးစင်တီမီတာ ၂၀ ကနေ ၃၀ လောက်အထိရှည်လျားပါတယ်။ အရွက်က ခပ်ကြမ်းကြမ်းရှိပြီး အရွက်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ မီးခိုရောင် ဒါမှမဟုတ် အဝါရောင်သန်းသန်း အမွှေးနုလေးတွေ ပါပါတယ်။ နုစဉ်မှာ အနီရောင်သန်းပြီး အစိမ်းရောင် ဖြစ်လာတာက ရင့်လာတာပါ။ ကျွန်းရွက်လေး ကပေးတဲ့ ကျန်းမာရေး အရွက်ဖားဖားနဲ့ လက်မှာပွတ်လိုက်ရင် နီနီလေးဖြစ်သွားစေတဲ့ ကျွန်းရွက်လေး က ပန်းနာရင်ကျပ် […]


သဘာဝဆေးဖက်ဝင်

ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဝါးရွက်လေးတွေကို ပြာရည်ထုပ်၊ ကောက်ညှင်းထုပ်လေးတွေ ထုပ်ဖို့ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား။ ဝါးရွက်က ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးသေးတယ်။ ဘယ်လိုများ အထောက်အကူပြုလို့လဲ သိချင်ရင်တော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းလေး ပြောပြပေးမယ်နော်။ ဝါးရွက်ဆိုတာ အာဟာရပါရဲ့လား........... ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ပန်ဒါလေးတွေ ဝါးပင်ဝါးရွက်တွေကို စားပြီး အသက်ရှင်နေတာပေါ့။ ဝါးပင်က နုစဉ်မှာ မျှစ်အဖြစ် စားသုံးလို့ရသလို ရင့်လာတဲ့အခါ အိမ်ထောင်ပရိဘောဂတွေအဖြစ် အသုံးပြုလို့ ရပါတယ်။ ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အမျှင်ဓာတ် အပြင် silica လည် ပါဝင်ပါတယ်။ Silica က အရိုးတွေကို သန်မာစေတာ၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတာ၊ ဆံသားတွေကို ကျန်းမာစေတာ စတဲ့ ကျန်းမာရေး […]


သဘာဝဆေးဖက်ဝင်

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီဟာ အသားအရေကို စိုပြေဝင်းမွတ်လာစေတဲ့ သဘာဝအဆီတွေထဲမှာ ပါဝင်ပါတယ်။ အုန်းသီးရဲ့ အသားဖတ်ကနေ ထုတ်ယူထားပြီး အရေပြားကျန်းမာရေးအတွက်  ကောင်းမွန်တဲ့ အဆီအဖြစ်လည်း သတ်မှတ်ထားပါတယ်။ အာယုဗေဒ ဆေးနည်း‌တွေမှာဆိုရင် အုန်းဆီကို သွားကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ ဘာကြောင့် အုန်းဆီဟာ သွားကျန်းမာရေးအတွက် ကောင်းတာလဲ။ အုန်းဆီမှာ ပါဝင်တဲ့ လောရစ်အက်ဆစ် (Lauric Acid) မှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုး၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အရေပြား အလှအပအတွက်ဖြစ်ဖြစ်၊ ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ပိုးတွေ သေဖို့အတွက် ဖြစ်ဖြစ် သုံးလို့ရသလို သွားနဲ့ ခံတွင်းအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခံတွင်းအတွက် ဘာတွေ အကျိုးထူးစေနိုင်လဲဆိုတော့ သွားကို ဖြူစေတယ် သွားကြားထဲထိ သန့်စင်ပေးနိုင်တယ် သွားပိုးပေါက်တွေ မဖြစ်အောင် […]


သဘာဝဆေးဖက်ဝင်

ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ

ခေါင်းမြီးခြုံ လုံပါပေ့။ ဆံမြိတ်ချ လှပါပေ့။ ကျောက်တန်းစီ ညီပါပေ့ ဆိုတဲ့ ပဟေဠိလေးရဲ့ အဖြေက ပြောင်းဖူးဆိုတာ လူတိုင်းသိပြီးမှာပါ။ ပြောင်းဖူးကို ဝယ်တဲ့အခါ ခေါင်းမြီးခြုံ လုံပါပေ့ လို့တင်စားတဲ့ အခွံ နဲ့ ဆံမြိတ်ချ လှပါပေ့ လို့တင်စားတဲ့ အမွေးလေးတွေကို ဖယ်လို့ စားကြတယ်နော်။ ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ ကို ပြောပြပေးချင်ပါတယ်။ ပြောင်းဖူးမွေး ဆိုတာ ပြောင်းဖူးမွေးက အဝါရောင်ဖျော့ဖျော့ အပ်ချည်မျှင်လိုသေးသွယ်ပြီး ရှည်လျားတဲ့ အရာလေးတွေပါ။ ပြောင်းဖူးလေးတွေရဲ့ ထိပ်ပိုင်းမှာ ပါတတ်ကြပါတယ်။ ဒီအမွေးတွေကို ခုခေတ်မှာ ဖယ်​ပစ်ကြပေမယ့် ရှေးယခင်က ဆေးဖက်ဝင်တဲ့ အရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ပြောင်းဖူးမွေးမှာ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်နေသလို ကျန်းမာရေးအတွက် တော်တော်လေး […]


သဘာဝဆေးဖက်ဝင်

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေးလည်းလှ၊ ရနံလေးလည်း သင်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ယုဇနပန်း လေးတွေကို နေအိမ်မှ အလှစိုက် ထားလေ့ရှိကြတယ်နော်။ ယုဇနပန်းလေးရဲ့ အနံ့ မွှေးမွှေးလေးက ရာသီဥတု အေးအေးလေးမှာဆို သင်းသင်းလေးနဲ့ စိတ်ထဲတော်တော်လေး ကြည်နူးစရာ ကောင်းစေပါတယ်။ ဒီ ပန်းလှလှလေးက ကျန်းမာရေးကို ဘယ်လိုများ အားဖြည့်ပေးသလဲ......... ယုဇနပန်း နဲ့ ကျန်းမာရေး အပွင့်ဖြူဖြူ အဝါရောင် ဝတ်ဆံ အနံ့ မွှေးမွှေးလေးတွေရှိတဲ့ ယုဇနပန်း လေးက အသားအရေ ချောမွတ်စေတယ် ယုဇနပန်း ပွင့်ချပ်လေးတွေကို ရေစင်အောင်ဆေးလို့ ပန်းကန်လုံး တစ်လုံးစာကို ရေနဲ့ရောလို့ အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို အရေပြားပေါ်ကို လိမ်းပေးပြီး ခြောက်သွားရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အသားအရေ ချောမွတ်စေမှာပါ။ သွားကိုက်တာကို သက်သာစေတယ် ယုဇနပန်း ရဲ့ အဆီအနှစ်က သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ယုဇနပန်းကို […]


သဘာဝဆေးဖက်ဝင်

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

အလှဆင်ဖို့ဖြစ်ဖြစ် အလှကြည့်ဖို့ ဖြစ်ဖြစ် အမြတ်တနိုး စိုက်ပျိုးထားကြတဲ့ ပန်းသစ်ခွ လေးက အဆင်းတင်လှတာ မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးပါတယ်။ ပန်းသစ်ခွဆိုတာ သစ်ခွက မျိုးစိတ် အမျိုးမျိုး ရှိသလို အရောင်အသွေး သွင်ပြင် အမျိုးမျိုးပါ။ သစ်ခွက ထိုင်းနိုင်ငံ၊ ဘရာဇီး၊ ဟာဝိုင်ယီ၊ အိန္ဒိယ၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး တို့မှာ သဘာဝအတိုင်း ပေါက်ရောက်ကြပါသည်။ သစ်ခွတွေက တောတောင်တွေထဲမှာ ပေါက်ရောက်ကြပြီး စိုထိုင်းဆ မြင့်ပြီး ခြောက်သွေ့တဲ့ ရာသီဥတုမှာ အကောင်းဆုံး ဖူးပွင့်ကြပါတယ်။ ပန်းသစ်ခွ နဲ့ ကျန်းမာရေး အသွင်လှပတဲ့ ပန်းသစ်ခွ လေးတွေက စိတ်ဖိစီးမှု ပြေလျော့စေတယ် စိတ်ဖိစီးမှုက လူတိုင်း လိုလိုမှာ ရှိတတ်ကြပါတယ်။ အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုက နည်းည်းဆိုရင် ကိစ္စမရှိပေမယ့် […]


သဘာဝဆေးဖက်ဝင်

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာထဲမှာ ထည့်ဝါးလေ့ရှိသလို အပျင်းပြေ ဝါးစားလေ့ရှိကြတဲ့ ကွမ်းသီးက မြန်မာလူမျိုး တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကွမ်းယာစားလို့ ကျန်းမာရေးဆိုးကျိုးတွေ များတာ မှန်ပေမယ့် ဒါက ကွမ်းသီးကြောင့်လို့တော့ အတိအကျပြောလို့မရပါဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကွမ်းသီးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။ ကွမ်းသီး ဆိုတာ ကွမ်းသီး ဆိုတာကာ ကွမ်းယာထဲကို ထည့်စားလေ့ရှိတဲ့ အရာတစ်မျိုးပါ။ ကွမ်းသီးပင်ရဲ့ အသီးပေါ့။ ကွမ်းသီးပင်က အုန်းပင်၊ ထန်းပင်တွေနဲ့ မျိုးရင်း တူပါတယ်။ ပင်စဉ်က ရှည်ဖြောင့်နေပြီး ထိပ်ဖျားနားမှာ ကွမ်းသီးလေးတွေက အခိုင်လိုက် သီးပါတယ်။ သီးစမှာ အခွံလေးက စိမ်းစိမ်းလေးပါ။ ဒီလိုကနေမှ အခွံလေးက ဝါပြီး လိမ္မော်ရောင်ပြောင်းလာပြီဆိုရင် ခူးဆွတ်ပြီး အခြောက်ခံရပါတယ်။ ပြီးရင် အခွံကို ဖယ်ပြီး အထဲက အသီးဆံကို ကွမ်းသီး အနေနဲ့ ကွမ်းယာထဲ ထည့်စားကြတာပါ။ ကွမ်းသီး ကပေးတဲ့ […]


သဘာဝဆေးဖက်ဝင်

ရှားစောင်းလက်ပပ် (aloe vera)

ရှားစောင်းလက်ပပ် (aloe vera) အပင်ကို ဟိုးအရင်နှစ်ပေါင်းထောင်ကျော်ကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရတာလည်း အလုပ်မရှုပ်သလို နေရာလည်းသိပ်မယူတဲ့ ရှားစောင်းလက်ပပ်ပင်တွေကို လူအတော်များများကတော့ အရေပြားအလှအပအတွက်ပဲ အသုံးပြုနေကြတာကို တွေ့ရတာမို့ တခြားအသုံးပြုနိုင်တဲ့ နေရာတွေကိုလည်း ပြောပြပေးချင်ပါတယ်။ ရှားစောင်းလက်ပပ် (aloe vera) ဆိုတာ ရှားစောင်းလက်ပပ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပတ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။ အလက်တွေပဲ ရှိနေပြီး အရောင်က အစိမ်းရောင်ပါ။ အရွက်တွေရဲ့ ဘေးတစ်ဖက်စီမှာ ဆူးလးတွေ အစီအရီ ပါဝင်နေပါတယ်။ အပြင်ခွံကို ခွာလိုက်ရင် အတွင်းဂျယ်လီသားက စိမ်းဖန့်ဖန့် ကြည်ကြည်လေးပါ။ အရသာက ခါးပါတယ်။ ရှာစောင်းလက်ပပ်ရဲ့ အာဟာရတန်ဖိုးများ ရှားစောင်းလက်ပပ် (aloe vera) မှာ ကယ်လ်လိုရီ ပရိုတင်း အဆီဓာတ် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်