သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ထန်းလျက်လေးက ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရတယ်နော်

ထန်းလျက်လေးတွေကို မီးဖိုချောင်တိုင်းမှာ ပုလင်းလေး၊ ဒါမှမဟုတ် လေလုံတဲ့ဗူးလေးနဲ့ ထည့်ထားတာ တွေ့ဖူးမှာပေါ့။ နေ့ခင်းနေ့လယ် ရေနွေးကြမ်းလေးနဲ့ သောက်ကြသလို ရင်ချောင်အောင်ဆိုပြီး အချိုတည်းတာမျိုးလည်းရှိပါတယ်။ နောက်ပြီး ထန်းလျက်ကို အုန်းသီးနဲ့တွဲစားတာကလည်း တော်တော်လေးအရသာရှိသေးတယ်။ ထန်းလျက် ပါတဲ့ မုန့်တွေကလည်း စားလို့ကောင်းတာ အမှန်ပါပဲ။ ဒီလိုစားကောင်းတဲ့ ထန်းလျက်လေးက ဆေးဖက်ဝင်တဲ့အချက်လေးတွေလည်းရှိနေပါသေးတယ်နော်။ ထန်းလျက်ဆိုတာက ထန်းလျက်ဆိုတာက အချိုဓာတ်ပါတဲ့ စားစရာတစ်ခုပေါ့။ ဒီအတိုင်းစားလို့ရသလို အရည်ကျိုပြီး မုန့်လက်ကောက်ကြော်၊ နှမ်းကပ်ကြော်တို့နဲ့ တို့စားတာ၊ သာကူကျိုတဲ့အခါ ထန်းလျက်နဲ့ ကျိုတာ။ မုန့်လက်ဆောင်းကို ထန်းလျက်ရည်လေး အုန်းသီးလေးထည့်ပြီးသောက်လိုက်ရင် ‌‌နွေရာသီမှာ ရင်အေးစေတာအမှန်ပါ။ ဒီလိုစားကောင်းအရသာရှိတဲ့ အချိုတည်းစရာ ထန်းလျက်လေးက ထန်းရည်ကို ကျိုချက်လိုက်တာကနေရလာတဲ့ စားစရာတစ်ခုပေါ့။ ထန်းပင်ကကျတဲ့ သန့်စင်ထားတဲ့ ထန်းရည်ချိုကို ဒယ်အိုးထဲသို့ထည့်ပြီး မီးပြင်းပြင်းနဲ့ပျစ်လာတဲ့အထိ ဆူပွက်အောင်ကျိုပေးပြီး သမအောင်မွှေပေးရပါတယ်။ အရည်ပျစ်လာတဲ့အခါ ထန်းလျက်သားကျလာတဲ့အခါ မီးဖိုပေါ်ကနေချပြီး လိုသလိုပုံစံနဲ့ […]


သဘာဝဆေးဖက်ဝင်

ချယ်ရီသီးတွေမှာ လှပတဲ့အဆင်းအပြင် အချင်းပါရှိတယ်ဆိုတာ သင်သိပါသလား။ ။

စတော်ဘယ်ရီချယ်ရီရောရင် ဘုံကမ္ဘာ ၇ ဆင့်ကို ရောက်သွားတယ်လို့ တင်စားတတ်ကြပါတယ်။ ဒါတွေဟာ အကြောင်းမဲ့ပြောနေတာ မဟုတ်ပါဘူး။ နီနီရဲရဲ လေးနဲ့ လှပတဲ့ စတော်ဘယ်ရီနဲ့ ချယ်ရီသီးတို့ဟာ အရသာရှိတဲ့အပြင် အဆင်းလည်းလှပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အသီးတွေပါ။ စတော်ဘယ်ရီကတောင် ချဉ်တဲ့အရသာရှိသေးပေမယ့် ချယ်ရီသီးကတော့ အချိုသီးသန့်တလိုင်းသွားတော့ အချဉ်ကြောက်တဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ ။ ဒီလိုမျိုးအေးတဲ့ဆောင်းရာသီဆိုတာ ချယ်ရီတို့ စတော်ဘယ်ရီတို့ပေါတဲ့ ရာသီပါ။ ။ ချယ်ရီသီးကြောင့် ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ။ ။ မနက်စာကို အုတ်ဂျုံ လေးစားမယ်လို့ စိတ်ကူးလိုက်ပြီး ဘာသီးနဲ့ တွဲစားရမှန်းမသိရင် ချယ်ရီသီးကိုသာ ပြေးမြင်လိုက်တော့။ အုတ်ဂျုံနဲ့ ချယ်ရီပေါင်းစပ်တဲ့ အတွဲလောက် စားကောင်းတာမရှိဘူး။ မနက်စာတင်လား မဟုတ်ပါဘူး။ ကြိုက်တဲ့အချိန် ချယ်ရီသီးကို စားနေလို့ရပါတယ်။ များများစားလေ ကျန်းမာရေးကို ပိုအထောက်အကူ ပြုလေပါပဲ […]


သဘာဝဆေးဖက်ဝင်

ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲကတ္တီပါ လို့ပြောလိုက်ရင်ကို ထွေထွေးထူးထူး သိပ်ပြောစရာမလိုအောင် လူတိုင်းသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်နော်။ အညိုရောင်ရင့်ရင့်လေးဖြစ်ပြီး စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ စားကောင်းပါတယ်။ ပဲကတ္တီပါကို ပြုတ်ပြီး စားကြတာပါ။ ပြုတ်ပြီးသား ပဲကတ္တီပါကိုမှ ကြက်သွန်စိမ်းနဲ့ သုပ်စားတာဖြစ်ဖြစ်၊ ကြော်စားတာမျိုးဖြစ်ဖြစ် စားတတ်ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ စားသုံးကြပါတယ်။ ပဲကတ္တီပါ မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ ဒီစားကောင်းတဲ့ ပဲကတ္တီပါမှာ ပရိုတင်း၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acids၊ ကစီဓာတ် နဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တဲ့ စားစရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။ ပဲကတ္တီပါကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်တယ် ပဲကတ္တီပါမှာ L-dopa လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ ဦးနှောက်ကိုကျန်းမာစေနိုင်ပြီး စိတ်ဖိစီးမှု ကင်းစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ် အစာခြေစနစ်ကို […]


သဘာဝဆေးဖက်ဝင်

အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ

အခု နောက်ပိုင်း အောင်မဲညို ပန်းခြောက်လေးတွေ ဈေးကွက်မှာ ခေတ်စားလာတယ်နော်။ ပန်းခြောက်လေးတွေကို ရေနွေးကြမ်းထဲခတ်သောက်တာ၊ ဆိုင်တွေမှာ အရောင်လှတဲ့အချိုရည်၊ ကော့တေးတွေအထိ အသုံးပြုလာကြပြီ။ မုန့်လုပ်တဲ့ထဲလည်း ထည့်သွင်းလာကြပြီ။ ဒီတော့ အောင်မဲညိုပန်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအပေါ် သိပ္ပံပညာအရ ဘယ်လို လေ့လာတွေ့ရှိထားလဲ ဖတ်ကြည့်လိုက်ရအောင်။ အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ ကတော့ မျက်စိအားကောင်းတယ် Proanthocyanidin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်လို့ မျက်စိကို သွေးလည်ပတ်မှု ကောင်းစေပြီး အမြင်အာရုံ ပိုကောင်းစေပါတယ်။ မျက်စိ ကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိ ညောင်းတာ၊ မြင်လွှာ ထိခိုက်တာတို့ အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။ ဆံပင်သန်စေတယ် အောင်မဲညိုပန်းမှာ bioflavonoids ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဆံပင် သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေ အောင်မဲညို ရေနွေးကြမ်း […]


သဘာဝဆေးဖက်ဝင်

ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်မယ့် ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

ရေထဲမှာ ကလိုရင်း( chlorine) ခတ်တယ်ဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အရာတစ်ခုဖြစ်ပြီး ၂၁ ရာစုမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်တဲ့ အရာတစ်ခုပါ။ ရေထဲမှာ ကလိုရင်း ခတ်တဲ့ ဓလေ့က ကောင်းကျိုူးတွေကိုရစေဖို့ မျှော်ကိုးပြီး လုပ်တာဖြစ်ပေမယ့် သူ့မှာ အခြား ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလိုရင်းခတ်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ကလိုရင်းခတ်ထားတဲ့ ရေကိုသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ ။ ။ ကလိုရင်းဟာ oxidizing agent ( ဓါတ်တိုးဆန့်ကျင် ပစ္စည်း) ဖြစ်တာကြောင့် ရေထဲမှာရှိတဲ့ ဘက်တီးရီးယားတော်တော်များများကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ကလိုရင်းက ဘက်တီးရီးယားပဲ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်တွေကိုပါ သတ်နိုင်စွမ်းရှိပါတယ်။ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲ ဘယ်ပိုးမှ ဝင်နေလို့မရတာကြောင့် ရေကူးကန်ကနေ […]


သဘာဝဆေးဖက်ဝင်

အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အပြုအမူအချို့

အဆစ်တွေမကောင်းတော့ ထိုင်ရထရခက်တယ်၊ လှုပ်ရှားရမလွယ်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူး၊ လို့များတွေးနေလား။ လူတစ်ယောက်အကောင်းဆုံးလှုပ်ရှားနိုင်ဖို့ အဆစ်တွေကတော်တော်လေးအရေးပါတာပါ။ ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တဲ့ အဆစ်လေးတွေကို အမှုမဲ့အမှတ်မဲ့ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကို စမ်းသပ်ကြည့်ရအောင်ပါ။ ဒီအပြုအမူတွေကြောင့်အဆစ်တွေထိခိုက်နိုင်ပါတယ် စာရိုက်များတာ - တစ်နေ့တာမှာ စာရိုက်တာအတွက်အချိန်တွေတော်တော်လေးအသုံးပြုနေရပြီလား။ ဒီအလေ့အထကလည်း ကြည့်တော့သာဘာမှမဟုတ်တယ် အဆစ်တွေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စာရိုက်တာကို ဖုန်းနဲ့ဖြစ်ဖြစ် ကွန်ပျူတာမှာဖြစ်ဖြစ် တရစပ်ရိုက်နေတာမျိုးမလုပ်ပါနဲ့။ အနားပေးပါ။ သက်တောင့်သက်သာအနေအထားမှန်မှန်နဲ့ စာရိုက်ဖို့မမေ့ပါနဲ့။ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ -ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကလည်း အဆစ်တွေကို ထိခိုက်စေနိုင်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုး၊ လမ်းလျှောက်တာမျိုးလေးတွေ အခါသင့်သလိုလုပ်ပေးပါ။ တစ်ချိန်လုံး ထိုင်မနေပါနဲ့။ တစ်ခုခုကို အချိန်ကြာရှည်စွာလုပ်တာ - ထိုင်ရင်းဖြစ်ဖြစ် မတ်တတ်ရပ်ရင်းဖြစ်ဖြစ် အလုပ်တစ်ခုခုကိုအချိန်ကြာမြင့်စွာလုပ်တာကလည်း အဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာကိုအချိန်အကြာကြီးကြည့်နေတာ။ ဖုန်းအကြာကြီးသုံးတာလည်း လည်ပင်း၊ လက်နဲ့ ခန္ဓါကိုယ်က […]


သဘာဝဆေးဖက်ဝင်

အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး ။ ။

နာရီနဲ့ အမျှ ဆဲလ် တွေက ပျက်စီးပြီး အသက်ကြီးလာတဲ့အတွက် ရုပ်ရည် ဆိုတာ အသက်ကြီးလာတဲ့နဲ့ အမျှ ရင့်လာတတ်တာမျိုးပါ။ လူတွေကလည်း ခက်သား။ အသက်ကြီးလာလေ ပိုပြီးနုချင်လေမလား။ အသက်ကြီးလာလို့ ရုပ်ရင့်လာတာ၊ အသားအရေတွေ ပျက်စီးလာတာကို လုံးဝကြီး ရပ်တန့်လိုက်လို့ မရပေမယ့် ခုပြောပြမယ့် အစားအသောက် ၈ မျိုးနဲ့တော့ ဆွဲဆန့်ထားလို့တော့ ရပါတယ်။ အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး က ဘာတွေလဲဆိုတာ သိစေဖို့ ဆောာင်းပါးလေးကို ဖတ်ကြည့်လိုက်ကြနော်။ ။ အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး ။ ။ ၁။ ကန်စွန်းရွက် ။ ။ မြန်မာနိုင်ငံသားတိုင်း နှစ်ခြိုက်စွာ စားသုံးကြတဲ့ […]


သဘာဝဆေးဖက်ဝင်

ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

အသီး စားတယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီး ကြဖြစ်မှာပါ။ ဘယ် အသီး မဆို ကျန်းမာရေးနဲ့ အကုန်ညီညွတ်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အသီး တွေကို တစ်မျိုးတည်း မစားဘဲ ပေါင်းစားရင် ကျန်းမာရေးအတွက် ပိုပြီးကောင်းသွားတယ်ဆိုတာ သင်သိပါသလား။ ကဲ ဘယ်လို အသီး အတွဲ အစပ်တွေက သင့်အတွက် ပို အကျိုးရှိစေလဲဆိုတာ ကြည့်ရအောင်။ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အသီး - နာနတ်သီး + ချယ်ရီသီး + ဘလူးဘယ်ရီသီး။  ဗီတာမင် C ကြွယ်ဝပြီး bromelainပါလို့ နာနတ်သီးက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ချယ်ရီသီးတို့ ဘလူးဘယ်ရီသီးတို့မှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်တဲ့ Anthocyanin ဟာ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းဖြစ်ပြီး ဗီတာမင် […]


သဘာဝဆေးဖက်ဝင်

ဒန့်သလွန်သီး စားပေးပါ

ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးနဲ့ပဲချက်ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက် အဆင်ပြေပြီး စားကောင်းတဲ့ အသီးလေးတစ်ခုပေါ့။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများ ကြိုက်ကြပါတယ်။ ဒန့်သလွန်သီး ရဲ့ အစွမ်းသတ္တိက ဒီလောက်နဲ့ပဲ ပြီးသွားတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးပေးပါသေးတယ်။ ဒန့်သလွန်ပင်က အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ပေါက်ရောက်ကြပါတယ်။ အပူပိုင်းဒေသမှာပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါတယ်။ ဒန့်သလွန်သီး မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ ဒန့်သလွန်သီးမှာ ပရိုတင်း၊ ဗီတာမင် B6၊ ဗီတာမင် C၊ သံဓာတ်၊ ဗီတာမင် B2၊ ဗီတာမင် A၊ မဂ္ဂနီဆီယမ်တို့ပါဝင်နေပါတယ်။ ဒန့်သလွန်သီး ကရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ အရေပြားနဲ့ ဆံသားတွေကို အာဟာရဖြည့်ပေးတယ် အရေပြားနဲ့ ဆံသားတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးတာတွေကနေ ကာကွယ်ပေးပါတယ်။ ကျန်းမာသန်စွမ်းစေနိုင်ပြီး […]


သဘာဝဆေးဖက်ဝင်

ရဲယို နဲ့ ကျန်းမာရေး

အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ အခုတစ်ခေါက်လည်း အစားအစာတစ်ခုဖြစ်တဲ့ ရဲယို ရဲ့ အကြောင်းပြောပြပါမယ်။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။ ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။ ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ရဲယိုရွက်၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း