ရေထဲမှာ ကလိုရင်း( chlorine) ခတ်တယ်ဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အရာတစ်ခုဖြစ်ပြီး ၂၁ ရာစုမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်တဲ့ အရာတစ်ခုပါ။ ရေထဲမှာ ကလိုရင်း ခတ်တဲ့ ဓလေ့က ကောင်းကျိုူးတွေကိုရစေဖို့ မျှော်ကိုးပြီး လုပ်တာဖြစ်ပေမယ့် သူ့မှာ အခြား ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလိုရင်းခတ်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။