backup og meta

ချယ်ရီသီးတွေမှာ လှပတဲ့အဆင်းအပြင် အချင်းပါရှိတယ်ဆိုတာ သင်သိပါသလား။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချယ်ရီသီးတွေမှာ လှပတဲ့အဆင်းအပြင် အချင်းပါရှိတယ်ဆိုတာ သင်သိပါသလား။ ။

    စတော်ဘယ်ရီချယ်ရီရောရင် ဘုံကမ္ဘာ ၇ ဆင့်ကို ရောက်သွားတယ်လို့ တင်စားတတ်ကြပါတယ်။ ဒါတွေဟာ အကြောင်းမဲ့ပြောနေတာ မဟုတ်ပါဘူး။ နီနီရဲရဲ လေးနဲ့ လှပတဲ့ စတော်ဘယ်ရီနဲ့ ချယ်ရီသီးတို့ဟာ အရသာရှိတဲ့အပြင် အဆင်းလည်းလှပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အသီးတွေပါ။ စတော်ဘယ်ရီကတောင် ချဉ်တဲ့အရသာရှိသေးပေမယ့် ချယ်ရီသီးကတော့ အချိုသီးသန့်တလိုင်းသွားတော့ အချဉ်ကြောက်တဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ ။ ဒီလိုမျိုးအေးတဲ့ဆောင်းရာသီဆိုတာ ချယ်ရီတို့ စတော်ဘယ်ရီတို့ပေါတဲ့ ရာသီပါ။ ။

    ချယ်ရီသီးကြောင့် ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ။ ။

    မနက်စာကို အုတ်ဂျုံ လေးစားမယ်လို့ စိတ်ကူးလိုက်ပြီး ဘာသီးနဲ့ တွဲစားရမှန်းမသိရင် ချယ်ရီသီးကိုသာ ပြေးမြင်လိုက်တော့။ အုတ်ဂျုံနဲ့ ချယ်ရီပေါင်းစပ်တဲ့ အတွဲလောက် စားကောင်းတာမရှိဘူး။ မနက်စာတင်လား မဟုတ်ပါဘူး။ ကြိုက်တဲ့အချိန် ချယ်ရီသီးကို စားနေလို့ရပါတယ်။ များများစားလေ ကျန်းမာရေးကို ပိုအထောက်အကူ ပြုလေပါပဲ ။ ။ ကဲ ဒီလောက် ညွှန်းနေတဲ့ ချယ်ရီသီးက ကျန်းမာရေးကို အထောက်အကူဘယ်လိုပြုပေးတာလဲ ။ ။

    ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါပါတယ်။ ။

    အားလုံးသိကြတဲ့အတိုင်းပါပဲ။. အသီးတိုင်းက ဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေ ကြွယ်ဝတယ်ဆိုတာ။ ဒီလိုပါပဲ ။ ချယ်ရီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်တွေ အသက်ကြီးလာတာကို ကာကွယ်ပေးမယ့်အပြင် နာတာရှည်ရောဂါဖြစ်တဲ့ နှလုံးရောဂါကင်ဆာရောဂါတို့နဲ့ အယ်ဇိုင်းမားရောဂါတို့ကို ကာကွယ်ပေးဦးမှာပါ။

    ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ။

    ချယ်ရီသီးက ချိုတယ်ဆိုပေမယ့် သူ့မှာပါတဲ့ သကြားဓါတ်က အခြားအသီးတွေနဲ့ စာရင် ပိုပြီးနည်းတာကြောင့် ဆီးချို သမားတွေစားလို့ရတဲ့ ရှားပါးတဲ့အသီးတစ်ခုပါ။ များများစားပေမယ့်လည်း ေသွးတွင်းသကြားဓါတ် ပမာဏကို မမြင့်တက်စေတဲ့အပြင် အင်ဆူလင်အာရုံခံနိုင်စွမ်းကိုလည်း တိုးလာစေတာကြောင့် ဆီးချို မဖြစ်စေဖို့အတွက် သူကကာကွယ်ပေးပါသေးတယ်။

    ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ။

    ညဘက်အိပ်ပျော်စေဖို့အတွက် အဓိက ဇာတ်လိုက်ဖြစ်တဲ့ melatonin ဟော်မုန်းက အသီးတော်တော်များများမှာ မရှိသလောက်ရှားပေမယ့် ချယ်ရီသီးမှာတော့ အများကြီးတွေ့ရတဲ့ အရာတစ်ခုပါ။ ချယ်ရီသီးဖျော်ရည်ကို မနက်ပိုင်းတစ်ခွက်၊ ညအိပ်ရာဝင်ခါနီး ၁နာရီ ၂ နာရီလောက်အလိုမှာ တစ်ခွက် သောက်ပေးရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

    အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါတယ် ။ ။

    ချယ်ရီသီးရဲ့ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆစ်အမြစ်ရောင်ြပီး နာနေတဲ့သူတွေ ချယ်ရီသီးကို ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ဒီတိုင်းလေးစားစား ဖြစ်နေတဲ့ နာကျင်ခြင်းတွေ သက်သာသွားမှာပါ။

    Gout ရောဂါ ပြန်ပြန်ဖြစ်ခြင်းကို လည်း သူက ကာကွယ်ပေးပါတယ်။

    Gout ရောဂါလို့ လူသိများကြတဲ့ အဆစ်အမြစ်ရောင်ရောဂါဟာ ကိုယ်တွင်းမှာ များနေတဲ့ uric acid တွေ အဆစ်အမြစ်ထဲ စုပုံလာပြီး ပုံဆောင်ခဲတွေ ဖြစ်သွားတာကြောင့် အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တဲ့ ဝေဒနာတစ်ခုပါ။ ဒီ Gout ရောဂါ တစ်ခါဖြစ်ဖူးရင် မကြာမကြာ ပြန်ပြန်ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေအရတော့ ချယ်ရီသီးစားပေးတဲ့သူတွေဟာ မစားတဲ့သူတွေထက်စာရင် gout ရောဂါ ပြန်ပြန်ဖြစ်နိုင်ချေ နည်းပါးတယ်လို့ ဆိုပါတယ်။

    သွေးတွင်း ကိုလက်စရော ( အဆီဓါတ်) ကိုလည်းချပေးပါတယ်။ ။

    သွေးတွင်းက မကောင်းတဲ့ ကိုလက်စရေြာဖစ်တဲ့ LDL ကို လျှော့ချပေးနိုင်တဲ့ နေရာမှာ ချယ်ရီသီးလောက် ကောင်းတဲ့သူမ ရှိတော့ပါဘူး။ သွေးတွင်း ကိုလက်စရော ၁ ရာခိုင်နှုန်းလောက် လျှော့ချနိုင်လေလေ နှလုံးရောဂါ ဖြစ်နိုင်ချေ ၂ ရာခိုင်နှုန်းလောက် လျော့ကျသွားလေလေပါ။

    လေ့ကျင့်ခန်းလုပ်ပြီးရလာတဲ့ ကြွက်သားနာကျင်မှုကိုလည်း သူက လျှော့ချပေးပါတယ်။

    ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ ချယ်ရီသီးဟာ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းရလာတဲ့ ကြွက်သားနာကျင်ြခင်းကို သက်သာစေမယ့်အပြင် လေ့ကျင့်ခန်း မလုပ်ခင် နာရီဝက်လောက်အလိုမှာ စားပေးရင် လေ့ကျင့်ခန်းလုပ်နေတုန်း ဖြစ်တတ်တဲ့ ကြွက်သားတွေ ဆုတ်ပြဲခြင်းကို လည်းသက်သာစေပါတယ်။

    ဒီလို ကောင်းကျိုးတွေ အများကြီးရှိတဲ့ ချယ်ရီသီးကို ဒီတိုင်းပဲစားစား၊ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီးပဲစားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက် တကယ်ကိုအရသာရှိတဲ့ အသီးတစ်ခုပါနော်။ ခုလို အေးနေတဲ့ ရာသီဆိုတာ ချယ်ရီသီးတွေ ပေါ်ချိန် ဖြစ်တာကြောင့် ခုပဲ အပြေးကလေး သွားဝယ်လိုက်တော့နော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement