backup og meta

အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ

အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ

အခု နောက်ပိုင်း အောင်မဲညို ပန်းခြောက်လေးတွေ ဈေးကွက်မှာ ခေတ်စားလာတယ်နော်။ ပန်းခြောက်လေးတွေကို ရေနွေးကြမ်းထဲခတ်သောက်တာ၊ ဆိုင်တွေမှာ အရောင်လှတဲ့အချိုရည်၊ ကော့တေးတွေအထိ အသုံးပြုလာကြပြီ။ မုန့်လုပ်တဲ့ထဲလည်း ထည့်သွင်းလာကြပြီ။

ဒီတော့ အောင်မဲညိုပန်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအပေါ် သိပ္ပံပညာအရ ဘယ်လို လေ့လာတွေ့ရှိထားလဲ ဖတ်ကြည့်လိုက်ရအောင်။

အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ

အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ ကတော့

Proanthocyanidin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်လို့ မျက်စိကို သွေးလည်ပတ်မှု ကောင်းစေပြီး အမြင်အာရုံ ပိုကောင်းစေပါတယ်။ မျက်စိ ကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိ ညောင်းတာ၊ မြင်လွှာ ထိခိုက်တာတို့ အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။

  • ဆံပင်သန်စေတယ်

အောင်မဲညိုပန်းမှာ bioflavonoids ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဆံပင် သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေ အောင်မဲညို ရေနွေးကြမ်း သောက်ကြည့်နော်။

  • အသားလှစေတယ်

အောင်မဲညိုပန်းမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက collagen နဲ့ elastin ဟော်မုန်း ချက်လုပ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့ကြောင့် အသားအရေ နုပျိုစေပြီး အရေးအကြောင်း ဖြစ်ခြင်းလို ရင့်ရော်မှု ပြဿနာတွေကို လျော့ပါးစေပါတယ်။

  • ရာသီသွေးမှန်စေတယ်

အောင်မဲညိုပန်းရဲ့ ဆေးဖက်ဝင် အာနိသင်တွေထဲမှာ အမျိုးသမီးတွေ ရာသီသွေး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဓမ္မတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတဲ့ အမျိုးသမီးတွေအတွက် ကုသမှု ရလဒ် ကောင်းစေနိုင်ပါတယ်။

  • ဦးနှောက်ကို အကျိုးပြုတယ်

အောင်မဲညို ပန်းက ဦးနှောက် ဉာဏ်ရည် လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တဲ့ အပြင် မှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။

  • ဆီးရွှင်စေတယ်

ဆီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာ ရှိသူတွေအတွက် ဆီးရွှင်ဆေး တစ်မျိုးပါပဲ။ သွေးတိုးကိုလည်း ကျစေတဲ့ အာနိသင် ရှိပါတယ်။

  • အကိုက်အခဲသက်သာစေတယ်

အောင်မဲညိုပန်းက နာကျင်ကိုက်ခဲမှုတွေ နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

  • ရင်ချောင်စေတယ်

တချို့ နိုင်ငံတွေမှာ အအေးမိ၊ ချောင်းဆိုး၊ ပန်းနာရင်ကျပ်တို့အတွက် ကုသရာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ အာနိသင်က ချွဲပျော်စေပြီး လည်ချောင်း ယားတာတွေ သက်သာစေတယ်။

  • စိတ်သောကတွေ သက်သာစေတယ်

ပင်ပန်းကျပ်တည်းနေတဲ့စိတ်၊ ပူပန်မှုတွေ ဖိစီးနေတဲ့စိတ်၊ ကျဆင်းနေတဲ့စိတ် တို့ကို အောင်မဲညိုပန်းက ကုသပေးနိုင်ပါတယ်။ ပန်းမှာ ပါဝင်တဲ့ flavonoids ဓာတ်တွေကြောင့် စိတ်ကျရောဂါ ရှိနေသူတွေကို ကုသရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

ပုံမှန်ဆို အောင်မဲညိုပန်းကို ရေနွေးထဲ ခတ်ထည့်၊ သံပရာသီး နည်းနည်း ညှစ်ထည့်ရတာ ဖြစ်ပေမယ့် အစာအိမ်ရောဂါ သို့မဟုတ် အစာအိမ်အနာရှိရင်တော့ သံပရာသီး မထည့်ဘဲ သောက်ပါ။

ဘာတွေ သတိထားရမလဲ!

အောင်မဲညိုပန်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ် ဆိုပေမယ့်  ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါ အခံ တစ်ခုခု ရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေး ပုံမှန် သောက်နေရတဲ့ သူတွေဆိုရင်တော့ ဆရာဝန် နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်ပေးပါ။

ဆေးဖက်ဝင်ပေမယ့် အရာရာက တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မသောက်သုံးဖို့လည်း လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Health Benefits of Blue Clitoria Ternatea https://www.medicinenet.com/8_health_benefits_of_blue_clitoria_ternate/article.htm Accessed Date Jan 24, 2019

What Is Butterfly Pea Flower, and Does It Aid Weight Loss? https://www.healthline.com/nutrition/butterfly-pea-flower-benefits#nutrients Accessed Date Jan 24, 2019

Blue Tea Benefits | Helps in Young and Healthy Skin https://theindianmed.com/blue-tea-benefits-helps-in-young-and-healthy-skin/ Accessed Date Jan 24, 2019

Blue Tea: Unbelievable Health Benefits Of This Butterfly Pea Flower Infusion https://www.netmeds.com/health-library/post/blue-tea-unbelievable-health-benefits-of-this-butterfly-pea-flower-infusion#:~:text=The%20earthy%20flavour%20of%20butterfly,thereby%20increase%20productivity%20at%20work. Accessed Date Jan 24, 2019

Facts about Butterfly Pea (Clitoria ternatea) https://www.healthbenefitstimes.com/butterfly-pea/12 Accessed Date Jan 24, 2019

 

 

 

ယခုပုံစံ

24/05/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement