အားအင်ရှိစေဖို့ – ငှက်ပျောသီး + ထောပတ်သီး + ပန်းသီး။

ကိုယ်အလေးချိန် လည်း မတက်ချင်ဘူး၊ ဗိုက်လည်း အဆာမခံနိုင်ဘူးဆိုတဲ့ လူတွေ ဒီ အသီးအတွဲအစပ်ကို မမေ့သင့်ဘူးနော်။
- ဗီတာမင် A ကြွယ်ဝစွာပါဝင်တဲ့ ပြီး မပြည့်ဝဆီ တွေနဲ့ ဖွဲ့စည်းထားတဲ့ ထောပတ်သီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး တစ်ခါစားပြီးတာနဲ့ ဗိုက်ပြည့်လွယ်ကာ သင့်ကို အားရှိစေမှာ အသေအချာပါ။
- လေ့ကျင့်ခန်းလုပ်ပြီးတိုင်း စားပေးသင့်တဲ့ ငှက်ပျောသီးဟာ သင့်အတွက် အင်အားဖြည့်တင်းပေးတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။
- ပန်းသီး တစ်လုံး နေ့တိုင်းစားပေးရင် ဆရာဝန်ဆီ သွားစရာမလိုဘူးတဲ့။ အမျှင်ဓာတ် လည်း ကြွယ်ဝစွာပါတာကြောင့် တစ်လုံးစားထားရုံနဲ့ သင့်ကို ဗိုက်ပြည့်စေမှာပါ။
ဒါတွေကတော့ အသီး တွေကို ဘယ်လိုတွဲဖက်စားလိုက်ရင် ကောင်းကျိုးတွေ ဘယ်လိုရှိလဲဆိုတဲ့ အကြောင်းလေးတွေပါ။ တစ်လုံးတည်း စားတာထက်စာရင် ပေါင်းစားတော့ အသစ်အဆန်းလေးလည်းဖြစ်တာပေါ့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။