သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး ။ ။

အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး ။ ။

နာရီနဲ့ အမျှ ဆဲလ် တွေက ပျက်စီးပြီး အသက်ကြီးလာတဲ့အတွက် ရုပ်ရည် ဆိုတာ အသက်ကြီးလာတဲ့နဲ့ အမျှ ရင့်လာတတ်တာမျိုးပါ။ လူတွေကလည်း ခက်သား။ အသက်ကြီးလာလေ ပိုပြီးနုချင်လေမလား။ အသက်ကြီးလာလို့ ရုပ်ရင့်လာတာ၊ အသားအရေတွေ ပျက်စီးလာတာကို လုံးဝကြီး ရပ်တန့်လိုက်လို့ မရပေမယ့် ခုပြောပြမယ့် အစားအသောက် ၈ မျိုးနဲ့တော့ ဆွဲဆန့်ထားလို့တော့ ရပါတယ်။ ဘာ အစားအသောက်တွေလဲဆိုတာ မသိဘူး မဖြစ်ရလေအောင် ဒီဆောင်ပါးလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ကြနော်။ ။

အရွယ်ရင့်စေတဲ့ နာရီ စက်ဝန်းကို တန့်ထားပေးနိုင်တဲ့ အစားအသောက် ၁၀ မျိုး ။

၁။ ကန်စွန်းရွက် ။ ။

မြန်မာနိုင်ငံသားတိုင်း နှစ်ခြိုက်စွာ စားသုံးကြတဲ့ ဒီ ကန်စွန်းရွက်ဟာ ဈေးလည်းသက်သာသလို ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတစ်ခုပါ။ ဒီ အစိမ်းရင့်ရောင်ရှိတဲ့ ကန်စွန်းရွက်တစ်ခုမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောစ့်စဖောရက်စ် နဲ့ ဗီတာမင် A,C,K, B1 နဲ့ B2 တို့ ကြွယ်ဝစွာပါပါတယ်။ ဒါ့အပြင် ကန်စွန်းရွက်ဟာ အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးလို့ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သတ္တုဓါတ်တွေ စုပ်ယူမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဗီတာမင် A နဲ့ C လိုမျိုး အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ ပါမှတော့ အရေးအကြောင်းတွေ မပေါ်အောင် ထိန်းပေးထားမှာကတော့ ပြောစရာတောင် မလိုဘူးနော်။

၂ ။ ငရုတ်ပွ အနီရောင် ။ ။

ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝတဲ့ ဒီ ငရုတ်ပွ အနီရောင်မှာ ဗီတာမင် C တွေကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးလာရင် တဖြည်းဖြည်း လျော့လာတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ပြန်အားကောင်းစေပါတယ်။ ပါဝင်တဲ့ အနီရောင်ခြယ် ပစ္စည်း Carotenoidsက ပြင်ပက လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေကြောင့်ဖြစ်တဲ့ အသားအရေ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။

၃ ။ သင်္ဘောသီး ။ ။

ဒီလို ချိုမွှေးပြီး အရသာရှိလှတဲ့ သင်္ဘောသီး မှာ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင် A,C,E,K ကြွယ်ဝစွာပါဝင်တဲ့အပြင် ဓါတ်တိုးပစ္စည်းတွေ လည်း ပါဝင်တာကြောင့် သင့်ကို အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးမှာပါ။ ဒါအပြင် ဆဲလ်သေတွေကိုဖယ်ပေးပြီး ဆဲအသစ်ဖြစ်ပေါ်မှုကိုလည်း အားပေးတာကြောင့် သင်္ဘောသီးကို မျက်နှာပေါ် တိုက်ရိုက်ပေါင်းတင်ပေးလို့လည်းရသလို အချိုပွဲအနေနဲ့လည်း ထည့်စားပေးလို့ရပါတယ်။

၄ ။ ဘလူးဘယ်ရီသီး ။ ။

ဘလူးဘယ်ရီကို ပွဲလယ်တင့်နေအောင် လုပ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin ဟာ သင့်အသားအရေကို လည်း အများကြားမှာထင်ပေါ်စေမှာပါ။ ပတ်ဝန်းကျင်ကြောင့်၊ စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ အသားအရေ အိုမင်းရင့်ရော်လာခြင်းကို တားဆီးပေးနိုင်တာ သူ့လောက်ကောင်းမယ့်သူ မရှိတော့ပါဘူး။

၅ ။ ပန်းဂေါ်ဖီစိမ်း ။ ။

လူကြိုက်တော်တော်နည်းပေမယ့် အာဟာရတွေ အများကြီးပါဝင်တဲ့ ဒီပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C,K အမျှင်ဓါတ်နဲ့ မျက်လုံးကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ Lutein ၊ သံဓါတ်ချို့တဲ့သွေးအားနည်းခြင်းကို ကာကွယ်ပေးတဲ့ ဖောလိတ် တို့ ပါဝင်တာကြောင့် သူတစ်ခုတည်းနဲ့တင် အသားအရေတင်းရင်းစိုပြေပြီး တောက်ပ ရွှန်းစိုတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်စေမှာပါ။ ဒါပြင် သွေးအားနည်းလို့ ဖြူဆုတ်နေတာမျိုးလည်း မဖြစ်စေဘဲ အသားအရေကို ပန်းရောင်လေးတောင် သန်းနေစေဦးမှာနော်။ ။

၆ ။ ဟင်းနုနွယ်။ ။

ဒီ အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ်ဟာ ဗီတာမင် A အများဆုံးပါဝင်တဲ့ အစားအစာတစ်ခုပါ။ ဒီတော့ မျက်လုံးအတွက်ရော၊ ဆံပင်အတွက်ရော၊ အသားအရေအတွက်ရော အားဖြည့်ပေးတဲ့ အစားအသောက်တစ်ခုဆိုတာ ယုံမှားဖွယ် မရှိပါဘူးနော်။

၇။ ထောပတ်သီး ။ ။

မပြည့်ဝဆီတွေ ပါဝင်တာပြီး ဗီတာမင် A နဲ့ B အဓိက ပါဝင်တဲ့ ထောပတ်သီးဟာ အသားအရေအတွက် အကောင်းဆုံး ဓါတ်စာတစ်ခုပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးတာကြောင့် ထောပတ်သီးစားပေးရင် ဝင်းလက်တောက်ပပြီး အရေးအကြောင်း ကင်းစင်တဲ့ အသားအရေတစ်ခုပိုင်ဆိုင်မှာတော့ အသေအချာပဲနော်။ ။

၈ ။ ကန်စွန်းဥ ။ ။

စားလို့လည်းကောင်း သင့်ကိုလည်း ကိတ်စေမယ့် ဒီ ကန်စွန်းဥမှာ beta-carotene လို့ခေါ်တဲ့ ဓါတ်တိုးပစ္စည်းပါဝင်တာကြောင့် အသားအရေအတွက် မကောင်းတဲ့ ဓါတုပစ္စည်းတွေ အကုန်လုံး ကြေပျက်သွားမယ့်အပြင် အသားအရေလည်းတင်းရင်းပြီး ကြည်လင်လာမှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 16/03/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။