သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးကြောင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်လာနိုင်သေးလဲ

သွေးတိုးဆိုတာ အငန်စားရင်တက်မယ်၊ ခေါင်းကိုက်မယ်၊ သွေးကျဆေး သို့မဟုတ် သွေးကျစေမယ့်ဆေးမြီးတို တစ်ခုခုသုံးလိုက်ရင် ပြန်ကျမယ်။ ဒီလောက်ပဲ တွေးထားတယ်ဆိုရင် သင့်မှာ သိပ်ကိုအန္တရာယ်များနေပါပြီ။ သွေးတိုးရောဂါက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲအပေါင်းအဖော်တွေအများကြီးကို ခေါ်ဆောင်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ လူသိများတာက သွေးတိုးကြောင့် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြောပြတ်နိုင်တယ်၊ သွေးတိုးဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပါ။ ဒါပေမယ့် အရေးကြီးတဲ့ တခြားထိခိုက်မှုတွေ၊ ရောဂါတွေလည်း ဖြစ်လာနိုင်သေးတယ်လို့ သတိပေးလိုက်ချင်ပါတယ်။ (၁) သွေးကြောထိခိုက်ပျက်စီးခြင်း သွေးကြောတွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ်နဲ့နှလုံးဆီကနေ ကိုယ်တွင်းအင်္ဂါတွေနဲ့ တခြားတစ်ရှူးတွေဆီကို သွေးလည်ပတ်ရလွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေပြည့်စုံနေသင့်ပါတယ်။ သွေးတိုးကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေဖြစ်စေပြီး အဆီချေးတွေ ပိုပြီးကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်းမာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။ (၂) သွေးကြောဖောင်းခြင်း သွေးကြောနံရံတစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလိုဖြစ်လာတတ်ပါတယ်။ သွေးကြောသာပေါက်ပြီး ခန္ဓာကိုယ်ထဲသွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက […]


သွေးတိုးရောဂါ

Blood pressure မဟုတ်တဲ့ Pulse pressure အကြောင်း ။ ။

သွေးပေါင်တော့အားလုံးချိန်ဖူးကြမှာပါ ။ သွေးတိုးရှိမရှိ သိချင်ရင် သွေးပေါင်ချိန်လိုက်လို့ရလာတဲ့ အပေါ်သွေး ( systolic pressure) ဘယ်လောက် အောက်သွေး (diastolic Pressure) ဘယ်လောက်ဆိုတာနဲ့ ဆုံးဖြတ်ကြတာမလား။ ဒီ systolic pressure ရော diastolic Pressure ရောက blood pressure ( သွေးပေါင်ချိန်)တွေပါ။ သွေးတိုးရှိမရှိ သူတို့က ဆုံးဖြတ်ပေးတာပေါ့။ ဒီနေ့ပြောမယ့် အကြောင်းလေးကျတော့ လူတိုင်း သိပြီးသားနီးပါဖြစ်နေတဲ့ blood pressure အကြောင်းမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ systolic pressure ထဲက diastolic Pressure ကို နှုတ်လိုက်ရင် ရလာတဲ့ pulse pressure အကြောင်းပါ။ pulse pressure လေးက သွေးတိုးရှိမရှိကို ဖော်ပြပေးတာမဟုတ်ဘဲ ကိုယ့်နှလုံးအခြေအနေကို ဖော်ပြပေးတဲ့ အရာလေးပါ။ […]


သွေးတိုးရောဂါ

သွေးပေါင်ချိန်စက်က ဖော်ပြနေတဲ့ နံပါတ်တွေ ပြောပြတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

လူတိုင်းနီးပါး သွေးပေါင်ချိန်ဖူးကြပါတယ်။ သူကလုပ်ရတာလွယ်တယ်လေ။ အိမ်မှာ သွေးပေါင်ချိန်တဲ့ စက်လေးတစ်လုံးဝယ်ထား။ ကိုယ့်သွေးပေါင်ချိန်ဘယ်လောက်လဲသိချင်ရင် စက်လေးနဲ့ ချိန်ကြည့်လိုက်ရုံပဲ။ သွေးတိုး ရောဂါကိုလူတိုင်းက ကြောက်ကြတော့ သွေးပေါင်ဘယ်လောက်ရှိလဲ အမြဲတိုင်းကြည့်ချင်နေကြတဲ့သူချည်းပါပဲ။ ဒီနေရာမှာ အာလုံး အကြမ်းဖျင်းသိကြတာက ပုံမှန်သွေးပေါင်ချိန်ဆိုရင် အပေါ်သွေး ၁၂၀/ အောက်သွေး၈၀ ရှိရမယ်။ အပေါ်သွေး၁၄၀လောက်ရောက်နေပြီဆိုရင်သွေးတိုးနေပြီ အပေါ်သွေး၉၀ပဲရှိတယ်ဆိုရင်သွေးပေါင်ကျနေပြီဆိုပြီး သိကြပါတယ်။ ဒါက အကြမ်းဖျင်းလောက်ပဲ သိကြတာပါ ။ ကိုယ်က အိမ်မှာ သွေးပေါင်ချိန်စက်လေးဝယ်ထားပြီး တိုင်းလိုက်တဲ့အခါ အမြဲ ၁၂၀/၈၀ ကတော့ တန်းမနေဘူးလေ။ တစ်ခါတစ်လေ ၁၀၀/၇၀ ဖြစ် တစ်ခါတစ်လေ ၁၃၀/၉၀ ဖြစ်နေတတ်ပြန်ရော။ ဒီတော့ ကိုယ့်ကသွေးတိုးနေလား သွေးပေါင်ကျနေတာလား ရေရေရာရာ မသိတဲ့သူတွေရှိပါတတယ်။ ဒီလိုအချိန်မှာ သွေးပေါင်ချိန်စက်ကပြောနေတဲ့နံပါတ်တွေအကြောင်းပိုပြီး သိချင်မလားဘူးလား။ ။ သွေးပေါင်ချိန်စက်တစ်ခုကနေ သိနိုင်တာတွေကတော့ Blood pressure ေသွးပေါင်ချိန် […]



သွေးတိုးရောဂါ

လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ

ညစ်ညမ်းတဲ့လေထုကိုရှူရှိုက်ရတာများတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ စပိန်သုတေသနအသစ်တစ်ခုအရ သိရပါတယ်။ လေ့လာမှုအရ အိန္ဒိယနိုင်ငံအတွင်းကလေထုညစ်ညမ်းမှုဒဏ်အများဆုံးထိတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါအန္တရာယ်သိသိသာသာပိုများတာကိုတွေ့ရပါတယ်။ Epidemiologyဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ ဟိုင်ဒရာဘတ်မြို့အနီးကကျေးရွာ ၂၈ ခုဆီက လူဦးရေ ၅၅၃၁ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေရဲ့သွေးဖိအားကို တိုင်းတာခဲ့ပြီး သူတို့ရဲ့နေအိမ်တဝိုက်မှာလေထုတွင်းညစ်ညမ်းမှုန်ပါဝင်မှုညွှန်းကိန်းအဆင့်(PM2.5)နဲ့black carbon တို့နဲ့ နှစ်စဉ်ထိတွေ့မှုကို ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ပါဝင်သူတွေဟာ အိမ်မှာ ဘယ်လိုလောင်စာမျိုးသုံးပြီးချက်ပြုတ်သလဲဆိုတာတွေပါ အပါအဝင် သူတို့ရဲ့လူမှုရေး-စီးပွားရေးအနေအထား၊ ဘဝနေထိုင်မှုပုံစံနဲ့နေအိမ်အခြေအနေကိုဖော်ပြနိုင်ဖို့ စစ်တမ်းတွေဖြေဆိုရပါတယ်။ သိသိသာသာပါပဲ။ ပါဝင်သူအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ ကျန်းမာရေးနဲ့ညီတဲ့ PM ညွှန်းကိန်းအတိုင်းအတာထက်10 µg/m³ကျော်လွန်ထိတွေ့ခဲ့တာဖြစ်ပါတယ်။လေ့လာမှုမှာ သတ်မှတ်ထားတဲ့ PM2.5 အဆင့်နဲ့ ထိတွေ့မှုပျမ်းမျှအဆင့်က33 µg/m3ဖြစ်ပါတယ်။ သွေးဖိအားတိုင်းတာမှုတွေအရ ပါဝင်သူတွေရဲ့ထက်ဝက်နီးပါး(၄၆ ရာခိုင်နှုန်း)ဟာ သွေးတိုးရှိနေတာတွေ့ရပြီး အတော်များများကရောဂါရှိတာမသိသေးသူတွေ၊သေချာမကုသသူတွေဖြစ်နေခဲ့ပါတယ်။ PM2.5 ထိတွေ့မှုမှာ 1µg/m3 ပိုများနေတာက အမျိုးသမီးတွေမှာ သွေးဖိအား ၄ ရာခိုင်နှုန်း မြင့်လာတာနဲ့ သိသိသာသာဆက်နွယ်နေတယ်လို့ တွေ့ရှိချက်တွေကဖော်ပြခဲ့ပါတယ်။ ဒီဆက်နွှယ်မှုမှာ အမျိုးသားတွေကတော့ […]


သွေးတိုးရောဂါ

အိမ်မှာသုံးတဲ့ သွေးပေါင်ချိန်စက် သုံးနည်းမှန်ရဲ့လား

နောက်ဆက်တွဲဆိုးကျိုးတွေများလွန်းတဲ့ အဓိကအရင်းခံတစ်ခုအဖြစ် သွေးတိုးရောဂါကို စိတ်ပူနေရတဲ့ ဒီကနေ့ခေတ်မှာသွေးပေါင်ချိန်စက်တစ်ခုတော့ ရှိထားသင့်ပါတယ်နော်။ဆေးဆိုင်တွေ၊ဆေးခန်းတွေမှာ ချိန်လို့ရပေမယ့် ကိုယ်လိုတဲ့အချိန်အလွယ်တကူ သိရှိနိုင်ဖို့၊ အချိန်နဲ့တပြေးညီသွေးဖိအားကိုစစ်ဆေးနိုင်ဖို့ ကိုယ်တိုင်တိုင်းကြည့်တာကောင်းပါတယ်။ ဒါပေမယ့် အိမ်မှာသုံးနေပေမယ့် နည်းလမ်းရောမှန်ရဲ့လား၊ တိုင်းတာမှုရလဒ်တွေ တိကျမှန်ကန်ရဲ့လား သိဖို့တော့အရေးကြီးပါတယ်။ နည်းလမ်းမှန်မှ ရလဒ်မှန်ကန်မယ်၊ ရလဒ်ကို အတိအကျသိနိုင်မှသွေးဖိအားအတက်အကျကို ထိန်းနိုင်မယ်။ အသုံးပြုနည်းမှန်ကန်ဖို့ ဒီအချက်တွေကို သတိထားသင့်ပါတယ် သွေးပေါင်ချိန်စက် ဘယ်အမျိုးအစားကိုပဲသုံးသုံး အသုံးပြုတဲ့နည်းလမ်းနဲ့ တိုင်းတာပုံ မှန်ကန်ဖို့လိုပါတယ်။ အရင်ဆုံး - စက်က တိကျမှန်ကန်ရဲ့လား ဝယ်ကတည်းက စစ်ဆေးပါ။ အရည်အသွေးကောင်းဖို့၊ ရလဒ်တိကျဖို့၊ ချို့ယွင်းချက်ပါမလာဖို့ အရင်ဆုံးစစ်ဆေးပြီးမှ ဝယ်ပါ။ ထိခိုက်တာ၊ ချို့ယွင်းတာပါရင် ချက်ချင်းပြန်လဲပါ။ သွေးပေါင် တစ်နေ့နှစ်ကြိမ်တိုင်းပါ။ပထမတစ်ကြိမ်ကို မနက်စာမစားခင် သို့မဟုတ်ဆေးတွေမသောက်ခင် တိုင်းပါ၊နောက်တစ်ကြိမ်ကို ညနေပိုင်းမှာတိုင်းပါ။ သွေးပေါင်တိုင်းတဲ့အချိန် တူညီပါစေ။ဒီနေ့ ဒီအချိန်တွေမှာသွေးပေါင်ချိန်ရင်နောက်နေ့လည်း ဒီအချိန်တွေပဲ တိုင်းတာပါ။ အိပ်ရာထ ထချင်းသွေးပေါင်မချိန်ပါနဲ့။ဒါပေမယ့်မနက်စာစားပြီးမှ […]


သွေးတိုးရောဂါ

သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး

သစ်ကြားသီးကို အခုနောက်ပိုင်း အတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်း ရနိုင်သလို အွန်လိုင်းကနေလည်း မှာယူ စားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကို သိတာထက် ကြိုက်နှစ်သက်လို့ စားကြတာ များပါတယ်။ လူကြီးတွေရော၊ကလေးတွေအတွက်ပါ သရေစာ တစ်ခုအဖြစ် သဘောကျကြတာပါ။ ဒီတစ်ခေါက်တော့ သွေးတိုးသမားအတွက် ဓါတ်စာ အနေနဲ့လည်း သစ်ကြားသီး စားပေးလို့ရတဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး အကျိုးပြုအဆီတွေ ပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ် ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ဒီတစ်ခါ သုတေသန တွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့သူတွေဟာ အဆီနည်းတဲ့ စားသောက်မှုပုံစံနဲ့ စားသောက်ပြီး သစ်ကြားသီးကို တွဲဖက်စားသုံးမယ် ဆိုရင် သွေးတိုး ကျစေနိုင်တယ်လို့ ဆိုပါတယ်။သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန် များနေသူတွေနဲ့ အဝလွန်နေသူ […]


သွေးတိုးရောဂါ

တစ်နေ့ကို ဆားဘယ်လောက် စားလို့ရလဲ

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဆားက မပါမဖြစ်ပါတတ်ပါတယ်။ ထို့အပြင်ကျွန်တော်တို့မြန်မာလူမျိုးတွေက ဆားကို အခြား အိမ်နီးချင်း နိုင်ငံများထက်ပိုပြီးစားကြပါတယ်။ သာမန် လူတစ်ယောက်အတွက် တစ်နေ့တာစားသင့်တဲ့ ဆိုဒီယမ် (Sodium) ပမာဏ ပါာ 2300 မီလီဂရမ် ထက်မပိုသင့်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် ထိုပမာဏပါာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ ညီမျှပါတယ်။ သွေးတိုးသမားတွေကတော့ လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံပဲ (Sodium 1500mg) စားသင့်ပါတယ်။ လေ့လာတွေ့ရှိချက်များ အရ မြန်မာ လူမျိုးတွေ စားသုံးနေတဲ့ ဆားပမာဏပါာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက် က ပျမ်းမျှရှိနေပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း မြန်မာလူမျိုးအများစု အသက် လေးဆယ်ကျော်တာနဲ့ သွေးတိုးရောဂါ စဖြစ်လာပါတော့တယ်။ နောက်တစ်ခု ကျွန်တော်တို့ သတိထားသင့်တဲ့ အစားအစာကတော့ လက်လုပ်ချဉ်တွေ ပါ။ ဥပမာ […]


သွေးတိုးရောဂါ

နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ

နွေပူလို့ သွေးတိုးမှာစိုးပြီး ဘာမှမစားရဲ မသောက်ရဲဖြစ်နေတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေများရှိနေလား။ ဒါဆို နွေပူပူမှာ သွေးမတိုးစေဘဲ အရသာရှိရှိစားလို့ရမယ့် အစားအသောက်လေးရှိတယ်ဆိုတာ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို သတင်းကောင်းပါးပါရစေနော်။ သွေးတိုးတာက ကမ္ဘာတလွှား တော်တော်လေးအဖြစ်များလာတဲ့ ရောဂါတစ်ခုပါနော်။ သွေးတိုးတာက ပြောတော့သာ ဘာမှမဟုတ်တယ်၊ အခန့်မသင့်ရင် အသက်ကိုတောင်ခြိမ်းခြောက်တာ သွေးတိုးရောဂါပါနော်။ ဒီတော့ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ ဆိုတာ ဆက်ပြောကြရအောင်လား။ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲဆိုတော့ နွေပူပူမှာ သွေးတိုးရှိသူတွေ သတိထားရမယ့် တစ်ချက်က ရေဓာတ်ပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ရေဓာတ်ဆုံးရှုံးမှုကြောင့် သွေးတိုးတာမျိုး ဖြစ်နိုင်ခြေနည်းသွားမှာပါ။ ဖရဲသီး ဖရဲသီးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ lycopene ကြွယ်ဝစွာ ပါဝင်သလို ဘီတာကယ်ရိုတင်း၊ ဗီတာမင် […]


သွေးတိုးရောဂါ

အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

မိုးမှာ ရေကြီးအောင် မိုးရွာပြီး ဆောင်းမှာတော့ အအေးလျော့ခဲ့ပေမယ့် အခုနွေမှာတော့ ရိုးရာမပျက် ခြစ်ခြစ်တောက် ပူနေလေရဲ့နော်။ မနက်လင်းကတည်းက စညည်းမိတာ ပူလိုက်တာ ချွေးတွေ လုံးနေတာပဲ ဆိုတဲ့ စကားပါ။ ချက်ရပြုတ်ရ၊ အိမ်မှုကိစ္စတွေ လုပ်ရ၊ ရုံးသွားရနဲ့ မအားမလပ်ပါပဲ။ ဒီကြားထဲ ရုံးသွားတဲ့အခါ မှာ ကားက တိုးကြိတ်စီးရသေးတာနော်။ မဟုတ်လည်း လမ်းက ကျပ်တယ်။ ဒီပြဿနာတွေက နွေမှာ ပိုဆိုးတယ်နော်။ နွေရောက်ပြီဆို အများဆုံး ကြားရတာ တစ်ခုရှိတယ်။ ဒါကတော့ နွေပူလွန်းလို့  ဦးနှောက်သွေးကြော ပြတ်တယ် ဆိုတာပါပဲ။ အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း နွေအပူကြောင့် ဦးနှောက်သွေးကြောပြတ်တာလားဆိုတာကို ကြည့်လိုက်ကြရအောင်လား ...... နွေအပူကြောင့် ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ် ချွေးထွက်လွန်မယ် ရေဓာတ်နဲ့ ဆားဓာတ်ဆုံးရှုံးမယ် ခေါင်းကိုက်မယ် အော့အန်မယ် မအီမသာဖြစ်မယ် နေလောင်မယ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်