သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

ဇင့်ဓါတ် နှင့် သွေးပေါင်

ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ zinc ဓါတ် နည်းလွန်းခြင်း၊ များလွန်ုးခြင်းတို့ဟာ ခန္ဓါကိုယ်ကို သက်ရောက်မှုများရှိပါတယ်။ အသေးစိတ်သိလိုပါက အောက်ပါ ဆောင်းပါးကို ဖတ်ကြည့်နိုင်ပါတယ်။   ဇင့် ဓါတ်နှင့် သွေးပေါင် ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ ခန္ဓါကိုယ်ထဲတွင် သံဓါတ်ပြီးလျှင် အများဆုံးတွေ့ရသော ဓါတ်တစ်မျိုးဖြစ်သည်။ ဆဲလ်တိုင်းလိုလိုတွင် တွေ့ရပါတယ်။ အစားအစာ အတော်များများတွင် ပါဝင်ပါတယ်။ ခန္ဓါကိုယ် တွင် ဇင့် ဓါတ်နည်းပါက အသက်အရွယ်ကြီးလာသော အခါ နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ် တွင် ဇင့် ဓါတ်များပါက လည်း နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ ပိုလျှံသော zinc များဟာ သွေးတိုးစေနိုင်ပါတယ်။ ဇင့် ဟာ အခြားသော […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း

သွေးတိုးကုသနည်းများ တွင် အချို့သောဆေးများ ဟာ သင်နဲ့ ရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ သည်ဆောင်းပါးက သွေးကြောကျယ်ဆေးများ နဲ့ ပက်သက်ပြီး သိသင့်သည့် အချက်အချို့ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ သွေးကြောကျယ်ဆေးများမှာ Hydralazine hydrocholoride(apresoline) and minoxidil(loniten) တို့ဖြစ်ပါတယ်။ ဘာကြောင့် သွေးကြောကျယ်ဆေးများကို အသုံးပြုပါလဲ။ သွေးကြောကျယ်ဆေးများကို အောက်ပါ အခြေအနေများတွင် အသုံးပြုပါတယ်။ -သွေးတိုးခြင်း -ကိုယ်ဝန်ဆိပ် တက်ခြင်း -အဆုပ်သွေးကြော ဖိအားများခြင်း -နှလုံးအားနည်းခြင်း   သွေးကြောကျယ်ဆေးများ က မည်သို့ အလုပ်လုပ်သလဲ။ ထိုဆေးများသည် သွေးကြောများရဲ့ နံရံကို ပြေလျော့စေပြီး သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးကြောများကို ကျယ်စေပါတယ်။ ထိုသို့ဖြင့် သွေးများကို ကောင်းမွန်စွာ စီးဆင်းစေပြီး ဖိအားလျော့နည်းစေပါတယ်။ အခြာဆေးများ နှင့် အလုပ်မဖြစ်ပါက သွေးကြောကျယ်ဆေးများကို အသုံးပြုပါတယ်။ သွေးကြောကျယ်ဆေးများဟာ သွေးကြောနံရံများ ပေါ်သက်ရောက်ပါတယ်။ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ- သည်ဆေးများသည်လည်း အခြားဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်အများဆုံးမှာ- Hydralazine […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ

သွေးတိုးရောဂါအကြောင်း သိထားတာတွေ မှန်ရဲ့လား! သွေးတိုးရောဂါအကြောင်း သိကောင်းစရာ Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအေနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့်, အဓိကအမျိုးအစားများကတော့ : Primary hypertension,(essential hypertension , idiopathic hypertension လို့လည်းသိထားကြပါတယ်) Secondary hypertension (အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်တာဖြစ်ပါတယ်။) Isolated systolic hypertension; Preeclampsia, (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေဖြစ်ပါတယ်။ သင် သို့မဟုတ်သင် အလေးထားတဲ့သူမှာ သွေးတိုးရောဂါရှိလျှင် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။ သင့်ရဲ့သွေးပေါင်ချိန်နံပါတ်များက ဘယ်လိုအဓိပ္ပါယ်လဲ? သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓါကိုယ်မှာ လည့်ပတ်နေတဲ့ သွေးကြိမ်နုန်းကို တိုင်းတာတာဖြစ်တယ်။ - Systolic […]


သွေးတိုးရောဂါ

Hypotension (သွေးပေါင်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypotension (သွေးပေါင်ကျခြင်း) ဆိုတာဘာလဲ သွေးပေါင်ကျတယ်ဆိုတာကသွေးလွှတ်ကြောတွေ၊သွေးပြန်ကြောတွေကနေတဆင့်သွေးတွေစီးဆင်းမှုနည်းသွားတာကြောင့်ဖြစ်လာတဲ့ သွေးပေါင်ချိန်နည်းလာတဲ့လက္ခဏာတစ်ရပ်ပါ။သွေးကြောတွေထဲမှာသွေးစီးဆင်းမှု အရမ်းနည်းသွားတဲ့အခါ ဦးနှောက်၊နှလုံး နဲ့ကျောက်ကပ်တို့လိုမျိုး ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေရောက်ရှိမှုနည်းသွားနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်အလုပ်မလုပ်နိုင်တဲ့ အခြေအနေကိုရောက်ရှိသွားစေနိုင်သလို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးတာမျိုးအထိတောင်ဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ကျတာက အချို့သူတွေမှာပြဿနာကြီးကြီးမားမားမရှိပေမယ့် လူတော်တော်များများမှာတော့ ပုံမှန်မဟုတ်တဲ့သွေးပေါင်ကျတာကခေါင်းမူးတာ၊သတိလစ်တာတွေတောင်ဖြစ်နိုင်ပါတယ်။သွေးပေါင်ကျတာက အရမ်းပြင်း ထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။ ဘယ်လိုအခြေအနေဆိုရင်သွေးပေါင်ကျနေတာလဲ သွေးပေါင်ချိန်တိုင်းလိုက်လို့ အပေါ်သွေးက ၉၀ mm Hg ထက်နည်းနေပြီးအောက်သွေးက ၆၀ mm Hg ထက် နည်းနေခဲ့ရင်သွေးပေါင်ကျနေတယ်၊ လို့ ယူဆရပါမယ်။ သွေးပေါင်ကျစေရတဲ့ အကြောင်းရင်းခံကတော့တော်တော်လေးများပါတယ်။ ခန္ဓါကိုယ်မှာရေဓါတ်မလုံလောက်တာကနေစလို့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း မှားယွင်းမှုတစ်စုံတရာဖြစ်တာကြောင့် လည်းသွေးပေါင်ကျတာမျိုးဖြစ်နိုင်ပါတယ်။ လက္ခဏာများသွေးပေါင်ကျခြင်း (Hypotension)ဖြစ်ရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ ရုတ်တရက်သွေးပေါင်ကျသွားတဲ့အခါ – ခေါင်းထဲမှာ ညီးစီစီဖြစ်လာမယ် သတိလစ်မယ် အမြင်တွေဝေဝါးလာမယ် အော့အန်မယ် ခြေကုန်လက်ပန်းကျလာမယ် အာရုံမစိုက်နိုင်တော့ဘူးဖြစ်လာမယ်။ ရုတ်တရက်သတိလစ်သွားခြင်း သွေးပေါင်တအားကျသွားတဲ့အခါ အသက်အန္တရာယ်တောင်ဖြစ်နိုင်ပါတယ်။သွေးပေါင်တအားကျပြီး ရုတ်တရက် သတိလစ်မသွားခင်မှာ ဒီလိုတွေဖြစ်နိုင်ပါတယ်။ စိတ်ရှုပ်ထွေးလာမယ် (အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်) အရေပြားမှာချွေးစေးတွေထွက်ပြီးအေးလာမယ်၊ အရေပြားတွေဖြူဖျော့ဖျော့ဖြစ်လာမယ် အသက်ရှုနှုန်းမြန်လာမယ် အားမရှိသလိုဖြစ်လာပြီးသွေးခုန်နှုန်းမြန်လာမယ်။ ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲတကယ်လို့သွေးပေါင်ကျတာကြောင့် ရုတ်တရက်သတိလစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ တစ်ခါတလေခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်တဲ့အခါ မျိုးမှာလည်းခေါင်းမူးတာ၊ ညီးစီစီဖြစ်တာမျိုးတွေခံစားရနိုင် […]


သွေးတိုးရောဂါ

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

သွေးတိုးတယ်ဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် ရှိတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာ တလွှားမှာ သွေးတိုးရောဂါ ခံစားနေရသူဦးရေက ၁ ဘီလျံလောက် ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက် ထိန်းသိမ်းမှု မရှိဘူး ဆိုရင် နှလုံးရောဂါ နဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒီတော့ သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း တွေကို ကြည့်လိုက်ရအောင်နော်။ သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့် နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။ ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကိုကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။ သွေးတိုးရောဂါ ဖြစ်နိုင်ခြေများစေတဲ့ အချက်များ ဆားအစားများတာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတာ အဝလွန်တာ အရက်အလွန်အကျွံသောက်သုံးတာ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။ ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။   Diuretics Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓါတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။ Thiazide တွေထဲမှာ chlorthalidone, hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓါတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။   Angiotensin converting enzyme (ACE) inhibitor ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ

သွေးတိုးကိုကုသဖို့ဆေးတွေသောက်ရတော့မယ်ဆိုရင် အဲဒီဆေးတွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိဖို့လိုပါတယ်။ တချို့ဆေးတွေကိုရှောင်ခြင်းကလည်း သင့်ပန်းတိုင်ကိုရောက်စေပါတယ်။ တချို့ဆေးတွေကသင့်ကိုသွေးတိုးစေပြီး တချို့က သင့်သွေးတိုးဆေးတွေကိုနှောင့်ယှက်ပြီး ဆေးစွမ်းကိုထိခိုက်စေပါတယ်။ အခုပြောပြသွားမှာက သင့်သွေးတိုးကိုပိုဆိုးစေတဲ့ စိတ်မချရသောဆေးဝါးများ ကြောင်းပါ။ သွေးတိုးသမားတွေအတွက် စိတ်မချရသောဆေးဝါးများ NSAID NSAID ဆိုတာ Non Steroidal Anti Inflammatory Drugs ကိုပြောတာပါ။ ဒီဆေးတွေက နာကျင်ခြင်းကို လျှော့ချဖို့နဲ့ ရောင်ရမ်းငြ်းကို လျှော့ချဖို့ သုံးပါတယ်။ ဥပမာ - အဆစ်ရောင်ခြင်း။ ဆရာဝန်တွေက လူာတွေကို NSAIDs ပေးလေ့ရှိပါတယ်။ ဒီ NSAIDs ဆေးတွေက သွေးတိုးကိုပိုမြင့်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကကိုယ်တွင်းရည်တွေကိုထိန်းသိမ်းထားပြီး ကျောက်ကပ်လုပ်ငန်းစဉ်ကိုလျှော့ချပါတယ်။ သူတို့က ဒါကြောင့် သူတို့က နှလုံးနဲ့ ကျောက်ကပ်တွေကု ဖိနှိပ်ပါတယ်။ တချို့ NSAIDs တွေထဲမှာ aspirin, ibuprofen နဲ့ naproxen တွေပါဝင်ပါတယ်။ ချောင်းဆိုးနဲ့ […]


သွေးတိုးရောဂါ

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သွေးတိုးရောဂါက လူကြီးတွေမှာ အဖြစ်များတယ် ဆိုပေမဲ့ လူငယ်တွေလည်း မပေါ့ဆသင့်ပါဘူး။ ဒီနေ့ခေတ်ရဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့် အရွယ်မတိုင်ခင် သွေးတိုးဖြစ်သူတွေ များလာပါပြီ။ သွေးတိုးရောဂါကို သေချာမထိန်းဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ နှလုံးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးထိန်းတဲ့နေရာမှာ ဆေးတစ်ခုတည်းကို အားကိုးလို့ မရပါဘူး။ ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုပါ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်ကို မျှဝေပေးချင်ပါတယ်။ သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက် (၁) ကျန်းမာစွာစားသုံးပါ။ အစားအစာဆိုတာ ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အစားအစာအရွေးမတတ်ရင် သင်ရောသင့်မိသားစုပါထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်အခုကစပြီး ဆိုဒီယမ်နည်းနည်းနဲ့ ပိုတက်ဆီယမ် များများပါတဲ့အစားအသောက်ပုံစကိုပြောင်းလဲရပါမယ်။ အကြောင်းက ပိုတက်ဆီယမ်က သွေးတိုးကျစေလို့ပါ။ ဒါ့အပြင် အသီးနဲ့ ဟင်းသီးဟင်းရွက်တွေလည်း […]


သွေးတိုးရောဂါ

Home Blood Pressure Test ( အိမ်မှာ သွေးပေါင်ဘယ်လိုချိန်မလဲ )

အိမ်မှာ သွေးပေါင်ချိန်တိုင်းတယ်ဆိုတာ ဘာလဲ။ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ သင့်သွေးပေါင်ချိန်ကို အိမ်မှာနေရင်းနဲ့ တိုင်းတာနိုင်ခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ချိန်ဆိုတာကတော့ သင့်သွေးလွှတ်ကြောထဲမှာရှိတဲ့ သွေးဖိအားကို တိုင်းတာခြင်းအား ဆိုလိုပါတယ်။ အိမ်မှာ သွေးပေါင်ချိန်တဲ့ လူအများစုကတော့ အလိုလျောက်တိုင်းတာနိုင်တဲ့ သွေးပေါင်ချိန်စက်ကို အသုံးပြုလေ့ရှိပါတယ်။ သင့်လက်မောင်းမှာပတ်ထားတဲ့ အပတ်လေးကို တင်းပြီးဖောင်းလာအောင် လေညှစ်ထည့်ပေးခြင်းအားဖြင့် သွေးပြန်ကြောထဲမှာရှိတဲ့ သွေးစီးဆင်းမှုကို ယာယီရပ်ဆိုင်းသွားစေပါလိမ့်မယ်။ လက်မောင်းအပတ်ထဲက လေကို ဖြည်းဖြည်းချင်းပြန်လည် ထုတ်နေတဲ့အချိန်အတွင်း ဘယ်ဖိအားအတိုင်းအတာမှာ သွေးပြန်လည် စီးဆင်းသလဲဆိုတာကို စက်ကမှတ်သားပေးထားမှာ ဖြစ်ပါတယ်။ သွေးပေါင်တိုင်းတာတဲ့အခါ ဂဏန်းနှစ်ခုကို အသုံးပြုပြီး မှတ်တမ်းတင်ပါတယ်။ ပထမဂဏန်းကို အပေါ်သွေးလို့ ခေါ်ပြီး သင့်နှလုံးညှစ်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အများဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။ ဒုတိယဂဏန်းကတော့ အောက်သွေးဖြစ်ပြီး နှလုံးခုန်သံ တချက်နဲ့ တချက်အကြား သင့်နှလုံးဖြေလျှော့နေတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အနည်းဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။ သွေးပေါင်ချိန်တိုင်းတာတဲ့ မူလကိရိယာတွေဟာ ပြဒါး […]


သွေးတိုးရောဂါ

သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ

သင့်မှာ သွေးတိုးရှိနေရင်သင့်ကိုယ်သင်ဘယ်လိုဂရုစိုက်ရမလဲ။ သင့်ရဲ့သွေးပေါင်ချိန်ကိုထိန်းဖို့နည်းလမ်း ၈ သွယ်ရှိပါတယ်။ ဆားလျှော့စားပြီးကျန်းမာရေးနဲ့သင့်တော်တဲ့စားသောက်မှုပုံစံပြောင်းပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းထားပါ။ စိတ်ဖိစီးမှုမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ပါ။ ဆေးရွက်ကြီးမသောက်ပါနဲ့။ ဆေးမှန်မှန်သောက်ပါ။ အရက်ကိုလျှော့သောက်ပါ။ ရေနွေးကန်ထဲမှာစိမ်ခြင်းသည် စိတ်ချရပါသည်။ နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကိုဆေးသောက်စရာမလိုဘဲကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကိုကြိုတင်ကာကွယ်ဖို့အတွက်အရေးကြီးသလိုထိန်းချုပ်ဖို့အတွက်လည်းအရေးပါပါတယ်။ ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့စိတ်ထဲကမှတ်ယူပြီးစိတ်အားထက်သန်စွာလိုက်နာပါ။ တကယ်လိုသင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေမြင့်စေသောအရာအချို့ရှိနေလို့သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို့ရတယ်ဆိုတာပါပဲ။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုသင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ သွေးတိုးကျလာမယ်။ သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်မယ်။ သင့်ရဲ့ သွေးကျဆေးအာနိသင်တွေကိုပိုပြီးထိရောက်စေမယ်။ နှလုံး၊ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေနည်းလာမယ်။ သင်ဘယ်လိုလုပ်ရမလဲဆိုတော့ သွေးတိုးရှိနေတဲ့သူတွေရဲ့၂၀ရာခိုင်နှုန်းကသူတို့သွေးတိုးရှိနေမှန်းမသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးကသူတို့ကိုနောက်ပိုင်းဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။ သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ဆရာဝန်ဆီမှာသွားရောက်စမ်းသပ်စစ်ဆေးပါ။ သင့်ကုသမှုတွေပိုမိုထိရောက်ဖို့သင်လုပ်သင့်တာလုပ်ပါ သွေးတိုးမှာကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။ သင့်ရဲ့ဆရာဝန်နဲ့ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။ သင့်ဘဝကိုပြောင်းလဲပြီး သွေးတိုးဖြစ်ပွားနိုင်ခြေမြင့်စေတဲ့အရာတွေကိုလျှော့ချပါ။ တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ဘဝကိုရစေနိုင်ပါတယ်။ နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်