သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးခြင်းက ခေါင်းကိုက်ခြင်းကို ဖြစ်စေသလား ?

သွေးတိုးကြောင့် ခေါင်းကိုက်စေတယ်လို့ တွေးရတာလွယ်ကူပါတယ်။ တစ်ခါတစ်လေသင်တွေးမယ်။“နှလုံးကအရမ်းခုန်တာကြောင့် သွေးက သွေးကြောနံရံတွေကိုအားနဲ့တွန်းပြီးစီးဆင်းသွားတယ်။ ဒါကြောင့် ငါ့ဦးခေါင်းခွံကပါလိုက်ခုန်လာတာများလား” ဆိုပြီးတော့ပေါ့။ ဆက်စပ်မှုရှိမရှိဆိုတဲ့ အဖြေကမသေချာပါဘူး။ လေ့လာမှုတွေမှာတော့ ခေါင်းကိုက်နဲ့ သွေးတိုးဆက်စပ်မှုကိုအနည်းငယ် တွေ့ရပါတယ်။ အောက်မှာ သွေးတိုးနဲ့ခေါင်းကိုက်ဘယ်လိုဆက်စပ်နေလဲဆိုတဲ့အကြောင်းအရင်းအမှန်ကိုပြောပြသွားပါ့မယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကလူတွေဟာ ခေါင်းကိုက်တာက သွေးတိုးရဲ့လက္ခဏာဖြစ်တယ်လို့ယုံခဲ့ကြပါတယ်။ တကယ်တော့ လေ့လာမှုတွေအရ ခေါင်းကိုက်တာနဲ့ သွေးတိုးတာကသိသာတဲ့ဆက်စပ်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့်ယနေ့ခေတ်ရဲ့လူတော်တော်များများနဲ့ဆရာဝန်တွေကပါခေါင်းကိုက်တာက သွေးတိုးရှိလို့ဆိုပြီးထင်နေကြတုန်းပါဘဲ။ အာရုံကြောဆရာဝန် Deborah Friedman ကခုနကပြောသွားတဲ့အချက်နဲ့ပတ်သက်ပြီးအကြောင်းပြချက်တွေပေးထားပါတယ်။ • သွေးတိုးကကြီးကြီးမားမားနာကျင်မှုတွေနဲ့ဆက်စပ်ချင်ဆက်စပ်နေလိမ့်မယ်။ • ခေါင်းကိုက်ခြင်းက တချို့သွေးတိုးကျဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်းဖြစ် နိုင်တယ်။ • ပြောင်းပြန်အားဖြင့် သွေးတိုးကျဆေးများသည် ခေါင်းကိုက်ဝေဒနာကို ကာကွယ်ပေးကောင်းပေးနိုင်တယ်။ ထို့ကြောင့်လည်းဆေးကုသမှု ခံယူနေသောသွေးတိုးလူနာများတွင် ခေါင်းကိုက် ဖြစ်နိုင်ချေ နည်းပါတယ်။   ခေါင်းနည်းနည်းပဲကိုက်တဲ့ သွေးတိုးဝေဒနာရှင်တွေဘာလို့ရှိနေတာလဲ ? နော်ဝေမှာရှိတဲ့ လေ့လာမှုတွေကသွေးတိုးရှိတဲ့ ဒေသခံတွေက ခေါင်းသိပ်မကိုက်ကြဘူးလိုပြောပါတယ်။ လေ့လာမှုအဖွဲ့သားတွေကအရွယ်ရောက်ပြီးသူ၂၂၀၀၀ခန့်ကို၁၁နှစ်ခြားပြီးစမ်းသပ်ခဲ့ပါတယ်။ အပေါ်သွေး(Systolic blood pressure) ၁၅၀အထက်မှာရှိတဲ့သူတွေကခေါင်းကိုက်နိုင်ချေ၃၀ရာခိုင်နှုန်းပိုနည်းပါတယ်။ အပေါ်သွေး(Systolic figure)ဆိုတာက သွေးတိုးတိုင်းရာမှာအမြင့်ဆုံးဂဏန်းကိုဆိုလိုတာပါ။ လေ့လာသူတွေကလည်းhypalgesia (နာကျင်မှုကိုအာရုံခံစားနိုင်စွမ်းလျော့ခြင်း) […]


သွေးတိုးရောဂါ

သွေးတိုးကျစေတဲ့ဆား

သွေးတိုးကျစေတဲ့ဆား ဆရာဝန်တွေအနေနဲ့ဆားကိုသင့်တင့်မျှတစွာထိန်းစားခြင်းကသွေးတိုးကို လျော့ကျစေတယ်လို့သိထားကြပါတယ်။ ကျွန်တော်တို့စားနေကျးစရာတွေမှာပါတဲ့တခြားဆိုဒီယမ်မဟုတ်တဲ့ဓါတ်တွေက သွေးတိုးကျစေတယ်ဆိုတာကိုတော့သိသူနည်းပါတယ်။ ပိုတက်ဆီယမ်ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓါတ်ကြွယ်ဝတဲ့စားစရာတွေကသွေးတိုးလျှော့ချပေးပါတယ်။ လူတိုင်းကဆားလျှော့စားခြင်းက သွေးတိုးကျစေတယ်လို့သိထားကြပါတယ်။ သိပ်မကြာခင်ကဘဲဒီအချက်မှာအငြင်းပွားစရာလေးတွေနည်းနည်းရှိလာပါတယ်။ တချို့လူတွေကဆား/ဆိုဒီယမ်ဒဏ်ကို သူများထက်ပိုပြီးမခံနိုင်ဖြစ်တတ်ကြပါတယ်။ နောက်ပြီးသွေးတိုးကိုသက်ရောက်မှုရှိတဲ့တခြားဓါတ်တွေလည်းရှိပါသေးတယ်။ဥပမာ - ပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်၊မက်ဂနီဆီယမ်တို့ပဲဖြစ်ပါတယ်။ လေ့လာမှုတွေအရဆိုဒီယမ်စားသုံးမှုများတဲ့လူတွေမှာ သွေးတိုးရှိကြောင်းပြပါတယ်။ ဒါကအသက်ကြီးလေပိုဖြစ်လေဖြစ်ပါတယ်။ တချို့ဆား/ဆိုဒီယမ်လုံးဝမစားသုံးတဲ့လူမျိုးတွေက သွေးတိုးရှိသူတော်တော်နည်းတာတွေ့ရပါတယ်။ အဲဒီလူတွေကအဝလွန်ခြင်းမရှိအရက်လည်းမသောက်သလိုကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ကြပါတယ်။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှဆားရဲ့ဆိုးကျိုးသက်ရောက်မှုကလည်းတိုးလာပါတယ်။ ထို့ကြောင့် ဆားလျော့စားရမည်ဟူသောထုံးကိုသမ္မာကျမ်းစာအမှန်တရားကဲ့သို့လက်ခံကျင့်သုံးလာခဲ့သည်။ ထူးဆန်းစွာပင် မကြာသေးမီကအမေရိကားနိုင်ငံမှလေ့လာစမ်းသပ်မှုများအရဆားကိုလျော့စားခြင်းသည် အသက်တိုစေသည်ဟုဆိုသည်။ ထို့ပြင်ဆားကိုအလွန်အကျွံလျော့စားသူများသည် သွေးတိုးပင် ဖြစ်လာနိုင်သည်ဟုဆိုသည်။ ကယ်လ်ဆီယမ် ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ် ဆိုဒီယမ်တစ်ခုဘဲ သွေးတိုးရောဂါအပေါ်သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ် တွေက သွေးတိုးနှုန်းကိုပုံမှန်လည်ပတ်နိုင်ဖို့ကူညီပါတယ်။ သူတို့ရဲ့သက်ရောက်မှုကတော့အကောင်းဘက်ကပါ။ ဒီဓါတ်တွေကသင့်အစားအသောက်ထဲမှာပါမယ်ဆိုရင်သူတို့က သွေးတိုးကိုလျှော့ချပေးနိုင်ပါတယ်။ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့စားစရာတွေကလည်း သွေးတိုးကို လျှော့ချပေးနိုင်တယ်လို့လေ့လယမှုတွေကဆိုထားပါတယ်။ ဒါပေမယ့်လေ့လာမှုတွေအရအပေါ်ကပြောသွားတဲ့ဓါတ်တွေအာဟာရတွေကို ဆေးအနေနဲ့ထုတ်လုပ်တဲ့အခါအစားအသောက်မှာပါတဲ့ဓါတ်တွေလောက်သွေးတိုးကိုမထိန်းချုပ်နိုင်ဘူးလို့ဆိုပါတယ်။ ကယ်လ်ဆီယံ ကယ်လ်ဆီယမ်မှာအရိုးသန်မာစေတဲ့အချက်အပြင်တခြားကျန်းမာရေးကိုအထောက်အကူပြုတာတွေအများကြီးရှိပါသေးတယ်။ ကယ်လ်ဆီယမ်ပါဝင်တဲ့အစားအစာတွေကိုစားတဲ့သူတွေမှာ သွေးတိုးကျကြောင်းအဝလွန်မှုမရှိ၊အဆီပိုမရှိ၊ဆီးချိုမရှိကြောင်း တွေ့ရပါတယ်။DASH စားသောက်မှုပုံစံ (ဆီးချိုသမားများအတွက်ဆီးချိုထိန်းစားသောက်မှုပုံစံတစ်မျိုး)ကတစ်ရက်ကိုအဆီပါဝင်မှုနည်းတဲ့စားစရာတွေကိုပဲစားသောက်စေပါတယ်။ လူတစ်ယောက်ကတစ်ရက်ကိုကယ်လ်ဆီယမ်1200 mg ရအောင်အဆီမပါတဲ့နို့ထွက်ထုတ်ကုန်တွေကိုနှစ်ခါမှသုံးခါစားသင့်ပါတယ်။ နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကအရမ်းအံ့သြဖို့ကောင်းပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံထဲကိုနို့ထွက်ထုတ်ကုန်တွေထည့်စားတာသင့်အတွက်အရမ်းကိုအကျိုးရှိစေမှာပါ။ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကအမေရိကန်မှာနို့သောက်သုံးမှုသိသိသာသာလျော့နည်းလာပါတယ်။ လေ့လာသူတွေကဒီအချက်ဟာအဝလွန်ခြင်းနဲ့သွေးတိုးရောဂါများလာခြင်းတို့နဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။ တစ်ခုအရေးကြီးတာကအဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကို ရွေးပါ။ နို့ထွက်ထုတ်ကုန်တွေထဲမှာပါတဲ့အဆီက high saturated […]


သွေးတိုးရောဂါ

သင့်သွေးတိုးကို လျှော့ချဖို့ လွယ်ကူတဲ့နည်းလမ်းများ

သင့်သွေးတိုးကို လျှော့ချဖို့လွယ်ကူတဲ့နည်းလမ်းများ ဆားလျှော့စားခြင်းက သွေးတိုးကျဖို့တစ်ခုတည်းသောနည်းလမ်းလို့သင်ထင်ပါသလား ? မဟုတ်ပါဘူး။ အခုပြောပြသွားမှာကတော့ သွေးတိုးကျစေမယ့်နည်းလမ်းတွေပါ။   (၁) သကြားမုံလာ (Beets) သင်ငယ်ငယ်တုန်းကဟင်းသီးဟင်းရွက်တွေကိုမုန်းခဲ့ဖူးပါသလား ? သကြားမုန်လာတွေမှာအာဟာရဓါတ်များစွာပါဝင်ပြီး သွေးကြောတွေကိုပွင့်စေတဲ့အတွက်ကြောင့် သွေးတိုးကျစေပါတယ်လို့ Georgia State University က Professor Christine Rosenbloom ကပြောပါတယ်။ သူတို့ကို လေ့ကျင့်ခန်းမလုပ်ခင်စားခြင်း၊ဖျော်ရည်အနေနဲ့ သောက်ခြင်းကသင့်ကြွက်သားတွေအလုပ်လုပ်ဖို့ အောက်ဆီဂျင်လိုအပ်တဲ့နှုန်း ကို လျှော့ချပေးပါတယ်။ ဆိုလိုတာက သင့်ကြွက်သားတွေ ကအချိန်ပိုကြာကြာ ကြံ့ခိုင်သန်စွမ်းနေမှာဖြစ်ပါတယ်။   မီးဖိုချောင်တွင်းပြုလုပ်နည်း သကြားမုန်လာတွေကိုခဲပတ်နဲ့ပတ်ပြီးမီးဖိုထဲမှာ 400°F နဲ့မိနစ် လေးဆယ်လောက်ထားပါ။ ပြီးရင်လှီးပြီးသံလွင်ဆီဖြစ်ဖြစ်တခြားဆီဖြစ်ဖြစ်ထည့်စားပါ။ တကယ်လို့ဖျောက်ရည်အနေနဲ့ သောက်ချင်တယ်ဆိုရင်တော့လေ့ကျင့်ခန်းမလုပ်ခင် လေးအောင်စလောက် သောက်သွားရပါမယ်။   (၂) ဒိန်ချဉ် ဒိန်ချဉ်ကမိန်းမတွေအတွက်ပဲမဟုတ်ပါဘူး။ သူကကြွက်သားတွေကိုတည်ဆောက်ပေးပြီးအရိုးတွေကိုသန်မာစေပါတယ်။ တစ်ရက်ကိုဒိန်ချဉ် ခြောက်အောင်စလောက် သောက်သုံးခြင်းနဲ့တင် သင့်သွေးတိုးကိုပုံမှန်နှုန်းမှာထိန်းထားနိုင်ပါပြီ။Plain Greek ဒိန်ချဉ်ကို ရွေးချယ်ပါ။ သူ့မှာအဆီပါဝင်မှု 2% ပဲရှိတဲ့အတွက် ကောင်းကျိုးမှန်သမျှရပါလိမ့်မယ်။ မီးဖိုချောင်တွင်းပြုလုပ်နည်း ။ ။ ဒိန်ချဉ်မှာ Blueberries လေးတွေ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် လေ့ကျင့်ခန်းလမ်းညွှန်

သွေးတိုးခြင်းအတွက် လေ့ကျင့်ခန်းအကြံပေးချက်တွေကဘာတွေလဲ လေ့ကျင့်ခန်းလုပ်ခြင်းကသင့်ရဲ့သွေးတိုးကိုကျစေပါတယ်။ လေ့ကျင့်ခန်းကသင့်ကိုခွန်အားတွေပေးတဲ့အပြင်သင့်ရဲ့စိတ်ဖိစီးမှုတွေကိုကျော်လွန်ပြီးနေလို့ကောင်းစေပါတယ်။ သင်ကလောလောဆယ်လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင်သင့်ဆရာဝန်နဲ့အရင်တွေ့ပါ။ သူကသင့်ကိုလေ့ကျင့်ခန်းလုပ်ဖို့အဆင်သင့်ဖြစ်အောင်ကူညီပေးပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားနေခြင်းကသင်သွေးတိုးအတွက်ကောင်းစေတဲ့အတွက်သင့်ဆရာဝန်ကအားကြိုးမာန်တက်ကူညီပါလိမ့်မယ်။ သင်ကြိုက်တဲ့လှုပ်ရှားမှုကိုလုပ်နိုင်ပြီးဒီအတွက် Gym သွားဖို့မလိုပါဘူး။ သင်လှုပ်ရှားနေပြီးနှလုံးခုန်အနည်းငယ်မြန်စေပြီးနည်းနည်းမောနေရင်အဆင်ပြေပါတယ်။ ဒါတွေထဲမှာအမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊စက်ဘီစီးခြင်း၊အလေးမခြင်းနဲ့ခြံအလုပ်လုပ်ခြင်းတွေပါဝင်ပါတယ်။ သင့်အတွက်လှုပ်ရှားမှုရွေးချယ်ဖို့ကသင့်ကိုယ်ကိုပြန်မေးရမယ့်မေးခွန်းနှစ်ခုရှိပါတယ်။ ဘာကပျော်စရာကောင်းလဲ ။ တစ်ယောက်တည်းလေ့ကျင့်ခန်းလုပ်မှာလား ။ အဖွဲ့နဲ့လုပ်မှာလား။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကအကောင်းဆုံးလဲ။ အခြေခံအားဖြင့်လေ့ကျင့်ခန်းသုံးမျိုးရှိပါတယ်။ နှလုံးနဲ့သွေးကြောလေ့ကျင့်ခန်းများ/အေရိုးဗစ်လေ့ကျင့်ခန်းများစတာတွေကသင့်ရဲ့သွေးတိုးကိုကျစေပြီးသင့်ရဲ့နှလုံးကိုပိုပြီးသန်မာစေပါတယ်။ဥပမာ - လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ကြိုးခုန်ခြင်း၊စက်ဘီးစီးခြင်း၊စကိတ်စီးခြင်း၊ လှေလှော်ခြင်း၊အေရိုးဗစ်ရေကူးခြင်းနဲ့ ရေထဲတွင်အေရိုးဗစ်ကစားခြင်း ခွန်အားလေ့ကျင့်ခြင်းကသင့်ရဲ့ကြွက်သားတွေကိုသန်မာအောင်တည်ဆောက်ပေးပါတယ်။ ဒါကသင့်ရဲ့ကယ်လိုရီတွေကိုတစ်နေ့လုံးပိုမိုလောင်ကျွမ်းစေပါတယ်။ ဒါကသင့်ရဲ့အဆစ်နဲ့အရိုးတွေအတွက်လည်းကောင်းပါတယ်။ အကြောလျှော့ခြင်းကသင့်ကိုပိုပြီးပျော့ပြောင်းစေတဲ့အပြင်သင့်ကိုပိုပြီးလှုပ်ရှားလို့အဆင်ပြေစေကာအနာတရဖြစ်ခြင်းမှကူညီကာကွယ်ပေးပါတယ်။   လေ့ကျင့်ခန်းကိုဘယ်လောက်တစ်ခါလုပ်သင့်လဲ အမြန်လမ်းလျှောက်ခြင်းလိုမျိုးအလယ်အလတ်လှုပ်ရှားမှုတွေဆိုရင်တစ်ရက်မိနစ်၃၀နှုန်းနဲ့တစ်ပတ်၅ရက်လုပ်ပါ။ တကယ်လို့အချိန်အဲဒီလောက်မရဘူးဆိုရင်ပြေးခြင်းလိုမျိုးပြင်းထန်တဲ့လေ့ကျင့်ခန်းကိုတစ်နေ့မိနစ်၂၀နှန်းတစ်ပတ်၃ရက်မှ၄ရက်လုပ်ပါ။ တကယ်လို့သင်ကဒီနေ့ထိလှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘူးဆိုရင်အပေါ်ကပမာဏအထိ ဖြည်းဖြည်းချင်းလေ့ကျင့်သွားပါ။ အဲဒီလောက်ထိရောက်ဖို့ရက်သတ္တပတ်အနည်းငယ်ကြာလည်းအဆင်ပြေပါတယ်။ ပထမဆုံး သွေးပူအောင်လုပ်ပါ။၅မိနစ်ကနေ၁၀မိနစ်အထိ သွေးပူစေခြင်းကသင့်ရဲ့ကိုယ်ကိုလှုပ်ရှားရပိုအဆင်ပြေစေတဲ့အပြင်အနာတရဖြစ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ နောက်တစ်ခုကလေ့ကျင့်ခန်းအပြင်းအပျော့ကိုချိန်ဆပါ။ အလွန်အကျွံမလုပ်ပါနဲ့။ သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်စကားပြောနိုင်တဲ့အနေအထားရှိရပါမယ်။ သီချင်းပါဆိုနိုင်သေးရင်တော့နည်းနည်းပိုလုပ်ပါ။ နောက်ဆုံးအနေနဲ့အရှိန်လျှော့ပါ။ ပြီးပြီဆိုပြီးချက်ချင်းမရပ်ချလိုက်ပါနဲ့။ တဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးရပ်ပါ။ အထူးသဖြင့်ဒါက သွေးတိုးရှိသူတွေအတွက်ပိုအရေးကြီးပါတယ်။   လေ့ကျင့်ခန်းမှန်မှန်လုပ်စေနိုင်ဖို့ နည်းလမ်း (၃) သွယ် ပျော်ပျော်ရွှင်ရွှင်လုပ်ပါ။ အဲဒီအခါကျရင်သင်လေ့ကျင့်ခန်းလုပ်ရတာကိုစွဲလာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကိုသင့်တစ်နေ့တာအချိန်ဇယားထဲထည့်ထားပါ။ သင်ဘယ်အချိန်လေ့ကျင့်ခန်းလုပ်မယ်ဆိုတာကြိုစီစဉ်ပြီးပြက္ခဒိန်မှာမှတ်ထားပါ။ လေ့ကျင့်ခန်းအတူလုပ်ဖော်ရှာပါ။ ဒါကသင့်ကိုလေ့ကျင့်ခန်းလုပ်ရတာစိတ်ဓါတ်တက်ကြွစေပြီးပိုပျော်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ ဘေးကင်းရဲ့လား ။ တက်တက်ကြွကြွနေခြင်းက သွေးတိုးရှိသူအတွက်လုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုပါ။ သင့်ဆရာဝန်ကိုသင်ကန့်သတ်ထားရမယ့်ပမာဏရှိလားမေးထားပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါသင့်ရဲ့ခန္ဓါကိုယ်ဘယ်လိုခံစားရလဲသတိပြုပါ။ နေသားကျဖို့ခဏတော့အချိန်ယူရမှာဖြစ်ပြီးဒါကပုံမှန်ပါပဲ။ လေ့ကျင့်ခန်းလုပ်နေစဉ်အသက်ရှူမြန်ခြင်း ချွေးထွက်ခြင်းနှလုံးခုန်မြန်ခြင်းတို့ကပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ရှူအရမ်းကျပ်တာ၊နှလုံးခုန်အရမ်းမြန်တာ၊ နှလုံးခုန်မူမမှန်တာတို့ခံစားရရင်တော့အရှိန်လျော့ပြီးနားလိုက်ပါ။ ရင်ဘတ်အောင့်ခြင်း၊ပျော့ခွေခြင်း၊ ခေါင်းမူးခြင်းနဲ့လည်ပင်း၊လက်မောင်း၊ မေးရိုး၊ပုခုံးတွေမှာနာတာတွေဖြစ်လာရင်တော့လေ့ကျင့်ခန်းလုပ်တာရပ်လိုက်ပါ။ တကယ်လို့အပေါ်ကပြောသွားတာတွေကမြန်မြန်ပျောက်မသွားတာပဲဖြစ်ဖြစ်ထပ်ဖြစ်လာတာပဲဖြစ်ဖြစ်ဆရာဝန်ခေါ်ပါ။ လိုအပ်ရင်အရေးပေါ်ကုသမှုခံယူပါ။


သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် နောက်ဆက်တွဲ ဂရုစိုက်မှုများ

သွေးတိုးအတွက် နောက်ဆက်တွဲဂရုစိုက်မှုများ သွေးတိုးရောဂါကိုကုသရာမှာအရေးကြီးတာတစ်ခုကနောက်ဆက်တွဲဂရုစိုက်မှုပါပဲ။ သင့်ရဲ့သွေးတိုးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းပုံမှန်နှုန်းမှာရှိလားဆိုတာပုံမှန်စစ်ဆေးရပါမယ်။ တကယ်လို့ သွေးတိုးကပုံမှန်နှုန်းထဲမှာမဟုတ်ဘူးဆိုရင်လိုအပ်တဲ့ကုသမှုတွေထပ်ပြီးခံယူရမှာပါ။ သွေးတိုးရှိတဲ့လူတစ်ယောက်ကတစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ်ဒါမှမဟုတ်မကြာခဏဆရာဝန်နဲသွားတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဆီးချိုနှလုံးရောဂါဒါမှမဟုတ် လေဖြတ်ထားတယ်ဆိုရင်သင့်ရဲ့သွေးတိုးကိုပြန်မဖြစ်အောင်ပိုပြီးဂရုစိုက်ရပါမယ်။ သင်အနေနဲ့ဘယ်သွေးပေါင်ချိန်မှာရှိသင့်လဲဆိုတာဆရာဝန်နဲ့ဆွေးနွေးပါ။ အသက်ကြီးလာတာနဲ့အမျှသွေးကြောတွေမာလာခြင်းကအပေါ်သွေး (Systolic blood pressure)ကိုမြင့်လာစေပါတယ်။ အရင်ကကုသခဲတဲ့ကုသမှုကအခုအကျိုးသက်ရောက်မှုရှိချင်မှရှိပါတော့မယ်။ သင့်အတွက် ဆေးပမာဏနဲ့ကုသမှုတွေကပြောင်းလဲသွားပြီး ဆေးနည်းအသစ်လိုချင်လိုလာပါမယ်။ ရက်ချိန်းပြည့်လို့ဆေးခန်းသွားတဲ့အခါ သွေးတိုးနဲ့ဆက်စပ်နေတဲ့နှလုံးမျက်လုံး ကျောက်ကပ်နဲ့ သွေးကြော တွေကိုပါစစ်ဆေးသင့်ပါတယ်။ ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြခြင်းကသင့်ဆရာဝန်ကိုသင်ဆေးတွေကြောင့်ဆိုးကျိုးရှိမရှိသိစေပြီးလိုအပ်ရင် ဆေးနည်းပြောင်းပေးပါလိမ့်မယ်။ ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြ၍ နောက်ဆက်တွဲ ဂရုစိုက်မှုခံယူခြင်းကကိုလက်စထရောမြင့်တက်လာခြင်းအဝလွန်ခြင်းစတာတွေကိုစောင့်ကြည့်ဖို့အခွင့်ကောင်းတစ်ခုပါ။


သွေးတိုးရောဂါ

သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာများနှင့် ကုသပုံနည်းလမ်းများ

သွေးတိုးရောဂါ ဆိုတာဘာလဲ။ သွေးတိုးရောဂါဟာ သွေးဖြတ်သန်းစီးဆင်းတဲ့ သွေးလွှတ်ကြောတွေဟာ ပုံမှန် ဖိအားထက်များနေတဲ့ သွေးပေါင်တက်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပေါင်ဟာ ရက်သတ္တပတ် အတော်များများ အမြဲတမ်း ၁၄၀၊ ၉၀ ကျော်နေမယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ သွေးလွှတ်ကြောနံရံကို ဆန့်ကျင်တဲ့ သွေးတွေရဲ့ အားဟာ ပုံမှန်ထက်ကျော်နေတယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေ မရှိပဲနဲ့ ရေရှည်မှာဆိုရင် သူဟာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးဟာ အတော်အဖြစ်များပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတွေဟာ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြတာလဲ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ မရှိပဲတောင်မှ သူဟာ သွေးလွှတ်ကြောတွေ သွေးကြောတွေကို ထိခိုက်နိုင်ပါတယ်။   သွေးပေါင်တက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ သွေးတိုးရှိတဲ့ လူအများစုဟာ သူတို့ အန္တရာယ်ရှိနေရင်တောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချို့သူတွေမှာသာ ခေါင်းကိုက်ခြင်း၊ […]


သွေးတိုးရောဂါ

အရက် နဲ့ ဆေးလိပ်က သွေးတိုးစေသလား

သွေးတိုးခြင်းကို အမြဲတမ်းတော့ မကာကွယ်နိုင်ပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ အရက်ကို အသင့်အတင့်သာ သောက်သုံးခြင်းဟာ သွေးပေါင် ကျဆင်းစေပါတယ်။ ခြုံငုံသုံးသပ်ချက် ဆေးလိပ်နဲ့ အရက်သောက်တဲ့သူတွေဟာ သူတို့ရဲ့ နှလုံးသွေးကြော ကျန်းမာရေးကို စိတ်ပူသင့်ပါတယ်။ ဒီအကျင့်နှစ်ခုလုံးဟာ သွေးတိုးခြင်း စေပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်က သွေးတိုးစေခြင်းကို လူသိများပါတယ်။ နှစ်ခုလုံးဟာ သွေးဖိအားနဲ့ နှလုံးသွေးကြောတွေပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် သင့်မှာ သွေးတိုးရှိနေရင် (သို့) သွေးတိုးရှိစေတဲ့ အချက်တွေ ရှိနေမယ်ဆိုရင် သင်ထိန်းချုပ်နိုင်တဲ့ အချက်တွေကို ထိန်းချုပ်သင့်ပါတယ်။   ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ဘာဖြစ်စေပါသလဲ။ ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ရုတ်တရက် တက်လာစေပြီးတော့ အပေါ်သွေးပေါင်ကို ၄ mmHG တက်စေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အာရုံကြောစနစ်ကို ဓါတုပစ္စည်းတွေ ထုတ်လွှတ်စေပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပြီး […]


သွေးတိုးရောဂါ

သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့) ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။ ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။ ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။ ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း