သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးကျချင်တာလား လမ်းများများလျှောက်လေ……….

သွေးတိုးတယ်ဆိုတိုင်း ဆေးသောက်ရတော့မှာပဲဆိုပြီး စိတ်ညစ်နေပြီလား။ သွေးတိုးရှိတယ်။ ဒါပေမယ့် ဆေးမသောက်ချင်ဘူးဆိုတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။ သွေးတိုးတယ်ဆိုတာ သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။ သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေ ရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ.......... သွေးတိုးလာပြီဆိုရင် သွေးတိုး လာတဲ့အခါ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်း […]


သွေးတိုးရောဂါ

သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု

သွေးတိုး ပြီ ဆိုရင်လေ သိပ်ပြီး အိပ်လို့ကောင်းတာနော်။ ခေါင်းထိုးမယ်၊ မူးပြီး အိပ်ပျော်သွားတယ်၊ မျက်နှာတွေ မို့အစ်နေမယ်။ ဒီလောက်နဲ့ ပြီးသွားပြီ ထင်ပါသလား။ သွေးတိုးပြင်းရင် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်၊ သွေးတိုး ဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပဲ သိထားတာ များတယ်။ သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု ဒါပေမယ့် ကြောက်စရာကောင်းတဲ့ တခြားထိခိုက်မှုတွေ၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်သေးတယ်ဆိုတာ သိထားစေချင်ပါတယ်နော်… (၁) သွေးကြော ထိခိုက်ပျက်စီးခြင်း သွေးကြော တွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ် နဲ့ နှလုံး ဆီကနေ ကိုယ်တွင်းအင်္ဂါတွေ နဲ့ တခြားတစ်ရှူးတွေ ဆီကို သွေးလည်ပတ်ရ လွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေ ပြည့်စုံနေသင့်ပါတယ်။ သွေးတိုး ကြောင့် […]


သွေးတိုးရောဂါ

သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။

သွေးတိုးရှိတယ်။ ဆေးတွေပဲ သောက်နေရတယ်။ ဆေးသောက်နေတာတောင် သွေးတိုးက ကောင်းကောင်းထိန်းလို့ မရချင်ဘူး။ တခြားနည်းလမ်းရော မရှိဘူးလားဆိုသူတွေအတွက် ဒီဆောင်းပါးက သင့်အတွက်ပါ။ ကဲ ... သွေးတိုးရှိတယ်။ ဆေးသောက်တာအပြင် ဘာလုပ်လို့ရသေးလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ သွေးတိုးရောဂါက နာတာရှည်ရောဂါ ဖြစ်တဲ့အတွက် တစ်သက်လုံး ဆေးသောက်ရမှာပါ။ ဒါပေမဲ့ ဆေးသောက်ရုံနဲ့တင် မပြီးသေးပါဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း ထိန်းရမှာပါ။ သွေးတိုးလည်းတိုး နောက်က ဆေးလိုက်သောက်လိုက်ရုံပဲလို့ တွေးလိုက်လို့ မဖြစ်ပါဘူး။ တိုးချင်သလောက်တိုး ဆေးသောက်မယ်ဆိုရင် နောက်ဆုံးမှာ ဆေးတောင် မကယ်နိုင်ဘဲ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးသွားမှာပါ။ ဒါကြောင့် ဆေးတွေသောက်နေတာတောင် သွေးတိုးက ကောင်းကောင်းမထိန်းနိုင်ဘူးလို့ ထင်ရင်  ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြန်ပြင်ကြည့်ပါဦး။ သွေးတိုးတယ်ဆိုတာ သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ […]


သွေးတိုးရောဂါ

အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ

အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ ခေါင်းတွေမူးလိုက်တာ အိပ်ရေးပျက်လို့ ထင်တယ်ဆိုပြီး ခပ်ပေါ့ပေါ့လေး မတွေးလိုက်ပါနဲ့။ တစ်ခါတစ်လေမှာ အိပ်ရေးပျက်တာ သက်သက်ကြောင့်ချည်းပဲ ခေါင်းကိုက်တာမဟုတ်ပါဘူး။ ကာလာကြာရှည် အိပ်ရေးပျက်မှုရဲ့ အကျိုးဆက်အနေနဲ့ သွေးတိုးတာကြောင့် ခေါင်းကိုက်တာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက အငန်စားမှ၊ အဆီအအိမ့်တွေစားမှ သွေးတိုးတာမဟုတ်ဘူးလား.... အိပ်ရေးပျက်ရင်ရော သွေးတိုးစေလို့လား..ဆိုတဲ့ အမေးပါ။ သွေးတိုးစေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ.......... သွေးတိုးစေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အငန်စား များတာ စိတ်ဖိစီးတာ သောက်သုံးနေရတဲ့ ဆေးဝါး စိုးရိမ်မှု များတာ အယ်လ်ကိုဟော သောက်သုံးတာ ဆေးလိပ် သောက်သုံးတာ အဝလွန် နေတာ ကိုယ်လက်လှုပ်ရှားမှု နည်းတာ အသက်အရွယ် ကြီးရင့်လာတာ မျိုးရိုးရှိတာ စတဲ့ အချက်တွေကြောင့် သွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။ အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ တစ်နေ့တာလုံးမှာ စိတ်ဖိစီးလို့ဆိုပြီး ညဘက်အိပ်တဲ့အခါ ကောင်းကောင်းမအိပ်တာ၊ […]


သွေးတိုးရောဂါ

သွေးတိုး နဲ့ ပတ်သတ်ပြီး သင်သိထားတဲ့ အလွဲများ

သွေးတိုး မှာကို လူတိုင်းကြောက်ပါတယ်။ သွေးတိုးက ပျောက်အောင် ကုမရဘူး။ ထိန်းထားလို့ပဲ ရမယ်လို့ ပြောတဲ့အခါမှာလည်း စိတ်ဓာတ်ကျသွား တတ်ပါတယ်။ သွေးတိုးနဲ့ ပတ်သတ်ပြီး ပျောက်ချင်ဇောနဲ့  အယူအဆများတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။ ဘာလို့ ဒီလိုလုပ်မိတာလဲဆိုတော့ သွေးတိုးအကြေောင်းကို ကောင်းကောင်း မသိလို့ပါပဲ။ သွေးတိုးနဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။ ဘာတွေ လွဲနေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ သွေးတိုး အလွဲ (၁)  " သွေးတိုးက မျိုးရိုး လိုက်တတ်တယ်။ အမေ့မှာလည်း သွေးတိုးရှိတော့ ငါ့မှာလည်း ဖြစ်မှာပဲ။ ဘယ်လိုမှ မတတ်နိုင်ပါဘူးလေ။ " သွေးတိုးက မျိုးရိုး လိုက်တတ်တယ်ဆိုတာ ဟုတ်ပါတယ်။ အမေမှာဖြစ်ရင် ကိုယ့်မှာ ဖြစ်နိုင်တယ် ဆိုတာလည်း ဟုတ်ပါတယ်။ မဟုတ်တာက မတတ်နိုင်ဘူးဆိုတာပါ။ မျိုးရိုးရှိပေမယ့်လည်း ကိုယ်က အနေအထိုင် […]


သွေးတိုးရောဂါ

သွေးတိုးရှိသူတိုင်း သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက ဘာတွေများလဲ……..

အသံတိတ် လူသတ်သမားရယ်လို့ တင်စားရလောက်အောင်အထိ ပြင်းထန်တဲ့ သွေးတိုးရောဂါက ကမ္ဘာပေါ်က လူတော်တေ်ာများများကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သွေးတိုးရောဂါဆိုတာ ရုတ်တရက် ကြည့်လိုက်ရင် အသက်အန္တရာယ်ကို ထိခိုက်လောက်အောင်အထိ မပြင်းထန်ဘူးလို့ ယူဆစရာရှိပေမယ့် တကယ်ကတော့ အခန့်မသင့်ရင် အသက်ကို ရန်ရှာနိုင်တဲ့ နာတာရှည်ရောဂါတစ်ခုပါ။ သွေးတိုးနဲ့ သူ့အပေါင်းအပါတစ်စု သွေးတိုးဆိုတာက ခန္ဓာကိုယ်အနှံ့အပြားကို သွေးတွေ စီးဆင်းရောက်ရှိစေဖို့ နှလုံးက ပုံမှန်ထက်ပိုအားစိုက်လို့ သွေးတွေကို ညှစ်ထုတ်ရတဲ့ အခြေအနေပါ။ ဒီလိုနဲ့ သွေးတိုးတာကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ လေဖြတ်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ အမြင်အာရုံ ထိခိုက်တာတွေ ခံစားရနိုင်ပါတယ်။ လူတော်တော်များများဟာ သူတို့ဘဝ သက်တမ်းတလျှောက်မှာ သွေးတိုးရောဂါကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားတတ်ကြရပါတယ်။ အဖြစ်များတဲ့ ရောဂါတစ်ခုလို့ ဆိုရမှာပေါ့။ ဒါပေမယ့် အခုဆိုရင် လူတော်တော်များများ သွေးတိုးရောဂါ ခံစားရမယ်ဆိုတာက […]


သွေးတိုးရောဂါ

သွေးတိုး ရောဂါရှိတာ သေချာပြီလား

မြန်မာနိုင်ငံမှာ လူတွေကို အန္တရာယ်အပေးဆုံးနဲ့ အသေအပျောက် အများဆုံး ရောဂါတွေထဲမှာ သွေးတိုး ရောဂါက နံပါတ် ၄ ချိတ် ပါတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပေမယ့် ကူးစက်ရောဂါရော မကူးစက်တဲ့ ရောဂါဒဏ် နှစ်မျိုးစလုံးကို ခံစားနေရတာပါ။ ဒါကို double burden လို့ ခေါ်ပါတယ်။ သွေးတိုးရောဂါက မကူးစက်တဲ့ ရောဂါထဲမှာ ပါပါတယ်။ အခု လူတွေက သွေးတိုးရောဂါနဲ့ ပတ်သတ်ပြီး အတော်အသင့်လည်း သိလာကြပါပြီ။ ဒါပေမယ့် ပြဿနာက သွေးပေါင်လေး တစ်ခါလောက် ချိန်ပြီး ကိုယ့်ကိုယ်ကို သွေးတိုးနေပြီလို့ ထင်တာပါပဲ။ ဒီပြဿနာကို ပြောပြပေးမှာပါ။ သွေးတိုးလို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ။ ကိုယ့်မှ သွေးတိုးရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ ဆိုတာ ဆက်ကြည့်ရအောင်။ သွေးတိုး […]


သွေးတိုးရောဂါ

သွေးတိုးအတွက် Detox Water တွေက ဘာတွေဖြစ်မလဲ.........

သွေးတိုးတယ်ဆိုတာက ပြောတော့သာ ဘာမှမဟုတ်တယ်နော်။ ခံစားရတာ မသက်သာသလို နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက တော်တော်လေး များပါတယ်။ ဒီတော့ အစားလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း သွေးတိုးတာကို သက်သာစေဖို့ Detox water လေး လုပ်သောက်ကြည့်ရအောင်လား......... သွေးတိုးခြင်း နဲ့ ရေဓာတ် သွေးတိုးတာကို ဖြစ်စေရခြင်း အကြောင်းအရင်းတွေထဲကတစ်ခုက ကာလရှည်ကြာ ရေဓာတ်နည်းပါးမှုကြောင့်ပါ။ ခန္ဓာကိုယ်က ဆဲလ်တွေက ရေဓာတ်နည်းသွားတဲ့အခါ ဦးနှောက်က pituitary gland တွေကို သွေးကြောတွေကို ကျုံ့သွားစေနိုင်တဲ့ vasopressin ဟော်မုန်းကို ထုတ်လွှတ်ဖို့ အချက်ပေးလိုက်ပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးတာကို ဖြစ်စေပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ရေဓာတ်ပြည့်ဝနေစေဖို့ပါပဲ။ ရေဓာတ်ပြည့်ဝမှုက နှလုံးရဲ့ စွမ်းဆောင်မှုကို ကောင်းစေနိုင်ပြီး သွေးပေါင်ချိန် ပုံမျန်ဖြစ်စေဖို့ […]


သွေးတိုးရောဂါ

သွေးတိုး တတ်ရင် ဒါတွေရှောင်...........

သွေးတိုး တတ်ရင် ဒါတွေရှောင်........... သွေးတိုး တာက သေလောက်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ထင်စရာရှိပေမယ့် မဆင်မခြင်နေမယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာ အသေအချာပါ။ သွေးတိုး ကြောင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ သွေးတိုး ကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မတက်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။ သွေးတိုး တယ်ဆိုတာ သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ မအီမသာဖြစ်တာ ခေါင်းတစ်ခြမ်းကိုက်တာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ ချွေးစေးတွေပြန်တာမျိုး ဖြစ်နိုင်ပါတယ်။ သွေးတိုး ရှိရင် ဘာတွေဂရုစိုက်ရမလဲ............ သွေးတိုး ရှိမယ်ဆိုရင် အစားအသောက်ဂရုစိုက်ရပါမယ် နေထိုင်မှုပုံစံ ဂရုစိုက်ရပါမယ် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိနေဖို့ လိုပါမယ် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုရယူရပါမယ်။ သွေးတိုး တတ်ရင် ဒါတွေရှောင်........... သွေးတိုးရှိနေတယ်ဆိုရင် သွေးပေါင်ချိန်တက်လာမှ မဟုတ်ဘဲ။ နေ့စဉ်တိုင်းမှာလည်း […]


သွေးတိုးရောဂါ

သွေးပေါင်ကျခြင်း

မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ သွေးပေါင်ကျခြင်း အကြောင်းပါ။ ဆေးရုံကို သွေးပေါင်ကျလူနာတွေ မကြာမဏ ရောက်ရှိလာတတ်ပါတယ်။ အရွယ်ရောက်ပြီးသား သာမန်လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ယေဘုယျအားဖြင့် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ပါ ။ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ထက် နည်းရင် သွေးပေါင်ကျတယ်လို့ ဆိုနိုင်ပါတယ် ။ ကျန်းမာနေတဲ့ လူတွေ့အဖို့ သွေးပေါင်ကျခြင်းက စိုးရိမ်စရာ မလိုပါဘူး ။ ဒါပေမဲ့ နဂိုရောဂါ အခံရှိတဲ့လူတွေနဲ့ အသက်ကြီးတဲ့ လူတွေမှာတော့ သွေးပေါင်ကျခြင်းကြောင့် နှလုံးနဲ့ ဦးနှောက်ကိုစီးတဲ့ သွေးတွေ နည်းသွားစေနိုင်ပါတယ်။။ အမြဲ သွေးပေါင်ကျနေတတ်ပြီး ဘာရောဂါလက္ခဏာမှ မပြတဲ့လူတွေအတွက်လည်း ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး ။ ဦးနှောက်ကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်