သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

အသံတိတ်လူသတ်ရောဂါတစ်မျိုးဖြစ်တဲ့ သွေးတိုးရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်တဲ့နည်းကတော့ သွေးပေါင်ချိန်မှန်မှန်တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်လည်း အလွယ်တကူသုံးစွဲနိုင်တဲ့  အိမ်သုံးသွေးပေါင်ချိန်တိုင်းစက်မျိုးစုံ ဈေးကွက်ထဲမှာရှိနေပါပြီ။ တီထွင်မှုအား ကောင်းလာတဲ့အတွက် အရင်လိုသွေးပေါင်ချိန် တစ်ခါတိုင်းဖို့အတွက် လက်ပတ်တွေ၊ လက်ညှစ်ပူဖောင်းတွေ၊ နားကြပ်တွေနဲ့ ရှုပ်ယှက်ခပ် နေစရာမလိုတော့ပါဘူး။ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ရှိနေပါပြီ။ နောက်ဆုံးပေါ်သွေးပေါင်ချိန်တိုင်းစက်တွေမှာ လက်ပတ်လေးပတ်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်းအဖြေထုတ်ပေးနိုင်တဲ့အထိ အဆင့်မြင့်လာပါပြီ။ တချို့စက်တွေက သွေးပေါင်ချိန် ရလဒ်ကို ကိုယ့်ဖုန်းထဲအထိ အလိုအလျောက်ပို့ပေးနိုင်တဲ့အပြင် အဖြေက စိုးရိမ်စရာရှိနေခဲ့ရင် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ဆရာဝန်ကိုပါ တိုက်ရိုက်အသိပေးတဲ့အထိ တိုးတက်လာပါပြီ။ ဒါပေမဲ့ တစ်ခုရှိတာက တိုင်းတာရရှိတဲ့ သွေးပေါင်ချိန်ရလဒ်တွေ မှန်ဖို့လည်း လိုပါသေးတယ်။ လက်မောင်းပတ် သွေးပေါင်ချိန်တိုင်းစက်တွေက အရင်တုန်းကသုံးခဲ့တဲ့ သွေးပေါင်ချိန်တိုင်းစက်နဲ့ အလုပ်လုပ်ပုံသိပ်မကွာတဲ့အတွက် နည်းမှန်လမ်းမှန် တိုင်းတာမယ်ဆို အတော်လေးတိကျတဲ့ အဖြေရရှိမှာပါ။ လက်မောင်းပတ်တိုင်းတာတဲ့စက်တွေကို အခုချိန်မှာ အတော်ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်နဲ့ လက်ချောင်းမှာ သွေးပေါင်ချိန်တိုင်းတာပေးတဲ့ […]


သွေးတိုးရောဂါ

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ် ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။ ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ကတော့ အရည်ဓာတ်ကို မျှတအောင်ထိန်းပေးခြင်း ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

သွေးတိုးရောဂါ ဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။ သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။ American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ “Life’s Simple 7” လို့ခေါ်ဆိုတဲ့ AHA ရဲ့ […]


သွေးတိုးရောဂါ

သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ

သင့်သွေးကြောတွေထဲမှာ လည်ပတ်နေတဲ့သွေးတွေမှာ ဖိအားရှိပါတယ်။ အဆိုပါ ဖိအားမြင့်တက်ရင် သွေးပေါင်ချိန် မြင့်တယ်၊ သွေးတိုးတယ် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေကို ဖြစ်စေတာမို့ ထိထိရောက်ရောက် ကုသသင့်ပါတယ်။ သွေးတိုးခြင်းဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ နေထိုင်စားသောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ လူတယောက်ဟာ အဆီဓာတ်၊ အငန်ဓာတ်နဲ့ အချိုစားသုံးမှုများပြားပြီး လှုပ်ရှားမှုနည်းရင် သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။ ဒီတစ်ခေါက်တော့ သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ က ဘာတွေများ ဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်နော်။ သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ ဒီနေရာမှာ သတိပြုရမှာကတော့ လူတယောက်ရဲ့ သွေးပေါင်ချိန်ကို မသိမသာ အပြောင်းအလဲ ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဆိုပါအကြောင်းခြင်းရာတွေနဲ့ တိုက်ဆိုင်ပြီး သွေးပေါင်ချိန် တိုင်းတာမိခဲ့ရင် ရလဒ်အမှန်နဲ့ လွဲချော်တတ်လို့ ဆေးဝါးကုသရာမှာလည်း အကျိုးသက်ရောက်မှု ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်ကို မသိမသာ […]


သွေးတိုးရောဂါ

အထိုင်အထ မှာ မူး မူး နေပြီလား

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ် postural hypotensionလို့ ခေါ်ပါတယ်။ ဆေးစကားနဲ့ ဆိုရင်တော့ Orthostatic hypotensionပေါ့။ အတူတူပါပဲ။ တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ လေများဖြတ်တာလား၊ ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာကြောင့် အထိုင်အထ မှာ မူးရတာလဲ။ မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက ခြေထောက်မှာ လာစုနေတဲ့အတွက် နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။ ဒါကြောင့် သွေးပေါင်ကျသွားပါတယ်။ ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး […]


သွေးတိုးရောဂါ

သင်က သွေးပေါင်ကျ တတ်သူလား။

ခုတလော နေလို့မကောင်းဘူး။ မူး မူးနေတယ်လို့ ပြောရင် တော်တော်များများက သွေးပေါင်များကျနေတာလားလို့ တွေးတတ်ကြပါတယ်။ ဒါလည်း ဟုတ်ပါတယ်။ သွေးပေါင်ကျ ရင် မူးတတ်တာကိုး။ နောက်တစ်မျိုးက သူ့မှာ သွေးပေါင်ကျတတ်တဲ့ ရောဂါရှိတယ်။ ဘာကြောင့်မှန်း မသိ သွေးပေါင်က ကျကျနေတယ်ဆိုတဲ့ သူလည်း ရှိတယ်။ ဒါတွေ အကုန်လုံးက ဘာကြောင့် ဖြစ်တာလဲ။ သင်က သွေးပေါင်ကျတတ်တဲ့သူဆိုရင် သွေးပေါင်ကျရတဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုမယ်နော်။ သွေးအားနည်းတာလား၊ သွေးပေါင်ကျ တာလား။ ဒီနှစ်ခုကို လူတွေ မကွဲကြလို့ ဒါကို အရင်စပြောပါမယ်။ သွေးအားနည်းတာကို ဆေးပညာလို anaemiaလို့ ခေါ်ပါတယ်။ သွေးနီဥ အားနည်းတဲ့ ရောဂါပါ။ အတိအကျပြောရင် ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်တစ်မျိုး ချို့တဲ့တာပါ။ သွေးပေါင်ကျတယ်ဆိုတာက သွေးဖိအား နည်းတာကို ပြောတာပါ။ ဆေးပညာလိုဆို hypotension […]


သွေးတိုးရောဂါ

တချို့သွေးတိုးရောဂါသည်တွေ ဘာလို့ အငန် မရှောင်တာလဲ

သွေးတိုးရောဂါသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို မွေးရာပါ သို့မဟုတ် မိဘမျိုးရိုးအရလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာသာမက ကလေးတွေမှာပါ ငယ်ငယ်လေးနဲ့ သွေးတိုးရောဂါ အဖြစ်များလာပါတယ်။ သွေးတိုးရောဂါဆိုတာနဲ့ လူတိုင်းက အငန်ကို အဓိက ရှောင်ရမယ်ဆိုတာ သိကြပါတယ်။ အငန်ဓာတ်ကို အပေးနိုင်ဆုံးကတော့ ဆားပေါ့။ ဆားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟင်းချက်တဲ့အခါ မပါမဖြစ် အများဆုံး ထည့်ချက်ကြပါတယ်။ ဆားမှာ ပါတဲ့ ဆိုဒီယမ်ဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုသလို လိုလည်း လိုအပ်ပါတယ်။ ပုံမှန် ကျန်းမာတဲ့ လူတစ်ယောက်ဟာ ဆားတွေ စားမိလိုက်တဲ့အခါ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် စားတဲ့ ဆားပမာဏက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ ကျောက်ကပ်က ဆီးအဖြစ်နဲ့ အကုန်မစွန့်ထုတ်နိုင်တော့ပါဘူး။ […]


သွေးတိုးရောဂါ

ဆားဘယ်လောက် စားသင့်သလဲ

ကိုယ်ခန္ဓာထဲက အရည်တွေ ဟန်ချက်ညီစေဖို့၊ ကြွက်သားနဲ့ အာရုံကြောလုပ်ငန်းတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ဆားကို စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဆားကို အလွန်အကျွံသုံးစွဲမိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ တကယ်တော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ ဆိုဒီယမ် (ဆား) ကို ဘယ်လောက်ထားရှိသင့်သလဲဆိုတာ ထိန်းညှိပေးပါတယ်။ ကိုယ်ခန္ဓာထဲ ဆားများလာရင် ရေငတ်ပြီး ရေများများသောက်ချင်စိတ် ဖြစ်လာရပါတယ်။ ကျောက်ကပ်ကလည်း စွန့်ထုတ်ဖို့ ပိုမိုအရှိန်မြှင့် လုပ်ဆောင်ပါတယ်။ ကိုယ်ခန္ဓာထဲ ဆိုဒီယမ်ဆား များလွန်းခြင်းဟာ ဆီးကျောက်တည်ခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးရာဂါတွေ ဖြစ်စေပါတယ်။ နည်းပါးရင်လည်း သွေးတွင်းဆိုဒီယမ်နည်းခြင်း (hyponatremia)၊ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ကြွက်သားများ အကြောဆွဲခြင်း၊ တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ သင်နေ့စဉ်စားသုံးနေတဲ့ အိမ်သုံးဆားဟာ ဆိုဒီယမ်ကလိုရိုဒ်ဖြစ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး ကျန်တာကတော့ ကလိုရင်း ဖြစ်ပါတယ်။ ဆိုဒီယမ် (ဆား) နည်းသွားရင် ဘာဖြစ်မလဲ ခန္ဒာကိုယ်ထဲမှာ […]


သွေးတိုးရောဂါ

သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ

သွေးတိုးခြင်း ဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သွေးတိုးခြင်း ကို သက်သာစေဖို့ လုပ်ဆောင်နိုင်တဲ့ နေထိုင်မှုပုံစံတွေ ရှိနေပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများက ဘာတွေလဲ ဆိုတာပါပဲ။ ၁။ ပုံမှန်လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးတိုးလျှော့ချနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် နှလုံးကို ပိုမိုသန်မာစေပြီး သွေးများကို ညှစ်ထုတ်ပေးရာမှာ ပိုမိုထိရောက်စေပါတယ်။ သုတေသနတွေအရ လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းမျိုးကို တပတ်မှာ ၁၅၀ မိနစ်၊ ပြေးုခြင်းကဲ့သို့ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ် ၇၅ မိနစ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဟာ သွေးပေါင်ချိန်ကို […]


သွေးတိုးရောဂါ

စိတ်လှုပ်ရှားရင် သွေးတိုးဆောင့်တက်သလား

မြန်မာကား များများကြည့်တဲ့သူတွေဆို သိကြမယ့် ဇာတ်ကွက်တစ်ခုရှိပါတယ်။ သားသမီးတွေ မလိမ္မာတဲ့အခါ မိခင်ဖြစ်သူက သွေးတိုးဝေဒနာခံစားရပြီး အိပ်ယာထဲ ဘုံးဘုံးလဲတဲ့ ဇာတ်ကွက်မျိုးပေါ့။ ဒီလိုမြင်ကွင်းမျိုးကို လူတိုင်းနီးပါး ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ပေါတောတောနိုင်တယ်လို့ ထင်ရလောက်ပါတယ်။ မကြာခန မြင်ပါများလာတာကြောင့်ရော၊ နဂိုမူလအခံ ဇာတ်လမ်းဇာတ်ကွက်က အားနည်းတာကြောင့်ရောပေါ့။ ဒါပေမယ့် အထင်မသေးပါနဲ့၊ စိတ်ခံစားချက်ဟာ သွေးတိုးဝေဒနာကို အဆုံးအစွန်ကို ရောက်သွားအောင် တွန်းပို့နိုင်တယ်ဆိုတာက အမှန်တကယ်ပဲ? မြန်မာကားတွေထဲက ထိုးဇာတ် သက်သက်ပဲလား? သွေးတိုးတယ်ဆိုတာ ဘာလဲ ပြဿနာကို အဖြေမရှာခင်မှာ သွေးတိုးက ဘယ်လိုရောဂါမျိုးလဲဆိုတာကို အရင်နားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးတိုးဝေဒနာဟာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေ ရဲ့ ၃၇% လောက်ဟာ အဆိုပါဝေဒနာ စွဲကပ်နေကြပါတယ်။ ရုတ်ရက်ဆိုရင်တော့ သွေးတိုးဟာ သာမန်ရောဂါတစ်ခုလို့ ထင်မှတ်မှားစရာရှိပါတယ်။ ဒါပေမယ့် သတိထားသင့်တာက ဒီဝေဒနာကြောင့် တစ်နှစ်ကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်