လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့ စိတ်ချရမှုအတိုင်းအတာနဲ့ စနစ်တကျအသုံးပြုပုံတွေကို ပြောပြပေးချင်ပါတယ်။
ထွက်မှာ သေချာပြီလား။
လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့ စိတ်ချရမှုအတိုင်းအတာနဲ့ စနစ်တကျအသုံးပြုပုံတွေကို ပြောပြပေးချင်ပါတယ်။
အသံတိတ်လူသတ်ရောဂါတစ်မျိုးဖြစ်တဲ့ သွေးတိုးရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်တဲ့နည်းကတော့ သွေးပေါင်ချိန်မှန်မှန်တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်လည်း အလွယ်တကူသုံးစွဲနိုင်တဲ့ အိမ်သုံးသွေးပေါင်ချိန်တိုင်းစက်မျိုးစုံ ဈေးကွက်ထဲမှာရှိနေပါပြီ။ တီထွင်မှုအားကောင်းလာတဲ့အတွက် အရင်လိုသွေးပေါင်ချိန်တစ်ခါတိုင်းဖို့အတွက် လက်ပတ်တွေ၊ လက်ညှစ်ပူဖောင်းတွေ၊ နားကြပ်တွေနဲ့ ရှုပ်ယှက်ခပ် နေစရာမလိုတော့ပါဘူး။
နောက်ဆုံးပေါ်သွေးပေါင်ချိန်တိုင်းစက်တွေမှာ လက်ပတ်လေးပတ်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်းအဖြေထုတ်ပေးနိုင်တဲ့အထိ အဆင့်မြင့်လာပါပြီ။ တချို့စက်တွေက သွေးပေါင်ချိန်ရလဒ်ကို ကိုယ့်ဖုန်းထဲအထိ အလိုအလျောက်ပို့ပေးနိုင်တဲ့အပြင် အဖြေက စိုးရိမ်စရာရှိနေခဲ့ရင် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ဆရာဝန်ကိုပါ တိုက်ရိုက်အသိပေးတဲ့အထိ တိုးတက်လာပါပြီ။
ဒါပေမဲ့ တစ်ခုရှိတာက တိုင်းတာရရှိတဲ့ သွေးပေါင်ချိန်ရလဒ်တွေ မှန်ဖို့လည်း လိုပါသေးတယ်။ လက်မောင်းပတ် သွေးပေါင်ချိန်တိုင်းစက်တွေက အရင်တုန်းကသုံးခဲ့တဲ့ သွေးပေါင်ချိန်တိုင်းစက်နဲ့ အလုပ်လုပ်ပုံသိပ်မကွာတဲ့အတွက် နည်းမှန်လမ်းမှန် တိုင်းတာမယ်ဆို အတော်လေးတိကျတဲ့အဖြေရရှိမှာပါ။
လက်မောင်းပတ်တိုင်းတာတဲ့စက်တွေကို အခုချိန်မှာ အတော်ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်နဲ့ လက်ချောင်းမှာ သွေးပေါင်ချိန်တိုင်းတာပေးတဲ့ စက်တွေကိုလည်း အသုံးပြုလာတာတွေ့လာရပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့တိကျမှုနဲ့ အသုံးပြုမယ်ဆို သတိထားသင့်တဲ့ အချက်တွေကို ပြောပြပါ့မယ်။
ဒါဆို လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေကို လုံးဝမသုံးရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ လက်မောင်းပတ်သွေးပေါင်ချိန်တိုင်းစက်တွေလောက် တိကျမှုမရှိပေမယ့် ဒီစက်တွေနဲ့မှ အဆင်ပြေတဲ့သူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် အရမ်းဝပြီး လက်မောင်းအရမ်းတုတ်တဲ့သူတွေဆို လက်မောင်းပတ်သွေးပေါင်ချိန် စက်အသုံးပြုလို့ မရနိုင်ပါဘူး။ လက်ပတ်ပတ်လို့ရရင်တောင် လေသွင်းလိုက်ချိန်မှာ လက်မောင်းကို အတင်းဆွဲညှစ်သလိုဖြစ်သွားနိုင်တဲ့အတွက် သွေးပေါင်ချိန်တိုင်းဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုလူတွေဆို လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်စက်က အဆင်ပြေစေမှာပါ။
နောက်ပြီး ရင်သွားကင်ဆာခွဲစိတ်မှုခံယူထားတဲ့သူတွေမှာ ရင်သားနဲ့ လက်မောင်းထဲက ပြန်ရည်ကြောအကျိတ် တွေ တစ်ခါတစ်ရံ ရောင်ရမ်းတတ်ပါတယ်။ ပြန်ရည်ကြောအကျိတ်တွေဆီ သွေးစီးဆင်းမှုအားကောင်းသွားလေ အကျိတ်တွေ ရောင်ရမ်းလာနိုင်လေပါပဲ။ သွေးပေါင်ချိန်တိုင်းချိန်မှာ တိုင်းတဲ့နေရာအပေါ် စက္ကန့် ပိုင်းလောက် ဖိအားများများပေးဖို့လိုတဲ့အတွက် ပြန်ရည်ကြောအကျိတ်တွေဆီ သွေးစီးဆင်းမှု များသွားတတ်ပါတယ်။ ဒါကြောင့်မို့ ရင်သားကင်ဆာခွဲစိတ်မှုခံယူထားတဲ့အခြမ်းမှာ လက်မောင်းပတ်သွေးပေါင်ချိန်စက်ကို တတ်နိုင်သလောက် အသုံးမပြုသင့်ပါဘူး။ ဒီအစား လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်စက်နဲ့ တိုင်းတာနိုင်ပါတယ် (ဒါမှမဟုတ်) ရိုးရိုးလက်ညှစ်သွေးပေါင်ချိန်တိုင်းနည်းနဲ့လည်း တိုင်းနိုင်ပါတယ်။
အတိုချုံးပြောရမယ်ဆို အိမ်တွင်းသုံးသွေးပေါင်ချိန်တိုင်းစက်တွေမှာ အားသာချက်တွေရှိတဲ့အတွက် အသုံးပြုသင့်ပါတယ်။ ဆေးရုံဆေးခန်းရောက်မှသွေးပေါင်ချိန်တိုင်းတာခြင်းက လူနာကို ကြောက်လန့်စိတ်အနည်းနဲ့အများ ဖြစ်စေတဲ့အတွက် ရလာတဲ့အဖြေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ အိမ်မှာတိုင်းတာဖို့ စက်ဝယ်ယူမယ်ဆို အပေါ်မှာပြောခဲ့တဲ့သူတချို့ကလွဲရင် တိုင်းတာနည်းလည်းမှန်ကန်သလို အဖြေလည်းပိုတိကျတဲ့ လက်မောင်းပတ်သွေးပေါင်ချိန်တိုင်းစက်ကို အသုံးပြုဖို့ပိုအားပေးပါတယ်။
Dr. Htoo Tint
သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။
အမျိုးသား
အမျိုးသမီး
မည်သူ့အတွက် စစ်ဆေးမည်နည်း။
နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။