backup og meta

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

    ပိုတက်ဆီယမ် ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။

    ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။

    ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

    ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ကတော့

  • အရည်ဓာတ်ကို မျှတအောင်ထိန်းပေးခြင်း
  • ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ သွေး၊ ခါးရိုးဆစ်တွင်းအရည် စတာတွေအနေနဲ့ တွေ့ရှိရပြီး ECF လို့ အတိုကောက်ခေါ်ပါတယ်။

    အဆိုပါအရည်များရဲ့ ပမာဏဟာ သူတို့မှာပါဝင်တဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်စတဲ့ ဓာတ်ဆားတွအပေါ် မူတည်ပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ဟာ ICF အရည်များကို ထိန်းညှိရာမှာ အရေးပါပါတယ်။

    ICF အရည်များနဲ့ ECF အရည်များဟာ ဟန်ချက်မညီရင် ဆဲလ်တွေအတွက် ပြဿနာရှိပါတယ်။ ဥပမာ ဆဲလ်ထဲကရေတွေ အပြင်ကိုထွက်သွားရင် ဆဲလ်ဟာ သေးကျုံ့သွားပြီး ဆဲလ်ထဲကို ရေတွေဝင်လာရင်တော့ ဆဲလ်များဟာ ဖောင်းတင်းလာပြီး ပေါက်ကွဲပျက်စီးသွားနိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ဒီပြဿနာတွေမဖြစ်အောင် အရည်များကို ဟန်ချက်ထိန်းညှိပေးပါတယ်။

    အရည်များဟန်ချက်မညီတဲ့ ပြဿနာတခုကတော့ ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်း ဆိုးရွားရင် နှလုံးနဲ့ ကျောက်ကပ်တွေကို ထိခိုက်နိုင်ပါတယ်။

    • အာရုံကြောစနစ်အတွက် အလုပ်လုပ်ခြင်း

    အာရုံကြောစနစ်ဟာ သင့်ဦးနှောက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကြားကို ဆက်သွယ်ပေးပါတယ်။ ဦးနှောက်ရဲ့ ညွှန်ကြားချက်တွေကို အာရုံကြောများက အချက်ပြစနစ်များအနေနဲ့ လက်ဆင့်ကမ်းသယ်ဆောင်သွားပြီး ကြွက်သားများဆီ ပို့ဆောင်ကာ လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

    နှလုံးခုန်ခြင်း၊ လမ်းလျှောက်ခြင်း၊ တခုခုကို တုံ့ပြန်ခြင်း စတာတွေအားလုံး အကျုံးဝင်ပါတယ်။ အဆိုပါ အာရုံကြောအချက်ပြမှုတွေကို လက်ဆင့်ကမ်းရာမှာ ပိုတက်ဆီယမ်ဟာ လျှပ်စစ်ဓာတ်ပါတဲ့ အိုင်းယွန်းများအနေနဲ့ ဆက်သွယ်ပေးပါတယ်။ သွေးထဲမှာ ပိုတက်ဆီယမ်နည်းပါးမယ်ဆိုရင်တော့ အာရုံကြောအချက်ပြနှုန်းတွေ လျော့ကျသွားနိုင်ပါတယ်။

    ကိုယ်ခန္ဓာမှာ ဆိုဒီယမ်တက်လာရင် သွေးပေါင်ချိန်ကို တက်စေပါတယ်။ သွေးတိုးရောဂါအခံရှိသူတွေမှာ ပိုဆိုးတတ်ပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ရှားပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သုတေသနတခုမှာဖော်ပြချက်အရ ပိုတက်ဆီယမ်ကို ပုံမှန်စားသုံးပေးသူတွေဟာ ပိုတက်ဆီယမ်ကောင်းကောင်းမရသူတွေထက် ပျမ်းမျှအားဖြင့် အပေါ်သွေးပေါင်ချိန် ၆ ယူနစ်၊ အောက်သွေးပေါင်ချိန် ၄ ယူနစ်ခန့် လျော့နည်းတယ်လို့ သိရပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    အရိုးများရဲ့ ကျန်းမာရေးအတွက် အဓိကကျတာက ကယ်လ်ဆီယမ်ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဆုံးရှုံးမှုများရင် အရိုးများနဲ့ သွားများကို ချည့်နဲ့စေပါတယ်။ သုတေသနတွေအရ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများဟာ ဆီးမှတဆင့် ကယ်လ်ဆီယမ်များ ဆုံးရှုံးခြင်းကို လျှော့ချပေးနိုင်တာကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြား အမျိုးသမီးများကို လေ့လာတဲ့ သုတေသနတခုမှာလည်း ပိုတက်ဆီယမ်ပုံမှန်ရရှိသူတွေမှာ အရိုးသိပ်သည်းဆ ပိုများတာကို တွေ့ရှိရပါတယ်။

    ကျောက်တည်ခြင်းကို ဖြစ်စေတဲ့အဓိကပစ္စည်းကတော့ ကယ်လ်ဆီယမ်ဖြစ်ပါတယ်။ ဆီးသွားနည်းလာရင် ကာ်လ်ဆီယမ်များလည်း အနည်ထိုင်များလာပြီး ကျောက်များဖြစ်လာစေပါတယ်။ ပိုတက်ဆီယမ်ဆိထရိတ်ဟာ ဆီးထဲမှာ ကယ်လ်ဆီယမ်ဓာတ်ကို လျော့ကျစေပါတယ်။ ဒီနည်းနဲ့ ဆီးကျောက်တည်နိုင်ခြေကို လျှော့ချပေးပါတယ်။

    ပိုတက်ဆီယမ်ကို ဘယ်ကရနိုင်သလဲ

    ပိုတက်ဆီယမ်ကို ပြုပြင်မှုနည်းပါးတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါးအမျိုးမျိုးကနေ ရနိုင်ပါတယ်။ အထူးသဖြင့် သကြားမုန်လာ၊ ဘိုကိတ်ပဲ၊ အာလူး၊ ကန်စွမ်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ငှက်ပျောသီး၊ ဆယ်လ်မွန်ငါး စတာတွေမှာ ပိုတက်ဆီယမ်ကြွယ်ဝပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement