ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ် postural hypotensionလို့ ခေါ်ပါတယ်။ ဆေးစကားနဲ့ ဆိုရင်တော့ orthostatic hypotensionပေါ့။ အတူတူပါပဲ။ တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ လေများဖြတ်တာလား၊ ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ ပြောပြပေးပါ့မယ်။