ညအိပ်ချိန် ဟာ လူတစ်ယောက် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ လူက ကောင်းကောင်းအိပ်မှပဲ နောက်နေ့နိုးလာရင် အားအင်ပြည့်ဖြိုး လန်းဆန်းတက်ကြွနေမှာပေါ့။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ဆိုတာ အိပ်ချိန်ပြည့်ဝနေမှ ဖြစ်မှာပါ။