backup og meta

မနက်စောစောထပါလို့ ပြောရတဲ့ အကြောင်းအရင်း


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်စောစောထပါလို့ ပြောရတဲ့ အကြောင်းအရင်း

    မနက်ဆိုအစောကြီးမထချင်တဲ့ အိပ်ပုပ်လေးတွေရှိရင် လက်တို့ပြီး ဒီဆောင်းပါးလေးတူတူဖတ်ကြည့်နော်……. မနက်စောစောထရတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်တဲ့အချက်တစ်ခုမို့ဖြစ်နိုင်ရင် အိပ်ရာစောစောထတာကကောင်းတဲ့ အလေ့အထတစ်ခုလို့ပြောချင်ပါတယ်။

    မနက်စောစောထတာကောင်းလား

    မနက်ခင်းစောစောလေးထ၊ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာစားလိုက်ရတဲ့ခံစားချက်က စိတ်ရော ကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ လုပ်စရာတွေကိုစောစောစီးစီနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ မနက်ခင်းရဲ့ သန့်စင်တဲ့လေနုအေးတွေက ခန္ဓာကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပေးနေတာပါ။ ဒီလောက်ဆိုရင်တော့ မနက်ခင်းစောစောထတာကကောင်းတယ်လိုပပြောချင်နေတယ်ဆိုတာ သိလောက်ရောပေါ့……..

    မနက်စောစောထရင် ရရှိမယ့်အကျိုးကျေးဇူးတွေက

    မနက်စောစောလေးထလိုက်ရင် ဘာမှမထူးသွားလောက်ပါဘူး၊လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထူးခြားသွားမှာတွေက အများကြီးပါ။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ်

    ညဘက်တော်တော်နဲ့ မအိပ်တတ်ကြသူတွေက ကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။ အိပ်ရာဝင်ချိန်နောက်ကျလေလေ ကယ်လ်လိုရီများတာတွေ ပိုစားမိလေလေပါ။ ဒီလိုမျိုး အသင့်စား၊ အလွယ်စားအစာတွေကို အိပ်ရာဝင်နောက်ကျတိုင်း စားနေမှတော့ ကိုယ်အလေးချိန်တက်လာမယ်၊ဆိုတာပြောနေစရာတောင် မလိုအောင်ပေါ့။ ဒီလိုကနေတဆင့် ကိုယ်အလေးချိန်များလာမယ်၊ အဆီတွေပိုစုမိပြီးရောဂါတွေပါဝင်လာနိုင်ပါသေးတယ်။

    ဆီးချိုရောဂါ ကင်းစေနိုင်တယ်

    ညဘက်ကိုစောစောအိပ်ရာဝင်ပြီး မနက်ခင်းစောစောထသူတွေက အိပ်ရေးပျက်မှုကင်းတာကြောင့် ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုင်ဆိုင်ကြပြီး ဆီးချိုဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်။

    နှလုံးရောဂါဖြစ်နိုင်နည်းတယ်

    စောစောအိပ်တာက ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားမိနိုင်ခြေကို ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်သူတွေက ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိမှုနဲ့အတူ အဆီများပြီး အငန်ကဲတဲ့ အသင့်စားအစာအစာတွေကို စားမိနိုင်ခြေနည်းတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းစေနိုင်ပါတယ်။

    အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

    ညကိုစောစောအိပ်ပြီး မနက်စောစောထသူတွေက အစာခြေစနစ်ပြဿနာကင်းကြသလို ဆီး၊ ဝမ်းလည်းမှန်ပါတယ်။ မနက်တိုင်းဝမ်းမှန်မှန်သွားလို့ အစာခြေစနစ်ပြဿနာကင်းဖို့ဆိုရင် ညဘက်ကိုစောစောအိပ်ဖို့လိုမယ်နော်။

    အကောင်းမြင်စိတ်များတယ်

    လူတစ်ယောက် ကျန်းမာနေဖို့က အကောင်းမြင်စိတ်ရှိဖို့လည်း လိုပါမယ်။ မနက်ခင်းစောစောထတတသူတွေက အကောင်းမြင်စိတ်ပိုများတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို ရုပ်ပိုင်းဆိုင်ရာလည်းကျန်းမာကြပါတယ်။လေ့လာမှုတွေအရ မနက်ခင်းအိပ်ရာစောစောထတတ်သူတွေက စိတ်ကျေနပ်မှုအမြဲလိုလို ပြည့်နေပြီးပျော်ရွှင်နေတတ်သူတွေလည်းဖြစ်တယ်၊လို့ သိရပါတယ်။

    အထိုင်မများဘူး

    မနက်စောစောထတတ်သူတွေက တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေတတ်ပြီး လှုပ်လှုပ်ရှားရှားနေတတ်ကြပါတယ်။ ဒါကြောင့်ပဲ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကင်းပြီးကျန်းမာနေစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။

    စိတ်ဓာတ်ကျနိုင်ခြေနည်းတယ်

    မနက်စောစောထလေ့ရှိသူတွေက စိတ်ဓာတ်ကျနိုင်ခြေနည်းကြပါတယ်။ မနက်ခင်းမှာ နေရောင်နုနုလေးနဲ့ ထိတွေ့တာ၊ကျေးငှက်လေးတွေရဲ့ အသံလေးတွေကို နားထောင်ရတာက စိတ်ကြည်လင်စေပြီး အကောင်းမြင်စိတ်များစေနိုင်ပါတယ်။ အကောင်းမြင်စိတ်များတဲ့သူတွေက စိတ်ကျေနပ်မှုအမြင့်မားဆုံးရရှိသူတွေဖြစ်ကြပြီး စိတ်ဓာတ်ကျမှုနဲ့ ခပ်ကင်းကင်းနေနိုင်ကြပါတယ်။

    အသားအရေကျန်းမာစေနိုင်တယ်

    မနက်စောစောထတဲ့သူတွေရဲ့ အသားအရေကအောက်ဆီဂျင်ကိုပြည့်ပြည့်ဝဝရရှိသလိုသွေးလည်ပတ်မှုကောင်းတာကြောင့် ကြည်ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်စေမှာပါ။ မနက်ခင်းစောစောမှာ အသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက သင့်ကို တစ်နေ့တာလုံးကြည့်ကောင်းနေစေဖို့ထောက်ပံ့ပေးနိုင်မှာပါ။

    မနက်ခင်းမှာ မနက် ၅ နာရီ ခွဲကနေ ၆ နာရီအတွင်း အိပ်ရာနိုးထမှုက ကိုယ်ရောစိတ်ပါကျန်းမာလို့နေ့စဉ်ဘဝမှာအောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်နိုင်သူဖြစ်စေမှာပါ။ ဒီတော့ ညဘက်ကို ညဉ့်နက်မခံဘဲစောစောအိပ်လို့ မနက်ခင်းကိုလည်းစောစောထဖို့ပြောပါရစေ………………..

    ာဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement