၃။ အိပ်ပျော်စေမယ့် ကြွက်သားအတင်းအလျှော့လုပ်နည်း
အပေါ်မှာ ပြထားတဲ့နည်းလမ်း (၂) ခုနဲ့ အဆင်မပြေဘူးဆိုမှသာ ခုပြောမယ့်နည်းလမ်းကို လေ့ကျင့်သင့်ပါတယ်။
- မျက်ခုံးကြောကို အပေါ်ပင့်ထားပါ၊ ပြီးတာနဲ့ ချက်ချင်း တင်းထားတဲ့မျက်ခုံးကြောကို လျှော့ချလိုက်ပါ၊ ပြီးရင် ခဏနားပါ
- နောက်တစ်ဆင့်အနေနဲ့ သွားမစေ့ဘဲ နှုတ်ခမ်းကိုကွေးပြီး အားရပါးရ ပြုံးလိုက်ပါ၊ ပြီးသွားရင် ပုံမှန်အတိုင်းပြန်နေလိုက်ပါ
- မျက်လုံးကို မှိတ်ထားပြီး ဘေးဘက်တွေကို စောင်းကြည့်ပါ၊ ခဏကြာရင် ရပ်လိုက်ပါ
- ပက်လက်အိပ်နေတဲ့ ဦးခေါင်းကို ခေါင်းအုံးထဲဝင်အောင် ဖြည်းဖြည်းချင်းဖိချပါ၊ ပြီးရင် ပုံမှန်အတိုင်းပဲ ခေါင်းကို ပြန်ထားပါ
- အဓိကအနေနဲ့ မျက်နှာမှာရှိနေတဲ့ ကြွက်သားတွေကို အတင်းအလျှော့ပြုလုပ်ပေးတာဖြစ်ပြီး ကျန်တဲ့ ရင်ဘတ်၊ လက်၊ ပေါင်နဲ့ ခြေထောက်ကြွက်သားတွေကိုလည်း အတင်းအလျှော့လုပ်ပေးလို့ရပါတယ်။
လူတစ်ယောက်အိပ်ချင်တဲ့ စိတ်ကိုဖြစ်ပေါ်စေဖို့ စိတ်ကလည်း ငြိမ်းချမ်းနေဖို့ လိုသလို ကိုယ်ခန္ဓာက ကြွက်သားအရိုးအဆစ်တွေဟာလည်း တင်းမနေသင့်ပါဘူး။ ဒီနည်းလမ်းတွေက ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားအတင်းအလျှော့ကို အဓိကပြောင်းလဲပေးတာဖြစ်ပြီး အချိန်နည်းနည်းပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ အိပ်ခန်းတစ်ခုလုံးကို အသံလုံအောင်ထားပြီး မီးအရောင်မှိန်မှိန်လေး ဖွင့်ထားပေးတာ၊ ရေစီးကျသံ၊ ငှက်တေးကျူသံ၊ တယောသံ အစရှိတဲ့ စိတ်အေးချမ်းစေတဲ့ တီးလုံးတွေကို ဖွင့်ထားပေးလို့လည်း အဆင်ပြေပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။