backup og meta

နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်


Ye Zon Aung မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်

    အိပ်ရာကနေထလိုက်ပြီး ရုံး၊ ကျောင်းကိုသွားနေချိန်အထိ လူက အိပ်ချင်မူးတူး၊ အဝတ်အစားက ဖရိုဖရဲနဲ့ ပြေးပြေးလွှားလွှားသွားနေရတာတွေ များနေပြီလား။

    ဒီမနက်တော့ စောစောထပြီး ပြင်ဆင်မယ်ကွာဆိုပြီး ကြိမ်းဝါးနေပေမယ့် မနက်တိုင်းမှ မနက်စာကို တစ်ဝက်တစ်ပျက်နဲ့ အလျင်စလိုစားသောက်ပြီး ပြေးလွှားသွားနေရတာချည်းပဲ ကြုံနေရပြီလား။

    သူများတွေလို မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွစွာနဲ့ ကြွကြွရွရွ လှလှပပလေး လုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေဆီသွားဖို့ ကိုယ်က ဘာလို့ ခက်ခဲနေတာပါလိမ့်။

    လန်းဆန်းတဲ့ မနက်ခင်းလေးဖြစ်စေဖို့

    တကယ်တမ်း လိုအပ်တာက အလေ့အကျင့်ပါပဲ။ မှန်ကန်တဲ့ အလေ့အကျင့်လေးရှိမယ်ဆိုရင် သင်လည်း မနက်စောစောမှာ လန်းဆန်းတက်ကြွစွာနဲ့ နေ့သစ်ကို စတင်နိုင်မှာပါ။ ဒီလိုမနက်ခင်းလေးတွေကို ပိုင်ဆိုင်စေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို နေ့စဉ် လိုက်နာပေးဖို့ လိုပါလိမ့်မယ်။

    • ခြေလှမ်းသေးသေးကနေစ – မနက်တိုင်း အိပ်ရာကနေ အချိန်မှန်မှန်ထနိုင်ဖို့ အရင်ဆုံးလုပ်ရမယ်။ ဒီ ခပ်သေးသေး ခြေလှမ်းလေးဟာ အချိန်ကြာလာတဲ့အခါ ဘယ်လောက်တောင် အကျိုးရှိတယ်ဆိုတာကို စောင့်ကြည့်ကြည့်ပါဦး။
    • နှိုးစက်ကို အိပ်ရာနဲ့ ဝေးဝေးမှာထား – အမှန်တရားကို လက်ခံနိုင်ဖို့တော့လိုတယ်။ လူတော်တော်များများက နှိုးစက်တော့ထားတယ်။ အသံမြည်လာရင် ပြန်ပိတ်ပြီး ပြန်အိပ်တတ်ကြတယ်။ အဲ့ဒီလိုပြန်အိပ်ရင် နောက်ထပ် ၁ နာရီ ၂ နာရီလောက်အထိ ကြာသွားတတ်တယ်နော်။
    • အလင်းရောင် ရပါစေ – အိပ်ခန်းဟာ မနက်လင်းချိန်မှာ လင်းချင်းနေတာမျိုးဖြစ်ဖို့ သင့်ပါတယ်။ သဘာဝအလင်းရောင်ကို အိပ်ရာနိုးထချိန်မှာ ခံစားရတာကလည်း သင့်ကို လန်းဆန်းတက်ကြွစေမှာဖြစ်ပါတယ်။
    • စိတ်လှုပ်ရှားစရာ တစ်ခုခုလုပ်လိုက်ပါ – ရုပ်ရှင်တွေထဲမှာ မြင်ဖူးမယ်ထင်ပါတယ်၊ မနက်ခင်းမှာ ကော်ဖီလေးသောက်၊ သတင်းစာလေးကောက်ကိုင်ပြီး ဉာဏ်စမ်းလေးဖြေတာမျိုး။ ဒါဘာကြောင့်လုပ်တယ်လို့ ထင်လဲ။ အဓိကက လူကနိုးနေပေမယ့် ဦးနှောက်က အပြည့်အဝမနိုးတာမျိုးဖြစ်နေနိုင်သေးတာမို့ နှိုးဆွပေးတာပါ။
    • ကော်ဖီသောက်ပါ – မနက်ခင်းစောစောပိုင်းမှာ သောက်တဲ့ ကော်ဖီပူပူတစ်ခွက်က သင့်ရဲ့ စိတ်ကို လန်းဆန်းတွက်ကြွစေပါလိမ့်မယ်။
    • လေ့ကျင့်ခန်းလုပ် – ဘယ်သူမှ မနက်ခင်းပိုင်း အိပ်ရာကထကာစမှာ လန်းလန်းဆန်းဆန်းရှိမနေနိုင်ပါဘူး။ ချွေးလေးနည်းနည်းစို့သွားအောင် လေ့ကျင့်ခန်းလေးလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
    • မနက်စာကို အာဟာရပြည့်ဝအောင် စားပါ – လူအတော်များများက မနက်စာကို ဖြစ်သလိုစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ မနက်စာကို အာဟာရပြည့်ဝစွာ မှီဝဲပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ကလေးဝမှ လူလည်း လန်းဆန်းနေမှာပါ။
    • အိပ်ရာဝင်ခါနီးမှာ မီးမှိတ်ပါ – အိပ်ခန်းထဲမှာ မီးဖွင့်ထားတတ်သူတွေ ရှိကြပါတယ်။ တကယ်တမ်းမှာတော့ အိပ်ချိန် မီးဖွင့်ထားတာဟာ ကောင်းမွန်တဲ့ အလေ့အထတော့ မဟုတ်ပါဘူ။ ဒီလိုလုပ်တာဟာ ခန္ဓာကိုယ်က အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ melatonin ဓာတ်ကို လျော့ကျစေနိုင်ပါတယ်။
    • အိပ်ရာဝင်ခါနီး အရက်သေစာရှောင်ပါ – အရက်က အိပ်ချင်စိတ်ကို အနှောင့်အယှက်ပေးပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး ၃ နာရီလောက်အတွင်းမှာ အစားစားတာရော အယ်လ်ကိုဟောမှီဝဲတာကိုရော ရှောင်ပါ။
    • အိပ်ရာဝင်ခါနီးမှာ ရေနွေးနဲ့ ရေချိုးပါ – ရေနွေးနွေးလေးနဲ့ ရေချိုးပေးပြီးမှ အိပ်ရာဝင်ရင် လူလည်း အိပ်ပျော်လွယ်သလို အိပ်ချိန်မှာရော မနက်ခင်းမှာပါ လန်းဆန်းစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement