ညဘက် အိပ်စက်တဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိပ်စက်မှုပုံစံကို ရွေးချယ်အိပ်စက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဟောက်တတ်တဲ့သူလား၊ နောက်ကျောနာကျင်တတ်တဲ့သူလား၊ ခါးနာတတ်တဲ့လူလား စသဖြင့် ကိုယ့်မှာရှိနေတဲ့ ဝေဒနာကို ကိုက်ညီသက်သာစေမယ့် ပုံစံမျိုးနဲ့ အိပ်စက်မယ်ဆိုရင် ပိုမိုပြီး သက်သောင့်သက်သာဖြစ်မှာဖြစ်ပါတယ်။