သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

    အိပ်ရေးဝဝ အိပ်ပျော်စေဖို့

    ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။

    အိပ်ရေးဝဝ အိပ်ပျော်စေဖို့ အလွယ်ဆုံးနည်းလမ်းများ

    ၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။

    စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို အထိုက်အလျောက် ပြေလည်သွားစေနိုင်မှာပါ။

    ၂။ လေ့ကျင့်ခန်းလုပ်ပါ။

    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ဆိုလို့လည်း အားကြီးနဲ့ ပြင်းပြင်းထန်ထန်တွေ မလုပ်နဲ့ဦးနော်။ ယောဂတို့၊ အေရိုးဗစ်တို့လို လေ့ကျင့်ခန်းမျိုးတွေဆို အဆင်ပြေပါတယ်။ အိပ်ခါနီးမှ လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။

    ၃။ Gadget တွေကို ဝေးဝေးမှာ ထားပါ။

    ဖုန်းနဲ့ တက်ဘလက်တွေက ထွက်တဲ့ အလင်းရောင်တွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မီးရောင်က ဦးနှောက်ကို “မအိပ်နဲ့ဦး။ ဒါက နိုးနေရမယ့် အချိန်” ဆိုပြီး သတိပေးနေတာကြောင့် အိပ်မယ်ဆိုရင် အလင်းရောင်ထွက်တဲ့အရာတွေကို ရှောင်ပါ။ မီးပိတ်အိပ်ပါ။ သရဲကြောက်တတ်လို့ မီးကို ဖွင့်မှကို ဖြစ်မယ်ဆိုရင်တော့ ညအိပ်မီး မှိန်မှိန်လေး ထွန်းအိပ်ပါ။

    ၄။ အိပ်ရာကို အိပ်ဖို့ပဲ သုံးပါ။

    ဟိတ်။ အဝေးကြီး လျှောက်မစဉ်းစားနဲ့။ အိပ်ရာပေါ်မှာ စားတာ၊ သောက်တာ၊ TV ကြည့်တာ၊ ဖုန်းကြည့်တာ၊ Laptop ကြီး ဖွင့်ထားတာ၊ အလုပ်လုပ်တာမျိုး မလုပ်ပါနဲ့။ ဦးနှောက်ကို အကျင့်လုပ်ပေးပါ။ ဒါတွေ လုပ်မယ့်အစား စာဖတ်တာ၊ တရားထိုင်တာ နဲ့ Soothing Music (စိတ်ငြိမ်စေမယ့် သီချင်းအေးအေးလေးတွေ) ဖွင့်ထားတာမျိုး လုပ်ပါ။

    အိပ်ခန်းကို သက်သောင့်သက်သာဖြစ်အောင်ထားတာ၊ မအိပ်ခင် နွားနို့ တစ်ခွက် သောက်တာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နှစ်ခြိုက်ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

    အိပ်စက်ခြင်းက လှပတဲ့ အရာတစ်ခုပါ။ အိပ်ရေးမဝရင် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ အပြင် အသားအရေကိုပါ ပျက်စီးစေတာကြောင့် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ အိပ်မပျော်ခြင်းကို ကုစားလိုက်ကြရအောင်။

    ရေးသားသူ- Wathun Myat Chel

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 30/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။