backup og meta

ညအိပ်မပျော်တာ ခံစားနေရတာလား!

ညအိပ်မပျော်တာ ခံစားနေရတာလား!

အရင်က အိပ်မပျော်တာကို လူကြီးတွေမှာ ခံစားရတာ များပေမယ့် အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေမှာပါ ခံစားလာရပါတယ်။ တစ်ခါတလေမှာ အချို့တွေက ကိုယ်တိုင်မှာ အိပ်မပျော်တာကို ခံစားနေရလားဆိုတာကိုတောင် မသိကြတာမျိုးလည်း ရှိပါတယ်။ ဒီတော့ ကိုယ်တိုင်ရော ညအိပ်မပျော်တာ ခံစားနေရတာလား! ဆိုတာကို သိနိုင်စေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။

ညဘက် အိပ်မပျော်ဘူးဆိုတာ ဘာများလဲ!

ညဘက် အိပ်မပျော်ဘူးဆိုတာက အိပ်သင့်တဲ့သလောက် မအိပ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ အိပ်ရေးဝဝ မအိပ်ရတဲ့ သဘောပေါ့။ ကောင်းကောင်း မအိပ်ရတာ၊ အိပ်ပျော်ဖို့ ခက်တာ၊ အိပ်ချင်စိတ် ရှိပေမယ့် အိပ်လို့ မရတာမျိုးတွေပေါ့။ အချို့သောသူတွေအတွက်ကတော့ အိပ်မပျော်တာက ကြီးမားတဲ့ နှောင့်ယှက်မှု တစ်ခုကြီးပါ။

ခန္ဓာကိုယ်အတွက် အိပ်စက်မှုက အရေးကြီးသလား!

ခန္ဓာကိုယ်က အိပ်စက်မှုကို လိုအပ်တဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။ အိပ်ရေးပျက်တာက စိတ်ကြည်လင်မှု နည်းစေသလို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး လူလတ်ပိုင်းတွေ အနေနဲ့ဆိုရင် ညဘက်တွေကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိဖို့ လိုသလို လူကြီးတွေ နဲ့ ကလေးငယ်တွေဆိုရင် ပိုပြီး လိုအပ်မှာပါ။

ညဘက်တွေမှာ အိပ်မပျော်တာ အိပ်ရေးပျက်တာ ရက်တွေ ရှည်ကြာလာတဲ့အခါ အခုလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

  • စိတ်ဓာတ်ကျတာ
  • စိုးရိမ်စိတ် လွန်ကဲတာ
  • သွေးတိုးတာ
  • ရုတ်တရက် နှလုံးရပ်တာ
  • လေဖြတ်တာ
  • အိပ်ဟောက် အသက်ရှူရပ် ရောဂါ ခံစားရတာ
  • အမျိုးအစား -၂ ဆီးချို
  • အဝလွန်တာ
  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာမျိုးတွေ ခံစားရစေနိုင်ပါတယ်။

ညအိပ်မပျော်တာ ခံစားနေရတာလား!

ညအိပ်မပျော်ဘူးဆိုတဲ့နေရာမှာ ရေတိုနဲ့ ရေရှည်ဆိုပြီး ခွဲလို့ရပါတယ်။ အကြမ်းအားဖြင့် အိပ်မပျော်တာ ၃လအောက်ဆို ရေတို၊ ၃လအထက်ဆို ရေရှည်ပါ။ ရေတို အိပ်မပျော်ခြင်းတွေကတော့ နေထိုင်မကောင်းဖြစ်တာ၊ ရုတ်တရက် စိတ်ဖိစီးစရာ ကိစ္စတွေနဲ့ ကြုံတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ၃လနဲ့အထက် အိပ်မပျော်တော့ဘူးဆိုရင်တော့ ရေရှည်/ နာတာရှည် အိပ်မပျော်တာ ဖြစ်သွားပါပြီ။

အိပ်မပျော်တာက ကာလရှည်ကြာလာတဲ့အခါ မနက်ပိုင်းမှာ အလုပ်ကောင်းကောင်း မလုပ်နိုင်တာတွေ ဖြစ်လာာသလို ကာယကံရှင်ကိုယ်တိုင်ကလည်း ညဘက်တွေ အိပ်မပျော်ရကောင်းလားဆိုပြီး စိတ်ညစ်လာပါတယ်။ အိပ်မပျော်တာက နာတာရှည်ဖြစ်လာပြီဆိုရင် လူတစ်ယောက်ရဲ့ အလုပ်နဲ့ လူမှုဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

ညအိပ်မပျော်တာ ခံစားနေရတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကတော့ –

  • ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်တာ
  • အိပ်ရာထဲမှာ အကြာကြီး အချိန်ဖြုန်းနေရတာ
  • ညဘက်တွေ ပြန်ပြန်နိုးနေပြီး ပြန်အိပ်ဖို့ ခက်တာ
  • မနက်ခင်းကို အစောကြီး နိုးနိုးနေတာ
  • ကောင်းကောင်းအိပ်ပျော်တယ်ရယ်လို့ မရှိတာ
  • တစ်နေ့တာမှာ ခြေကုန်လက်ပမ်းတွေ ကျနေတာ
  • အာရုံစူးစိုက်ဖို့ ခက်တာ
  • စိတ်တိုစိတ်ဖိစီး လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဘာတွေကများ ညဘက် အိပ်မပျော်တာကို ဖြစ်စေတာလဲ!

ညဘက် အိပ်မပျော်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းက ရေရေရာရာ တိတိကျကျတော့ မရှိပါဘူး။ လေ့လာမှုတွေအရ သိရတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်နေတာက ခဏခဏ နိုးနေတာ၊ မနက်ခင်းကို အစောကြီး နိုးနေတာ၊ မျက်စိကြောင်ပြီး အိပ်မရတာတွေက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေအပြင် အသက်အရွယ်ကြီးရင့်လာတာ၊ စီးပွားရေး အခြေအနေ မကောင်းတာ၊ ဆီးချိုလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာကို ခံစားနေရတာ၊ နာတာရှည် နာကျင်မှု ဝေဒနာကို ခံစားနေရတာ၊ စိတ်ဓာတ်ကျနေတာ၊ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ညဘက်အိပ်မပျော်တာကို ဘယ်လိုသက်သာအောင် လုပ်မလဲ

ညဘက် အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင်

  • နေ့ခင်းဘက် မအိပ်ပါနဲ့
  • ကဖင်း၊ အယ်လ်ကိုဟော၊ ဆေးရွက်ကြီး ရှောင်ပါ
  • အိပ်ချိန်နဲ့ နီးနီး အစားမစားပါနဲ့
  • Screen time လျှော့ပါ
  • အာဟာရ မျှတအောင် စားပါ
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
  • စိတ်ဖိစီးမှု လျှော့ချပါ

[/summary]

# အချိန်တိုအတွင်း အိပ်ပျော်စေဖို့

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Insomnia https://www.nhsinform.scot/illnesses-and-conditions/mental-health/insomnia Accessed Date 12 September 2023

Insomnia https://www.healthdirect.gov.au/insomnia Accessed Date 12 September 2023

Insomnia https://www.mayoclinic.org/diseases-conditions/insomnia/symptoms-causes/syc-20355167 Accessed Date 12 September 2023

Insomnia https://my.clevelandclinic.org/health/diseases/12119-insomnia Accessed Date 12 September 2023

Insomnia https://www.sleepfoundation.org/insomnia Accessed Date 12 September 2023

ယခုပုံစံ

01/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!

အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement