စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ

IQ လို့ သိကြတဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ EQ လို့ သိကြတဲ့ စိတ်ခံစားမှုစွမ်းရည် ထိန်းချုပ်နိုင်စွမ်းတွေနည်းတူ လူ့လောကမှာ အကောင်းဆုံး ရှင်သန်နိုင်ဖို့ အရေးပါတဲ့ စွမ်းရည် တစ်ခုရှိပါတယ်။ ဒါကတော့ လူသိနည်းနေနိုင်သေးတဲ့ AQ (Adversity Quotient) လို့ ခေါ်တဲ့ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပါ။ တိုတိုနဲ့ လိုရင်း ပြောပြရရင် လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း လို့ ဆိုရမှာပေါ့။ အခက်အခဲတွေ ပြဿနာတွေ ကြုံလာတိုင်း အပြုံးမပျက် နေတတ်တဲ့ ဖြေရှင်းကျော်လွှားနိုင်တဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ ဒီစွမ်းရည်က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ အကြောင်းလေး ပြောပြပေးမှာမို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒီဇင်ဘာက လွမ်းစေသလား

ကဲ ..... အားလုံးပဲ Sweet December ပါနော်။ ဒီဇင်ဘာလမှာ ပိတ်ရက်တွေ၊ ပွဲတော်တွေ များသလို တစ်နှစ်တာလုံး ပင်ပန်းသမျှကို ဖြေဖျောက်ဖို့ ခွင့်ရက်ရှည်တွေ ယူကြ ခရီးသွားကြတာတွေ လုပ်ကြတဲ့ ကာလပေါ့။ ရုပ်ရှင်တွေထဲမှာဆိုရင် ဒီဇင်ဘာလ ပွဲတော်ရက်တွေ ရောက်မှ မမျှော်လင့်ဘဲ အဆက်အသွယ် ပျက်နေတာကြာပြီဖြစ်တဲ့ ရည်းစားဟောင်းက ဆက်သွယ်လာတာ၊ အပြင်မှာ မထင်မှတ်ဘဲ ဆုံမိတာမျိုးတွေကို ကြည့်ဖူးမှာပေါ့။ စာဖတ်ပရိသတ်ကြီးရော ဒီလို ခံစားဖူးကြလား! ဒီဇင်ဘာလရောက်ပြီဆိုရင် အေးမြတဲ့ ရာသီဥတုနဲ့အတူ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ အဝေးရောက်နေသူတွေ ပြန်ရောက်လာတော့မယ်။ မိသားစုအချိန်လေး ဖန်တီးနိုင်တော့မယ်ဆိုပြီး ပျော်ရွှင်ကြသူတွေ ရှိသလို အဆက်အသွယ် ပျက်နေသူတွေနဲ့ ပြန်ဆုံရတော့မလား ...... ပြတ်စဲထားတဲ့ တစ်ယောက်သောသူနဲ့ပဲ ပြန်ဆုံစည်းတော့မလား ...... crush ဆီကပဲ ဆက်သွယ်မှုတွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသက် ၃၀ ကျော်သူတိုင်း မွေးမြူသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း အလေ့အထများ

ကလေး ဘဝတုန်းက ဖေဖေကြီးကို ချစ်တယ်၊ မေမေကြီးကို ချစ်တယ်၊ ဘိုးဘိုးကို ချစ်တယ်၊ ဘွားဘွားကို ချစ်တယ်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မသိခဲ့ဘူး။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်ရောက်တော့ မိသားစုအပြင် သူငယ်ချင်း မိတ်ဆွေတွေ ကိုယ့်ရဲ့ အနီးဝန်းကျင်က ဆွေမျိုးမောင်နှမတွေနဲ့ special one ကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပြန်တယ်။ ဒီလိုနေထိုင်လာတာ အသက်တွေ ဘယ်လောက် ရောက်ခဲ့ပြီလဲ။ လာမယ့်နှစ်မှာ အသက်က ၃၀ ပြည့်မယ်ဆိုရင် ဖြစ်ဖြစ် အခုလက်ရှိမှာ ၃၀ ပြည့်ပြီးပြီဆိုရင် ဖြစ်ဖြစ် တစ်ခုသတိပေးချင်တာက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတိုင်းကို အမြဲမညည်းမညူ လိုက်ပါလုပ်ဆောင်နေရရှာတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါဦးလို့လေ။ ဘဝကြီးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်သူတွေက အောင်မြင်ကြပါတယ် ဒီနေရာမှာ နည်းနည်းလောက် ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ပါဆိုတာက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ

စိတ်ဓာတ်ကျတယ်ဆိုတာက မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေပါ။ ဒီအခြေအနေက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ လူတိုင်းက စိတ်ဖိစီးတာကို ရှောင်လွဲဖို့ ခက်တယ်ဆိုပေမယ့် တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လက်ယပ်ခေါ်မိတတ်ပါတယ်။ ခုပြောမှာကတော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ ပါပဲ။ ကဲ ..... ဘယ်လို အကျင့်တွေက စိတ်ဖိစီးစေနိုင်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ ကို ကိုယ်တိုင်ရော လုပ်မိနေသလား ဆိုတာကို အတူတူ ဆန်းစစ် လိုက်ရအောင်နော်။ လှုပ်ရှားမှု မရှိတာ လှုပ်ရှားမှု မရှိတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့်လည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ ပြောကြတာပေါ့။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား ...... နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာ၊ moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ...... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။ အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့ပဲ ထောက်ကူပေးတာလား။ အခြားရော ဘယ်လိုများ ထောက်ကူပေးမလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကိုရော ထောက်ပံ့ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပြီး စိတ်ဓာတ်မကျစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ပျော်ရွှင်တက်ကြွစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာကြံ့ခိုင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့အတွက် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်းလုပ်ရင် စိတ်ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်မလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဓာတ်မကျစေဖို့ ကာကွယ်ပေးတယ် စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိတ်ခံစားမှု ကောင်းစေတယ် တက်ကြွလန်းဆန်းစေတယ် စိတ်ပျော်ရွှင်စေတယ် သိမြင်မှုစွမ်းရည် ကောင်းစေတယ် စိုးရိမ်မှု လျော့ကျစေတယ် စိတ်ကြည်လင်လန်းဆန်းစေတယ် စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသ ဖြစ်နေလား ...... ဒါတွေ စားပါ။

ဒေါသ မထွက်ဘူးသူရယ်လို့ ခပ်ရှားရှားပါ။ လူတိုင်း ပြင်းပြင်းထန်ထန် မဟုတ်တောင် တစ်လမှာ တစ်ကြိမ်လောက်တော့ ဒေါသ ဖြစ်စမြဲပါ။ ဒေါသက လူတိုင်းမှာ ဖြစ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းက ကွာခြားတာကြောင့် ဒေါသကို ထိန်းချုပ်နိုင်တဲ့ အနေအထားကတော့ ကွာခြားနိုင်ပါတယ်။ အချို့က တော်ရုံနဲ့ စိတ်မတို ဒေါသမထွက်ပေမယ့် အချို့ကတော့ သေးသေးဖွဲဖွဲ ကိစ္စတွေအပေါ်မှာတောင် စိတ်တိုတာ ဒေါသဖြစ်တာမျိုး ဖြစ်တတ်ကြပါတယ်။ နောက်တစ်ချက်က ဒေါသကို ဖော်ပြပုံခြင်းလည်း ကွာခြားတတ်ပါတယ်။ ဒေါသ အရမ်းထွက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဒေါသဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ရပ်ကြောင့် ကိုယ်တွင်းမှာ အဒရီနယ်လင်ဟော်မုန်းတွေ မြင့်တက်လာရာကနေ စဖြစ်တာပါ။ ဒီဟော်မုန်းပမာဏ လွန်ကဲတဲ့အခါ တင်းအားများပြီး ခေါင်းကိုက်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ စိတ်ဓာတ်ကျတာတွေကိုခံစားရနိုင်ပါတယ်။ ဒေါသ ဖြစ်နေလား ...... […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ

မနက်ခင်းမှာ ငှက်လေးတွေရဲ့ သီချင်းသံ ချိုချိုလေးတွေနဲ့ နိုးထလာပါသလား။ ဒါမှမဟုတ် ကိုယ်တိုင်က ငှက်ချစ်တတ်သူဖြစ်တာကြောင့် တစ်နေ့တာလုံးမှာ ငှက်လေးတွေရဲ့ သီချင်းသံလေးတွေကို အချိန်တိုင်းလိုလို ကြားနေရပြီလား....... ဒါဆိုရင်တော့ သင်က ကံကောင်းတဲ့သူပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ ငှက်လေးတွေရဲ့ သီချင်းသံ ကို နားထောင်တဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ........ စိတ်အပန်းပြေစေတယ်။ ငှက် အစစ်လေးတွေရဲ့ သီချင်းသံ ကိုနားထောင်မှရယ် မဟုတ်ပါဘူး။ ငှက်လေးတွေရဲ့ အသံကို ဖမ်းယူထားတဲ့ သီချင်းလေးတွေကို နားထောင်ရင်တောင်မှ စိတ်လက်အပန်းပြေစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ လုပ်ငန်းခွင် တာဝန်တွေ၊ အိမ်မှုကိစ္စ တာဝန်တွေနဲ့ စိတ်ဖိစီးနေတယ်ဆိုရင် ဖိစီးနေတဲ့စိတ်ကို ပြေလျော့စေဖို့ ငှက်လေးတွရဲ့ ကျာကျာကျည်ကျည် သီချင်းသံလေးတွေကို နားဆင်ဖို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စာဖတ်တာက ကောင်းကျိုးများသလား ...........

စိတ်တွေ အရမ်း ပင်ပန်းလာရင် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ များလာရင် ဖြစ်ဖြစ် စာဖတ် ပါလို့ ပြောတာကို ကြားဖူးကြမယ် ထင်ပါတယ်။ စိတ်အရမ်းညစ်နေချိန်မှာ တိတ်ဆိတ်တဲ့နေရာလေး တစ်ခုမှာ ထိုင်ပြီး စာဖတ်တာက စိတ်မွန်းကြပ်နေတာကို သက်သာစေတာတော့ အမှန်ပါ။ တကယ်ကတော့ စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ စာဖတ်တဲ့အခါ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ စာဖတ်ရင်း ရရှိလာတဲ့ အကျိုးကျေးဇူးတွေက ခဏတာ မဟုတ်ဘဲ ဘဝတလျှောက်လုံးစာပါ အထောက်အကူပြုပေးနိုင်တာပါ။ ငယ်စဉ်ကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးတာက ဘေဘီလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေရုံတင် မဟုတ်ဘဲ အသက်အရွယ်ရလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စာဖတ်တာက စိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တရားထိုင်ရင်း သီချင်း နားထောင်ပါ

တစ်နေ့တာမှာ ပုံသေ သတ်မှတ်ထားတဲ့ စံချိန်တွေထဲကနေ ရုန်းမထွက်ဘဲ နေထိုင်ရင်း စိတ်ညစ်ညူးနေပြီလား။ မနက် အိပ်ရာထ ပြီး သိပ်မကြာခင်မှာပဲ ပင်ပန်းလိုက်တာဆိုပြီး ခံစားမိနေပြီလား။ နေ့စဉ် လုပ်ဆောင်ရမယ့် တာဝန်တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း အားအင်တွေ ကုန်ခမ်းနေပြီလား..... ဒါဆိုရင် စိတ်အပန်းပြေစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ ပုံမှန် အခြေအနေကနေ အနည်းငယ် ကွဲထွက်နေတဲ့ အလေ့အထလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့အတွက် တရားထိုင်တဲ့အခါ သီချင်းနားထောင်ရင်း ထိုင်တာပါ။ တော်တော်များများကတော့ တရားထိုင်တဲ့အခါ အာရုံမရမှာစိုးလို့ဆိုပြီး တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တရားထိုင်ဖို့ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါ ဆိတ်ငြိမ်နေတဲ့ အခြေအနေမှာ တရားထိုင်တာထက် သီချင်းလေး နားထောင်ရင်း တရားထိုင်တာက အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေများလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း