အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

Delusion အမျိုးအစားများအကြောင်း

Delusion ဆိုတာကတော့ တစ်ခုခုကို မှားယွင်းပြီး ထင်ယောင်ထင်မှား ယုံကြည်နေတတ်တဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ရဲ့ ထင်ယောင်ထင်မှား ယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုကို အကျိုးသင့်အကြောင်းသင့်၊ နည်းလမ်းကျကျ ရှင်းပြလည်း လုံးဝလက်မခံဘဲ ဇွတ်ယုံကြည်နေတာမျိုးဖြစ်ပါတယ်။ Delusion အမျိုးအစားများအကြောင်း လေ့လာလိုက်ရအောင်နော်။ Delusional disorder, Schizophrenia (စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါ) ၊ bipolar disorder (စိတ်အတက်အကျ မမှန်သောရောဂါ)၊ depression (စိတ်ကျရောဂါ) စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အခြားသော ကျန်းမာရေးအခြေအနေတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်ရတဲ့ အချက်လေးတွေ၊ ယုံကြည်ရာတွေ ရှိပါတယ်။ အဲဒီယုံကြည်ချက်တိုင်းကို delusionလို့မခေါ်ပါဘူး။ ယုံကြည်ချက်တွေက fixed and False ဖြစ်နေပြီး အကျိုးကြောင်း၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ

မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း (Self Esteem) ဘဝအနာဂတ်မှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ပန်းတိုင်တွေ ဆွတ်ခူးနိုင်ဖို့ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားတတ်ရင် ဘယ်သူကမှ ကိုယ့်ကို လာပြီးတန်ဖိုးထားမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုး၊ အားသာချက်တွေကို ကိုယ်တိုင်မှ နားမလည်ထားရင် တခြားသူတွေက ကိုယ့်ကို နားလည်ပေးဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘဝမှာ ပျော်ရွှင်အေးချမ်းစွာနဲ့ သက်ဆုံးတိုင် နေထိုင်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကလေးဘဝမှာကတည်းက မိဘတွေအနေနဲ့ လေ့ကျင့်ပေးဖို့ အရမ်း အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့သူတွေရဲ့ မျက်နှာဟာ ကြည်လင်ရှင်းသန့်ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်ပါတယ်။ အများအမြင်မှာလည်း ဒီလိုမျိုး အေးချမ်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် ပေါင်းသင်းလိုစိတ်တွေ အမြဲရှိလာတတ်ပါတယ်။ ဒီအချက်ဟာ ဘဝမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ သင့်လျော်မယ့် အရာတွေ၊ ဘဝနေထိုင်မှုပုံစံနဲ့ အကောင်းဆုံးဖြစ်စေမယ့်၊ အကျိုးရှိစေနိုင်လောက်မယ့် အရာတွေကို အဓိက လုပ်သင့်ပါတယ်။ ရံဖန်ရံခါမှာတော့ ပုံမှန်လုပ်နေကျ ပုံစံခွက်ကနေ ရုန်းထွက်ပြီး ကိုယ့်စိတ်ကို အနားပေးဖို့ လိုပါတယ်။ ဒါကြောင့် အကြံပေးချင်တာကတော့ စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ ဆိုတာပါပဲ။ စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ ရုပ်ရှင်တွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်အာရုံကို လွှဲပြောင်းပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ ဘယ်လောက်ပဲ စိတ်ညစ်နေတဲ့ လူတစ်ယောက် ဖြစ်ပါစေ၊ ကိုယ် ကြိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်နေတဲ့ အချိန်လေးမှာ စိတ်ညစ်စရာတွေဆိုတာ အချိန်တစ်ခဏတာတော့ မေ့သွားတတ်ကြတာပါပဲ။ ဟာသရုပ်ရှင်တွေ ဆိုရင်လည်း ကြည့်ရတဲ့သူတိုင်း စိတ်ကို ပျော်ရွှင်စေတယ်။ ဟာသ သရုပ်ဖော်ပြကွက်တွေကို ကြည့်ရင်း လူဟာ ရယ်မောမိတဲ့အခါ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အလင်းရောင်နဲ့ မထိတွေ့ချင်ဖြစ်နေပြီလား

သွေးစုပ်ဖုတ်ကောင်ပုံပြင်တွေထဲမှာဆိုရင် ထရန်ဆယ်လ်ဗေးနီးယား တောင်တန်းပေါ်က မြို့စားကြီး ဒရာကူလာဟာ အလင်းရောင်ဒဏ်ကို မခံနိုင်တာကြောင့် ညဘက်မှ အပြင်ထွက်တယ်လို့ ဆိုလေ့ရှိတယ်။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာပေဝတ္ထုတွေမှာဆိုရင်လဲ Vampire သွေးစုပ်ဖုတ်ကောင်တွေဟာ နေ့အလင်းရောင်နဲ့ ထိတွေ့နိုင်ကြခြင်းမရှိကြပဲ အလင်းရောင်ကို ရှောင်ဖယ်နေတတ်ကြတယ်လို့ အဆိုရှိကြတယ်။ ဒီကနေ့ခေတ်မှာ သိပ္ပံပညာနဲ့ ဆေးပညာတွေဟာ တစ်ချိန်က လူတွေရဲ့ ယုံတမ်းစကားတွေ၊ အစွဲအလမ်းတွေနဲ့ အစွန်းရောက်ယုံကြည်မှုတွေကို သက်သေအထောက်အထားအမျိုးမျိုးနဲ့ တစ်ထပ်ခြင်း တစ်လွှာခြင်း ဆွဲခွာပြနေကြတာပါ။ ရှေးခေတ်ပုံပြင်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက Vampire ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အလင်းရောင်ကို ရှောင်ဖယ်ကြတာ၊ ညအချိန်မှ အပြင်ထွက်ကြတာဟာ တခြားအကြောင်းအရင်းကြောင့်မဟုတ်ပဲ Photophobia ကြောင့်များလားဆိုတဲ့ ယူဆချက်တွေ ဒီကနေ့ခေတ်မှာ ရှိလာနေပါတယ်။ အလင်းကို ရှောင်ဖယ်ခြင်း အလင်းဒဏ်မခံနိုင်တာ ဒါမှမဟုတ် အလင်းရောင်ကို ကြောက်ရွံ့တာမျိုးကို Photophobia လို့ ခေါ်ဆိုပါတယ်။ ရုတ်တရက်ဆိုရင် နေရောင်ကို ကြောက်ရွံ့တဲ့ Heliophobia […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကိုယ် ချစ်ပါ

ချစ်ခြင်းမေတ္တာက အမျိုးမျိုး ရှိပါတယ်။ ဒီလို ချစ်ခြင်းမေတ္တာတွေထဲမှာ လူတိုင်း မေ့နေတတ်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ အခြားသူတွေကို ချစ်တာကကောင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ကလည်း အရေးကြီးပါတယ်။  ကိုယ့်ကိုယ်ကိုယ် ချစ်တာက အကောင်းဆုံးသော အရာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းကြောင့် အရေးပါတဲ့ သူတစ်ယောက်ဖြစ်လာစေတယ် လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ဖြစ်ဖြစ်၊ မိဘတစ်ဦး အနေနဲ့ဖြစ်ဖြစ်၊ အိမ်ထောင်ဦးစီး တစ်ယောက်၊ ဇနီးမယားတစ်​ယောက် အနေနဲ့ ဖြစ်ဖြစ် ကိုယ်ကျရာနေရာမှာ တန်ဖိုးရှိပြီး အရေးပါတဲ့ လူတစ်ယောက် ဖြစ်စေဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် အခြားသူဆီကနေ ချစ်ခြင်းကို မရနိုင်သလို အရေးစိုက်မှု ကိုလည်း မရနိုင်ပါဘူး။ အရင်ဆုံး ကိုယ့်မှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တစ်ဖက်သားအပေါ် လုပ်မိတတ်တဲ့ နူးညံ့ညင်သာဆုံးသော အပြုအမူ ဆိုးများ

ကိုယ်က သိလျက်နဲ့ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ တစ်ဖက်သားကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေ လုပ်မိတတ်ပါတယ်။ ကိုယ်ကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ ဒါပေမယ့် တစ်ဖက်မှာ ဘယ်လိုထိခိုက်သွားစေနိုင်သလဲ ဆိုတာသိရင် ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ့်အနားကလူတွေကို ဒါတွေလုပ်မိတေ့ာမှာ မဟုတ်ပါဘူး။ ကောင်းကောင်းဆက်ဆံတာပဲလေ ဘာများလုပ်မိလို့လဲ တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ တိုင်းက အဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ် အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူတွေက ညင်သာပါတယ်။ စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည် ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုက ဆက်ဆံရေးကို အဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ သူ့ဘက်ကစပြီးဖြစ်တာ လို့ အမြဲတွေးမိတတ်တာ လူ့စိတ်သဘာဝပါပဲ။ အမှန်တော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိပ်အတောက်အဖြစ် သတ်မှတ်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ

လူမှုဆက်ဆံရေးမှာ Toxic လို့ ခေါ်တဲ့ အဆိပ်အတောက်လို ဆက်ဆံရေးတွေ အများအပြား တွေ့ရပါတယ်။ မိဘ နဲ့ သားသမီးကြား၊ ဆွေမျိုးကြား၊ ချစ်သူ နှစ်ဦးကြား၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ သူစိမ်းတွေနဲ့ အစရှိသဖြင့် ကြားထဲက ဆက်ဆံရေးကို ကြည့်လိုက်တဲ့အခါ အေးချမ်းခြင်း မရှိဘူး။ အချိန်ပြည့် ပူလောင် ဝမ်းနည်းနေရတယ်။ တစ်ယောက်ယောက်က အမြဲနာကျင်သလို ခံရခက်တဲ့ အနေအထားမှာ ရောက်နေတတ်တယ်။ နားလည်ပေးမှု၊ ကိုယ်ချင်းစာမှုတွေ မရှိဘူး။ အဲ့လိုမျိုး ကိုယ်နဲ့ ဆက်ဆံနေတဲ့ သူနဲ့ အဆိပ်အတောက်လို ဝေဒနာတွေ ခံစားနေရတယ်၊ ပေးနေတယ်လို့ ခံစားမိရင် သေချာ ပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ။ အဆိပ်အတောက် ဖြစ်စေတဲ့ အပြုအမူပေါင်းများစွာ ကိုယ်တိုင် သိလျက်နဲ့ ဖြစ်စေ၊ ကိုယ်တိုင် မသိဘဲ လုပ်မိတာတွေ ဖြစ်စေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ

လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆိုးမြင်စိတ်အစွဲဆိုတာကို ဥပမာပေးရရင် သင်ဟာ ညနေခင်းတခုမှာ အကောင်းစားဟိုတယ်တခုမှာ တည်းခိုဖို့ ဝင်ရောက်သွားပြီ ဆိုပါစို့။ သင် ဟိုတယ်ရေချိုးခန်းကို သုံးချိန်မှာ ရေချိုးကြွေခွက်ထဲမှာ ပင့်ကူခပ်ကြီးကြီးတကောင်ကိုလည်း တွေ့လိုက်ရမယ် ဆိုပါစို့။ နောင်တချိန်မှာ သင့်အနေနဲ့ ဟိုတယ်အကြောင်းကို ပြန်စဉ်းစားတဲ့အခါ ဇိမ်ခံပစ္စည်း အကောင်းစားတွေ၊ အသုံးအဆောင်တွေထက် သင်တွေ့ခဲ့ရတဲ့ ပင့်ကူကိုပဲ ပိုပြီး သတိရနေပါလိမ့်မယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုအရလည်း ပင့်ကူကို ပိုပြီးသတိရနေတတ်ကြောင်း သိရပါတယ်။ ဘာကြောင့် အဆိုးမြင်စိတ်အစွဲရှိကြသလဲ စိတ်ကုထုံးပညာရှင် ရစ်ဟန်ဆန်ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)

Cognitive behavioral therapy (CBT) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ကုသနည်း တစ်မျိုးပါ။ စိတ်ရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ စကားပြောဆိုပြီး ကုသရတာပါ။ CBTက သင့်မှာ ဖြစ်နေတဲ့ အဆိုးမြင်စိတ်တွေ၊ စိတ်ထဲမှာ မသေချာမှုတွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်တတ်အောင် ကုသပေးပါတယ်။ CBTက စိတ်ကျရောဂါ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ၊ တခြား စိတ်ရောဂါတွေမှာ သူတစ်ခုတည်းဖြစ်ဖြစ်၊ တခြားကုထုံးတွေနဲ့ ဖြစ်ဖြစ် ပေါင်းပြီး ကုသတဲ့နေရာမှာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ရောဂါရှိသူပဲ CBT ကုသမှု ခံယူလို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်ဖိစီးမှုတွေ များနေရင် ဒါတွေကို ခံနိုင်ရည်ရှိအောင် အကောင်းဆုံး ဖြေရှင်းနိုင်အောင် CBT […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ

လူအများစုဟာ နားပူမှာ ကြောက်ကြပါတယ်။ အလုပ်တွေ အများကြီးခိုင်းတာ ခံရတာထက်၊ ဘေးနားကနေ နားမခံသာအောင် လာပြီး ပြောဆိုနေမှာကို ပိုကြောက်တတ်ကြတယ်။ ဒီအခြေအနေမျိုးဟာ ပုံမှန်အားဖြင့်တော့ သဘာဝ အခြေအနေတစ်ရပ်ပါ။ ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီမှာတင် မရပ်သွားတတ်ပါဘူး။ ဆူဆူညံညံအသံတွေကြောင့် စိတ်တွေ ဖိစီးလာမယ်၊ စိတ်တွေ ပိုတိုတတ်လာမယ်၊ ပိုခံစားရလာမယ်ဆိုရင် တစ်စုံတစ်ခုတော့ လွဲချော်နေပြီဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို Misophonia လို့ခေါ်ပါတယ်။ နားပူတာမခံချင်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူတစ်ဖက်သားရဲ့ အသက်ရှူသံ၊ အစာဝါးသံ၊ မျိုချသံ၊ ကျယ်လောင်တဲ့ နှာချေသံ၊ မော်တော်ကားမောင်းသံ၊ ဗျစ်တောက်ဗျစ်တောက် စကားပြောဆိုသံ၊ ဆူပူကြိမ်းမောင်းသံစတဲ့ ပုံမှန်စိတ်အနှောင့်အယှက်ဖြစ်စရာ အသံဗလံတွေတိုင်းအပေါ် ပြင်းထန်စွာ ခံစားနေတတ်ပါတယ်။ ဒီလို အသံဗလံတွေကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေတတ်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနမှာ စိတ်လိုက်မာန်ပါ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း