အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

သင့်ကမ္ဘာလေးကို ဘယ်လိုအရောင်တွေနဲ့ လွှမ်းခြုံမလဲ

အရောင်တွေဟာ လူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အရာတွေပါ။ အရောင်အဆင်း တောက်ပမှု၊ ကြည်လင်မှုနဲ့ ဆွဲဆောင်မှုတွေက သင့်ရဲ့ စိတ်အပေါ် သက်ရောက်မှုရှိနေပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင် သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အရောင်တွေက သင့်ရဲ့ စိတ်ခံစားချက်နဲ့ ကျန်းမာရေးအပေါ်အထိသက်ရောက်နိုင်တာတွေ ရှိပါတယ်တဲ့။ ဘယ်လောက်တောင် ထူးခြားလိုက်သလဲ။ တကယ်တော့ အရောင်တွေဟာ သင်ထင်ထားတာထက်ပိုပြီး သင့်အပေါ်ကို သက်ရောက်နေတာပါ။ သင်မသိလိုက်ခင်မှာပဲ သင့်ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဥပမာပြောရရင် ရုတ်တရက် တစ်ခုခုကို စူးစမ်းရှာဖွေလိုစိတ် ဝင်လာတာမျိုး၊ ဒါမှမဟုတ် ဝိတ်ချချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဒီလိုစိတ်ခံစားချက်အပြောင်းအလဲတွေရဲ့ နောက်ကွယ်မှာ ပတ်ဝန်းကျင်က အရောင်တွေက ပတ်သက်မှုရှိနေတတ်ပါတယ်။ အရောင်တွေက သင့်ကို ဘယ်လိုသက်ရောက်နေသလဲ အရောင်တွေဟာ လူတွေရဲ့ မှတ်ဉာဏ်ပေါ်ကို အဓိက သက်ရောက်လေ့ရှိပါတယ်။ ဥပမာပြောရရင် တကယ်လို့များ သင့်ပတ်ဝန်းကျင်မှာ အနီရောင်တွေလွှမ်းခြုံနေမယ်ဆိုရင် မကောင်းတဲ့စကားတွေကို ပြန်သတိရနေတတ်ပါတယ်။ ဒါပေမယ့် အစိမ်းရောင်ကတော့ သင့်ကို ပျော်ရွှင်စေမယ့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

အလုပ်ခွင် ထဲမှာ၊ လူမှု ပတ်ဝန်းကျင်မှာ အမြဲလိုလို တက်ကြွ လန်းဆန်းနေသူတွေ ရှိတတ်ပါတယ်။ ဒီလို လူတွေကို မြင်တိုင်း အားကျနေမိလား။ ကိုယ်တိုင်ရော သူတို့လို တက်ကြွ လန်းဆန်းချင်စိတ် မရှိဘူးလား။ ဒီအဖြေကို 'အင်း' လို့ ဖြေမယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဖြစ်ချင်တဲ့ ဆန္ဒကို ပြည့်ဝစေဖို့ ဆောင်ကြဉ်းပေးနိုင်မှာပါ။ အမြဲ တက်ကြွလန်းဆန်းနေစေဖို့ လိုက်နာရမှာလေးတွေကိ ပြောပြပေးမယ်နော်။ အမြဲ တက်ကြွလန်းဆန်းနေစေဖို့ ဆေးဝါး အကူအညီ မယူဘဲ သဘာဝအတိုင်း အမြဲ တက်ကြွလန်းဆန်းနေစေဖို့ ဆိုရင် လှုပ်လှုပ်ရှားရှား နေပါ လှုပ်ရှားမှုက ခန္ဓာကိုယ်က သွေးစီးဆင်းမှုကို ကောင်းစေပြီး အင်အား ပြည့်ဝစေသလို လန်းဆန်း တက်ကြွစေဖို့ အားဖြည့်ပေး ပါတယ်။ သကြားလုံးတွေ၊ အချိုစာတွေ စားတာကလန်းဆန်းစေပေမယ့် မိနစ်ပိုင်းလောက်ပဲ ခံတာပါ။ ၁၀ မိနစ်လောက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနဲ့ စိတ်ကျန်းမာရေး

အိမ်မှာ တိရစ္ဆာန်လေးတွေ မွေးတဲ့သူတိုင်း မခံစားချင်ဆုံးနဲ့ အနာကျင်ရဆုံး ဝေဒနာကို ပြောပါဆိုရင် သူတို့အရမ်းချစ်ရတဲ့ တိရစ္ဆာန်လေးတွေ သေဆုံးတဲ့အချိန်တွေပါပဲ။ တချို့လူတွေဆိုရင် ကိုယ့်ဆွေမျိုးသားချင်း ဆုံးတာထက် ခွေး၊ ကြောင်လေးတွေ ဆုံးသွားတာ ပိုကြေကွဲဝမ်းနည်းရတယ်လို့တောင် ပြောလာကြပါတယ်။ တကယ်တော့ ခွေးလေး၊ ကြောင်လေးတွေဆိုတာ အိမ်တစ်အိမ်ရဲ့ မိသားစုဝင်ဖြစ်ရုံသာမက မိသားစုဝင် တစ်ဦးချင်းစီတိုင်းအတွက် အနီးကပ်မိတ်ဆွေ၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်၊ ပူလောင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို ဝေမျှပေးလို့ရတဲ့ သူတွေပါပဲ။ ကိုယ့်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုက ကိုယ့်ဘဝထဲကနေ အပြီးအပိုင် ထွက်သွားပြီဆိုတဲ့ အသိဟာ မိသားစုဝင်တိုင်းကို ရင်ကွဲနာကျစေလောက်တဲ့အထိ သက်ရောက်မှု ပြင်းထန်နိုင်ပါတယ်။ ဘယ်လိုအသက်အရွယ်တွေက အိမ်မွေးတိရစ္ဆာန် သေဆုံးခြင်းကို ပိုပြီး ခံစားရနေနိုင်လဲ။ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူကြီးပြင်းလာရတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်နဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မုဒိမ်းမှုတစ်ခုရဲ့ သားကောင်ကို နောက်ဆက်တွဲ ဂယက်တွေထဲက ဆွဲထုတ်တဲ့အခါ

မုဒိမ်းကျင့်ခံရတယ်လို့ ကြားသိရပြီးတဲ့နောက်မှာ လူတော်တော်များများဟာ ရဲတိုင်မယ်၊ အမှုဖွင့်မယ်၊ တရားရင်ဆိုင်မယ်ဆိုတာကိုပဲ အရင်ဆုံးတွေးမိပြီး ဒီ မုဒိမ်းမှုရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ မုဒိမ်းမှုက အခြေတည်ပြီး ပေါ်လာတဲ့ ကိုယ်ဝန်၊ ဒီ မုဒိမ်းမှုကြောင့် ကူးစက်ခံရနိုင်ခြေရှိတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါ စတာတွေကိုတော့ မေ့လျော့ ကျော်လွှားသွားတတ်ကြပါတယ်။ ဒါကြောင့် ဒီလို ဂယက်တွေ ဖြစ်မလာဖို့ ဘာတွေလုပ်သင့်လဲ၊ ဘာတွေ စီစဉ်ထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ရဲနဲ့ တာဝန်ရှိသူတွေဆီမှာ အမှုဖွင့်ပြီး ဆေးရုံ၊ဆေးခန်းမှာ ဆရာဝန်နဲ့ အရေးပေါ်ပြသပါ။ ၁။ ပေါက်ပြဲဒဏ်ရာ ရှိ၊မရှိ စစ်ဆေးကုသပါ။ ၂။ STDs လို့ခေါ်တဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ၊ HIV နဲ့ အသည်းရောင် အသားဝါ ဘီ စတာတွေကို ချက်ချင်း စစ်ဆေး ကုသပါ။ ၃။ ဒီဖြစ်ရပ်မတိုင်မီက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘာလဲဟဲ့ ဒီပရက်ရှင်(Depression)

ယခုနောက်ပိုင်း လူငယ်အချို့ ဒီပရက်ရှင်ဝင်သည် ဟုဆိုကာ အွန်လိုင်းပေါ်တွင် ပုံနှင့်စာတင်ခြင်းများ မကြာမကြာတွေ့လာရသည်။ တကယ်ပဲ ဒီပရက်ရှင် ဝင်ကုန်ကြပါသလား။ မိတ်ဆွေရော ဒီပရက်ရှင် ရောဂါ ရှိနေပါသလား။ ဆန်းစစ်ကြည့်ကြရအောင်။ ဘာလဲဟဲ့ ဒီပရက်ရှင်(Depression) ဒီပရက်ရှင် (Depression) သို့မဟုတ် စိတ်ကျရောဂါ ဆိုသည်မှာ အဖြစ်များသော စိတ်ခံစားမှုဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် ရောဂါဖြစ်သူ၏ စိတ်ခံစားမှု၊တွေးတောဆင်ခြင်မှု နှင့် နေ့စဉ်လုပ်ဆောင်မှုများအပေါ် မကောင်းသောသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာပေါ်တွင် စိတ်ကျရောဂါခံစားနေရသူပေါင်း ၂၆၄သန်းခန့် ရှိပါသည်။ အမျိူးသမီးများသည် အမျိုးသားများထက် စိတ်ကျရောဂါ ပို၍အဖြစ်များပါသည်။ စိတ်ကျရောဂါဆိုင်ရာလက္ခဏာများ ၁။ ဝမ်းနည်းနေခြင်း/စိတ်ဓာတ်ကျနေခြင်း။ ၂။ ယခင်က စိတ်ဝင်စား/ပျော်ရွှင်ခဲ့သော အလုပ်များတွင် စိတ်ဝင်စားမှု/ပျော်ရွှင်မှုမရှိတော့ခြင်း။ ၃။ အစာစားချင်စိတ် အပြောင်းလဲဖြစ်ခြင်း (များသောအားဖြင့် အစာစားချင်စိတ်မရှိခြင်း) နှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်း။ ၄။ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အမင်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ထူးထူးဆန်းဆန်း အိပ်မက်တွေ ရဲ့ နောက်ကွယ်က အကြောင်းရင်း

ကျွန်တော်တို့ တစ်ခါတလေ မနက်အိပ်ရာထလိုက်တဲ့အခါ ကိုယ်အိပ်နေစဉ် မက်တဲ့ အိပ်မက်တွေအကြောင်း ပြန်တွေးမိတတ်ပါတယ်။ ဒီအိပ်မက်တွေက ပျော်စရာ ကောင်းတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အနောက်ကနေ သရဲတစ္ဆေ သို့မဟုတ် ကိုယ်ကြောက်တဲ့ အကောင် တစ်ကောင်ကောင်က လိုက်လို့ ထွက်ပြေးရတာလည်း ဖြစ်နိုင်တယ်။ ဘာအဓိပ္ပာယ်မှန်း စဉ်းစားလို့မရလောက်အောင် ထူးထူးဆန်းဆန်း အိပ်မက်တွေ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဥပမာ - ကိုယ်မသွားဖူးတဲ့ နေရာတစ်နေရာရာကို ရောက်သွားတာ၊ ဘဝမှာ မတွေ့ဖူးတဲ့ သူတချို့နဲ့ တွေ့ပြီး ထူးဆန်းတဲ့ စကားတွေ ပြောနေတာ၊ အိပ်မက်ထဲမှာ ဇောက်ထိုးမိုးမျှော် လမ်းလျှောက်နေတာ၊ ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့တဲ့ သဘာဝလွန် လောကထဲ ရောက်သွားတာမျိုးပေါ့။ ဒီလိုမျိုး အကြောင်းရင်း တိတိကျကျ ဖော်ပြလို့ မရတဲ့ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေဆိုတာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အရပ် ပုတာ အားနည်းချက် လား

ဂျပု တဲ့။ လောရှည် တဲ့။ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင်၊ အချိုးအစား တို့ကို ပြစ်တင်ဝေဖန်လေ့ရှိတဲ့ သူတွေရဲ့ Body Shaming အလေ့အထ ကို ဒီအခေါ်အဝေါ်တွေမှာ မြင်နိုင်ပါတယ်။ တချို့က ချစ်စနိုးနဲ့ စနောက် ခေါ်ဝေါ်ကြတာ ရှိပေမယ့် အများစုကတော့ ဦးတည်ချက် အဓိပ္ပာယ် နည်းနည်းပါနေတတ်ပါတယ်။ ဥပမာ အတည်အခန့် နေရတဲ့ ပတ်ဝန်းကျင်ရောက်မှ လူကြားထဲ လှမ်းခေါ်တာမျိုး။ အရပ် အနိမ့်၊ အမြင့်က အားနည်းချက်လား မဟုတ်ပါဘူး။ အရပ် ပုတော့ ပေမမီ ဒေါက်မမီ ၊ အရပ် မြင့်ပြန်တော့ ဓာတ်တိုင်ကြီး၊ ထန်းပင်ကြီးလိုပဲ ဆိုတဲ့ စကားတွေက လူ့ဘဝဖြစ်တည်မှုမှာ ဘာများ အရေးပါနေပါသလဲ။ အရပ်ရှည်ခြင်း၊ ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၇) မျိုး

ဒီပရက်ရှင် ဝင်နေပြီ၊ စိတ်ကျ နေပြီဆိုရင် ဘာမှမလုပ်ချင်၊ မတွေးချင်တော့ဘူး။ ဘာကိုမှ စိတ်မပါတော့သလို အစားအသောက် ကိုလည်း ဖြစ်သလို စားတတ်ကြပါတယ်။ ဒီလိုအချိန်မှာ အစာစားချိန် မမှန်တာ၊ အစားအသောက် ရွေးချယ်မှု မှားယွင်းတာတွေကြောင့် စိတ်ကျန်းမာရေး ကို ပိုဆိုးစေနိုင်တာကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အစားအသောက်က ခန္ဓာကိုယ် အတွက်တင် မကဘဲ စိတ်ကျန်းမာရေး အတွက်ပါ သက်ရောက်မှု မသေးဘူး ဆိုတာ သိခဲ့ရတာပါ။ စိတ်ကျ လက္ခဏာ ရှိနေသူတွေဟာ ဒီအစားအစာတွေ စားရင် ပိုဆိုးလာနိုင်ပါတယ် - (၁) အချိုများတဲ့ အစားအသောက် စိတ်ဖိစီး၊ စိတ်ညစ်နေတဲ့အချိန်မှာ အချိုတောင့်တတတ်တယ်လို့ ပြောကြတယ်။ အချိုစားပေးရင် စိတ်ကျဝေဒနာ သက်သာသွားမယ်လို့ ယူဆကြတာကိုး။ အမှန်တော့ အဲဒီအစားအသောက်တွေမှာ ပါတဲ့ သန့်စင်ပြီးသား သကြားတွေက စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ အချိုစားခြင်းက ခဏတာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား

အကြောင်းအရာတိုင်း၊ အဖြစ်အပျက်တိုင်း၊ အခြေအနေတိုင်းကို အလွန်အကျွံတွေ ခံစားမိနေတာ၊ အလွန်အမင်းတွေကို Highly Sensitive ဖြစ်တယ်လို့ ခေါ်ပါတယ်။ သံသယလွန်ကဲတာပေါ့။ သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား ။ သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား သံသယလွန်ကဲတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံအပိုင်းမှာ ပြဿနာရှိနေတာဖြစ်ပြီး ဒီလို စိတ်ခံစားချက်မျိုးက Introvert တွေမှာရော Extrovert တွေမှာပါ ရှိနေနိုင်ပါတယ်။ သံသယလွန်ကဲတာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်ပြိး ပိုမိုဆိုးရွားတဲ့ အနေအထားတစ်ခုမှာ စိတ်ဖိစီးတာ၊ သောကများတာနဲ့ စိတ်ဓာတ်ကျတာလို စိတ်ဝေဒနာတွေ အလွယ်တကူဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။ ကိုယ်ဟာ သံသယလွန်ကဲလွန်းသူဖြစ်နေပြီလားဆိုတာကို အပြုအမူတွေကို ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံတွေ၊ တွေးမြင်ပုံတွေဟာ သံသယလွန်ကဲသူဖြစ်နေခြင်းရှိမရှိကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ

ဘဝဆိုတာက အရာရာအဆင်မပြေသလို ပြည့်စုံနေဖို့လည်း မလွယ်ကူပါဘူး။ အမှားတွေ လုပ်မိနိုင်သလို မျှော်လင့်ထားသလို မဖြစ်လာတာတွေလည်း ကြုံရနိုင်ပါတယ်။ လူဆိုတာက အမှားမကင်းဘူးဆိုသလိုပေါ့။ ဒီလို အမှားတွေ ဖြစ်တဲ့အခါ အချို့က ကိုယ့်တာဝန် ကိုယ်ယူ​ကြပေမယ့် အချို့က သူများကို အပြစ်တင်တတ်ကြပါတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာလည်း မြင်ဖူးကြမှာပါ။ အရာရာကို ပြစ်တင်​ပြောဆိုနေတတ်သူတွေလေ။ လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ ။ အပြစ်လုပ်လို့ ပြောခံရတာက စိတ်အနှောင့် အယှက် မဖြစ်ပေမယ့် ကိုယ့်အပြစ်မဟုတ်ဘဲ သူမှားနေတာကို ကိုယ့်အပြစ်လို ပြောတာကတော့ အဆင်မပြေတာ အမှန်ပါ။ အပြစ်တင်တာက ဘာတွေဖြစ်လာမလဲ........... ပြစ်တင်ပြောဆိုတာက ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ အမှားတွေ့တိုင်း သူတစ်ပါးကိုပဲ အပြစ်တင်မယ်ဆိုရင် ရေရှည်မှာ ဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ အမှားကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အ​ကြောင်းအရာ အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် အမှားတွေ၊ လွဲချော်မှုတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)