လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မယ်။ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ရဲရင့်မယ် ဆိုရင် သေချာတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်ဆိုတာပါ။ အရာရာကို ယုံကြည်မှုရှိရှိ လုပ်နေသူတိုင်းကို ကြည့်လိုက် သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြတာ တွေ့ရပါလိမ့်မယ်။
အရာရာ အဆင်ပြေလာလိမ့်မယ်
ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ အရာရာက လွယ်ကူ အဆင်ပြေ လာပါလိမ့်မယ်။ အလုပ်လုပ်တာကစလို့ နေ့စဉ် ဘဝ ဖြတ်သန်းမှုတိုင်း မှာရောပေါ့။ ဘာက အဓိကကျတယ်၊ ဘာက နောက်မှလုပ်လို့ရတယ်။ ဘယ်အရာကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူး ဆိုတာကို သေချာ မြင်လာပါလိမ့်မယ်။
နေ့ရက်တိုင်းကို အဆင်ပြေပြေ ဖြတ်သန်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။
ကြံ့ကြံ့ခံနိုင်စွမ်း တိုးလာမယ်
စိတ်ဓာတ် ခဏခဏကျတာ စိတ်ဖိစီးပြီး စိတ်အလိုမကျမှု များတာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေတာကြောင့်ပါ။ အရာရာကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေဖို့က အခြားသူတွေဆီကနေ ချီးကျူးသံတွေ ကြားရဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲ လိုတာပါ။ ကိုယ်တိုင် ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးက ကိုယ်ကိုယ်တိုင်ဆိုတာ မမေ့ပါနဲ့။
ပိုပြီး ပျော်ရွှင်လာမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တာက ပျော်ရွှင်စွာ ဘဝနေထိုင်နည်းတွေထဲက တစ်ခုပါ။ ပျော်ရွှင်နေတဲ့သူတိုင်းက သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြပါဘူး။ အတွင်းစိတ်မှာ ကြည်လင်ပျော်ရွှင်နေမှုက သင့်ဆီကို ကောင်းမွန် စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ရောက်လာစေဖို့ ဖိတ်ခေါ်ပေး နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။