ကျွန်တော်တို့ တစ်ခါတလေ မနက်အိပ်ရာထလိုက်တဲ့အခါ ကိုယ်အိပ်နေစဉ် မက်တဲ့ အိပ်မက်တွေအကြောင်း ပြန်တွေးမိတတ်ပါတယ်။ ဒီအိပ်မက်တွေက ပျော်စရာ ကောင်းတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အနောက်ကနေ သရဲတစ္ဆေ သို့မဟုတ် ကိုယ်ကြောက်တဲ့ အကောင် တစ်ကောင်ကောင်က လိုက်လို့ ထွက်ပြေးရတာလည်း ဖြစ်နိုင်တယ်။ ဘာအဓိပ္ပာယ်မှန်း စဉ်းစားလို့မရလောက်အောင် ထူးဆန်းတဲ့ အိပ်မက်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။